Property Expo
×

သံုးႏွစ္အ႐ြယ္ သမီးအပါအဝင္၊ မယားပါသမီးကိုပါ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့သူ အမ်ိဳးသားတစ္ဦးကို တရား႐ံုးက ေထာင္ဒဏ္ခ်လိုက္ေပမယ့္ သံုးႏွစ္အတြင္းျပန္လြတ္လာဖြယ္ ရွိတာေၾကာင့္ ေဝဖန္မႈ ရွိေနပါတယ္။

နာမည္ေဖာ္ျပျခင္းမရွိတဲ့ အဆိုပါအမ်ိဳးသားဟာ မယားပါသမီးျဖစ္သူကို လိင္ပိုင္းဆိုင္ရာ ထိပါေစာ္ကားမႈ ႏွစ္ႏွစ္အတြင္း အႀကိမ္ႀကိမ္ က်ဴးလြန္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါမိန္းကေလး ၉ ႏွစ္အ႐ြယ္ကေန စတင္က်ဴးလြန္ခဲ့ၿပီး ၁၁ ႏွစ္အ႐ြယ္ ေရာက္တဲ့အထိတုိင္လို႔ သိရပါတယ္။ သူဟာ ဦးေႏွာက္ကစဥ္႔ကလ်ားျဖစ္သလို စိတ္မမွန္ျဖစ္ခဲ့တာေၾကာင့္ လိင္ပိုင္းဆိုင္ရာ ထိခိုက္ေစာ္ကားမႈမွာ အိမ္မွာ ေမြးထားတဲ့ ေခြးေတြ၊ ေၾကာင္ေတြကိုပါ အသံုးခ်ခဲ့တာလို႔ တရား႐ံုးမွာ ထြက္ဆိုခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ အဆိုပါအမ်ိဳးသားကိုယ္တုိင္ ေလွ်ာက္လဲခ်က္ေပးၿပီး အကုန္လံုးကို ထြက္ဆိုဝန္ခံခဲ့တာျဖစ္ပါတယ္။ အဆိုပါ အမ်ိဳးသားကို တရား႐ံုးက ေထာင္ဒဏ္ ေျခာက္ႏွစ္နဲ႔ ၇ လက်ခံေစဖို႔ အမိန္႔ခ်လိုက္ေပမယ့္ သံုးႏွစ္အတြင္း ေျခခ်ဳပ္နဲ႔ ျပန္လြတ္ႏုိင္ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

သုံးနှစ်အရွယ် သမီးအပါအဝင်၊ မယားပါသမီးကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူ အမျိုးသားတစ်ဦးကို တရားရုံးက ထောင်ဒဏ်ချလိုက်ပေမယ့် သုံးနှစ်အတွင်းပြန်လွတ်လာဖွယ် ရှိတာကြောင့် ဝေဖန်မှု ရှိနေပါတယ်။

နာမည်ဖော်ပြခြင်းမရှိတဲ့ အဆိုပါအမျိုးသားဟာ မယားပါသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားမှု နှစ်နှစ်အတွင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါမိန်းကလေး ၉ နှစ်အရွယ်ကနေ စတင်ကျူးလွန်ခဲ့ပြီး ၁၁ နှစ်အရွယ် ရောက်တဲ့အထိတိုင်လို့ သိရပါတယ်။ သူဟာ ဦးနှောက်ကစဥ့်ကလျားဖြစ်သလို စိတ်မမှန်ဖြစ်ခဲ့တာကြောင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုမှာ အိမ်မှာ မွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေကိုပါ အသုံးချခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အဆိုပါအမျိုးသားကိုယ်တိုင် လျှောက်လဲချက်ပေးပြီး အကုန်လုံးကို ထွက်ဆိုဝန်ခံခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားကို တရားရုံးက ထောင်ဒဏ် ခြောက်နှစ်နဲ့ ၇ လကျခံစေဖို့ အမိန့်ချလိုက်ပေမယ့် သုံးနှစ်အတွင်း ခြေချုပ်နဲ့ ပြန်လွတ်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top