Kantharyar Centre
×

ပိုက္ဆံအိတ္ေမ့က်န္တက္တဲ့ ျပႆနာကို လူအေတာ္မ်ားမ်ားႀကံဳဖူးၾကမွာပါ။ Woolet လို႔နာမည္ေပးထားတဲ့ ပိုက္ဆံအိတ္တစ္မ်ိဳးက ဒီျပႆနာကို ေျဖရွင္းေပးပါလိမ့္မယ္။ သင့္ရဲ႕စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ႏိုင္မယ့္ နည္းပညာကို Woolet ပိုက္ဆံအိတ္ထဲမွာထည့္သြင္းေပးထားလို႔ သင္ပိုက္ဆံအိတ္က်န္ခဲ့တာနဲ႔ အခ်က္ေပးသံ မည္လာမွာ ျဖစ္ပါတယ္။

ပိုက္ဆံအိတ္ကိုထားၿပီး ပိုင္ရွင္ထြက္သြားတာနဲ႔ ခ်ိတ္ဆက္ထားတဲ့ သင့္ရဲ႕ဖုန္းမွာ အခ်က္ေပးသံ မည္လာမွာ ျဖစ္ပါတယ္။ အကြာအေဝးကိုေတာ့ ၆ မီတာကေန ၂၅ မီတာအထိ လိုသလိုခ်ိန္ဆထားႏုိင္မွာျဖစ္ပါတယ္။ ၆ မီတာ အကြာအေဝး ခ်ိန္ဆထားမယ္ဆုိရင္ ဖုန္းနဲ႔ ပိုက္ဆံအိတ္ ေျခာက္မီတာအကြာအေဝးေက်ာ္သြားတာနဲ႔ အခ်က္ေပးသံျမည္လာမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ပိုက္ဆံအိတ္ထဲမွာ ထည့္သြင္းထားတဲ့ ေျခရာခံ နည္းပညာေၾကာင့္ ပိုက္ဆံအိတ္ရဲ႕ တည္ေနရာကိုလည္း ေဖာ္ျပေပးႏိုင္မွာ ျဖစ္ပါတယ္။

Woolet လို႔အမည္ေပးထားတဲ့ ဒီပိုက္ဆံအိတ္ကို အေမရိကန္ေဒၚလာ ၉၉ ေဒၚလာနဲ႔ ေရာင္းခ်မွာျဖစ္ၿပီး လာမယ့္ ေမလေလာက္မွာမွ စတင္ျဖန္႔ခ်ီမွာျဖစ္ပါတယ္။ ပိုက္ဆံအိတ္ထဲမွာ ေျခရာခံတဲ့ နည္းပညာ ထည့္သြင္းထားတဲ့အတြက္ ဘက္ထရီျပန္လည္ျဖည့္သြင္းဖို႔ေတာ့ လိုအပ္ပါတယ္။ ဒါေပမယ့္ ဘက္ထရီကို အပူခ်ိန္တဆင့္ အလိုအေလ်ာက္အားျပန္သြင္းတဲ့ နည္းပညာထည့္ထားမွာ ျဖစ္ပါတယ္။ Wooletco ကုမၸဏီက ထုတ္တဲ့ ဒီပုိက္ဆံအိတ္ကို ႀကိဳတင္မွာယူခ်င္တယ္ဆိုရင္ kickstarter.com ကုိ ဆက္သြယ္ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Planet Myanmar

#Unicode Version
ပိုက်ဆံအိတ်မေ့ကျန်တက်တဲ့ ပြဿနာကို လူအတော်များများကြုံဖူးကြမှာပါ။ Woolet လို့နာမည်ပေးထားတဲ့ ပိုက်ဆံအိတ်တစ်မျိုးက ဒီပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။ သင့်ရဲ့စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်မယ့် နည်းပညာကို Woolet ပိုက်ဆံအိတ်ထဲမှာထည့်သွင်းပေးထားလို့ သင်ပိုက်ဆံအိတ်ကျန်ခဲ့တာနဲ့ အချက်ပေးသံ မည်လာမှာ ဖြစ်ပါတယ်။

ပိုက်ဆံအိတ်ကိုထားပြီး ပိုင်ရှင်ထွက်သွားတာနဲ့ ချိတ်ဆက်ထားတဲ့ သင့်ရဲ့ဖုန်းမှာ အချက်ပေးသံ မည်လာမှာ ဖြစ်ပါတယ်။ အကွာအဝေးကိုတော့ ၆ မီတာကနေ ၂၅ မီတာအထိ လိုသလိုချိန်ဆထားနိုင်မှာဖြစ်ပါတယ်။ ၆ မီတာ အကွာအဝေး ချိန်ဆထားမယ်ဆိုရင် ဖုန်းနဲ့ ပိုက်ဆံအိတ် ခြောက်မီတာအကွာအဝေးကျော်သွားတာနဲ့ အချက်ပေးသံမြည်လာမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပိုက်ဆံအိတ်ထဲမှာ ထည့်သွင်းထားတဲ့ ခြေရာခံ နည်းပညာကြောင့် ပိုက်ဆံအိတ်ရဲ့ တည်နေရာကိုလည်း ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

Woolet လို့အမည်ပေးထားတဲ့ ဒီပိုက်ဆံအိတ်ကို အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး လာမယ့် မေလလောက်မှာမှ စတင်ဖြန့်ချီမှာဖြစ်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ခြေရာခံတဲ့ နည်းပညာ ထည့်သွင်းထားတဲ့အတွက် ဘက်ထရီပြန်လည်ဖြည့်သွင်းဖို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့် ဘက်ထရီကို အပူချိန်တဆင့် အလိုအလျောက်အားပြန်သွင်းတဲ့ နည်းပညာထည့်ထားမှာ ဖြစ်ပါတယ်။ Wooletco ကုမ္ပဏီက ထုတ်တဲ့ ဒီပိုက်ဆံအိတ်ကို ကြိုတင်မှာယူချင်တယ်ဆိုရင် kickstarter.com ကို ဆက်သွယ်ရမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Planet Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top