Property Expo
×

 အေမရိကန္စီးပြားေရး ပိတ္ဆို႔မႈ ဖယ္ရွားခဲ့ျခင္းေၾကာင့္ ရလာမည့္ အက်ိဳးေက်းဇူးမ်ားကို စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားက ကိုယ္က်ိဳးအတြက္ သံုးမည္လား၊ ႏိုင္ငံအတြက္ သံုးမည္လားဆို ျခင္းကို ျပည္သူမ်ားက ေစာင့္ ၾကည့္ေနေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က အသိေပးေျပာ ၾကားသည္။

‘‘စီးပြားေရး ပိတ္ဆို႔မႈေတြ ဖယ္ရွားေပးႏိုင္တယ္။ ဒီအခြင့္ ေကာင္းကို အမ်ားအတြက္ယူေစ ခ်င္တယ္။ တစ္ႏိုင္ငံလံုးကေစာင့္ ၾကည့္ေနတယ္။ စီးပြားေရးပိတ္ဆို႔ မႈ ဖယ္ရွားလိုက္လို႔ ရလာမယ့္ အ က်ိဳးေက်းဇူးေတြကို စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြက ႏိုင္ငံအ တြက္ သံုးမွာလား၊ ကိုယ္က်ိဳးအ တြက္ သံုးမွာလားဆိုတာ အားလံုး က ေစာင့္ၾကည့္ေနတယ္လို႔ ကြၽန္မ သတိေပးလိုက္ပါရေစ’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ဖြံ႕ၿဖိဳးမႈ မိတ္ဆက္ေတြ႕ဆံုပြဲ၌ ေျပာၾကားသည္။

အေမရိကန္အစိုးရကျမန္မာ အေပၚ စီးပြားေရးအရ ပိတ္ဆို႔ အ ေရးယူမႈမ်ားကို ေအာက္တိုဘာ ၇ ရက္တြင္ ဖယ္ရွားေၾကာင္း ေၾက ညာၿပီး ၁၆ ရက္အၾကာ၌ စီးပြား ေရးလုပ္ငန္းရွင္မ်ား၊ ျမန္မာႏိုင္ငံ တြင္ ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္ေန ေသာျပည္ပလုပ္ငန္းရွင္မ်ား၊ ဖြံ႕  ၿဖိဳးေရးအတြက္ အကူအညီေပး ေနေသာ အဖြဲ႕အစည္းမ်ားမွ တာ ၀န္ရွိသူမ်ား တက္ေရာက္ေသာ အခမ္းအနားတြင္ ေျပာၾကားခဲ့ ျခင္းျဖစ္သည္။ ကန္စီးပြားေရး ပိတ္ဆို႔မႈမွ လြတ္ေျမာက္ခဲ့သူ ၁၄၀ ေက်ာ္ရွိၿပီး စစ္ဗိုိလ္ခ်ဳပ္ ေဟာင္းမ်ား၊ စစ္တပ္ပိုင္လုပ္ငန္း မ်ား၊ ခ႐ိုနီလုပ္ငန္းရွင္အမ်ားစု ပါ၀င္ခဲ့သည္ကိုေတြ႕ရသည္။

ထို႔အျပင္ အစိုးရသက္တမ္း ေျခာက္လအတြင္းႏိုင္ငံ့စီးပြားေရး တိုးတက္မႈမရွိေၾကာင္းကိုလည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က ပထမဆံုးအႀကိမ္၀န္ခံေျပာ ၾကားသည္။

‘‘ကြၽန္မတို႔အစိုးရသက္တမ္း ပထမေျခာက္လအတြင္းမွာ ေမွ်ာ္ မွန္းသေလာက္ စီးပြားေရးဘက္ မွာ လ်င္ျမန္စြာတိုးတက္ႏိုင္မႈ မရွိ ဘူးဆိုတာ ၀န္ခံပါတယ္’’ဟု ႏိုင္ငံ ေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ဖြံ႕ၿဖိဳးမႈ မိတ္ဆက္ ေတြ႕ဆံုပြဲအခမ္းအနား တြင္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

စီးပြားေရးဖြံ႕ၿဖိဳးမႈမရွိျခင္း သည္ အေၾကာင္းရင္းမ်ားစြာရွိႏိုင္ ေသာ္လည္း အားလံုး၀ိုင္း၀န္းကူ ညီမႈျဖင့္ ေက်ာ္လႊားႏိုင္မည္ဟု ၎က ဆက္လက္ေျပာသည္။

‘‘ကြၽန္မတို႔လုပ္ငန္းရွင္ေတြ ဟာ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ ေအာင္ လုပ္ေပးႏိုင္တဲ့ေနရာမွာ ရွိေနပါတယ္’’ ဟု ေဒၚေအာင္ ဆန္းစုၾကည္က ေျပာၾကားသည္။

အစိုးရသစ္ စတင္တာ၀န္ယူ စဥ္ကတည္းက ယခုကဲ့သို႔ အခမ္း အနားမ်ိဳး က်င္းပမည္ကို ေျပာ ၾကားထားေၾကာင္း၊ ႏိုင္ငံေရးစနစ္  သစ္ေျပာင္းခ်ိန္တြင္ စီးပြားေရး စနစ္ေျပာင္းရေၾကာင္း၊ စီးပြားေရး  စနစ္ေျပာင္းလဲမႈေၾကာင့္ စီးပြား ေရးသမားမ်ား စိုးရိမ္ပူပန္မႈ မျဖစ္ ေစရန္ ေတြ႕ဆံုျခင္းျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုရျခင္းရည္ရြယ္ခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားသည္။

‘‘အတိတ္ဆိုတာ ကိုယ့္ကုိ ခ်ည္ေႏွာင္ထားဖို႔မဟုတ္ဘူး။တစ္ ခ်ိန္တစ္ခါက ကိုယ့္အတြက္ပဲ လုပ္တဲ့ ပုဂၢိဳလ္ေတြက ေနာင္တစ္ ခ်ိန္ အမ်ားအတြက္မလုပ္ႏိုင္ဘူး လား’’ဟု ေဒၚေအာင္ဆန္းစုၾကည္ က ေမးခြန္းထုတ္သည္။

ႏိုင္ငံ့စီးပြားေရး ဖြံ႕ၿဖိဳးတိုး တက္မႈအတြက္ အေရးအႀကီးဆံုး အခ်က္သည္ ႏိုင္ငံသူ ႏိုင္ငံသား မ်ားကို အရည္အခ်င္းျမႇင့္တင္ႏိုင္ ေရးျဖစ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာၾကားသည္။

ထို႔အျပင္ စီးပြားေရးဖြံ႕ၿဖိဳးမႈ အတြက္ တရားဥပေဒစိုးမုိးမႈ အ ေရးႀကီးသည္ဟု ေျပာၾကားသည္။

‘‘တရားဥပေဒစိုးမုိးေရး ဆို တာ ဥပေဒနဲ႔ ေဘာင္ခတ္ထား တာမဟုတ္ဘူးဆိုတာ နားလည္ ဖို႔လိုတယ္’’ဟု ေဒၚေအာင္ဆန္းစု ၾကည္ကေျပာၾကားသည္။

ေတြ႕ဆံုပြဲ အပိတ္မိန္႔ခြန္း တြင္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္က စီးပြားေရး ပိတ္ဆို႔မႈ ဖယ္ရွားေပးသည့္ အခြင့္အေရး ႏွင့္ပတ္သက္၍ လုပ္ငန္းရွင္မ်ား အား သတိေပးေျပာၾကားသည္။

ေအာက္တိုဘာ ၂၂ ရက္က ေနျပည္ေတာ္ရွိ ျမန္မာကြန္ဗင္း ရွင္း စင္တာတြင္ က်င္းပသည့္ ေတြ႕ဆံုပြဲတြင္ ျမန္မာႏိုင္ငံ ကုန္ သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ ငန္းရွင္မ်ားအသင္းခ်ဳပ္ဥကၠ႒ ဦး ၀င္းေအာင္၊ ျမန္မာႏိုင္ငံ ဘဏ္  မ်ားအသင္းဥကၠ႒ ဦးခင္ေမာင္ ေအး၊ ကေမၻာဇဘဏ္ အမႈေဆာင္ ဒါ႐ိုက္တာ ေဒၚနန္းလုိင္းခမ္း၊ ဂ်ပန္ႏိုင္ငံအေျခစိုက္ ျမန္မာႏိုင္ငံ တြင္ ဘဏ္ခြဲဖြင့္လွစ္ထားသည့္ ဆူမီတိုမိုမစ္ဇူအီဘဏ္မွ တာ၀န္ ရွိသူတစ္ဦးႏွင့္ သံတမန္အဖြဲ႕ နာ ယက ျမန္မာႏိုင္ငံဆိုင္ရာ စင္ကာ ပူသံအမတ္တို႔က စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ပတ္သက္၍ အ ႀကံျပဳေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲသို႔ မက္စ္ျမန္မာ ကုမၸဏီဥကၠ႒ ဦးေဇာ္ေဇာ္၊ျမန္မာ ႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးခ်စ္ခိုင္၊ ထြန္းေဖာင္ေဒးရွင္း ဘဏ္ဥကၠ႒ ဦးသိန္းထြန္း စသည့္ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားအ ပါအ၀င္ အခြန္အမ်ားဆံုးထမ္း ေဆာင္သည့္လုပ္ငန္းရွင္ ၁၅၀ ေက်ာ္တက္ေရာက္သည္။ ထို႔အ ျပင္ အခမ္းအနားသို႔ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ၏ေျမး ေနေရႊေသြးေအာင္၊ ဦးေတဇ၏ သား ျပည့္ၿဖိဳးေတဇတို႔လည္း တက္ေရာက္ခဲ့သည္။

စီမံကိန္းႏွင့္ဘ႑ာေရး၀န္ ႀကီးဦးေက်ာ္၀င္းက ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒႏွင့္ပတ္သက္ ၍ ရွင္းျပသည္။ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ကို ျပည္သူပိုင္မသိမ္းေၾကာင္း လည္း အာမခံေၾကာင္း ကတိေပး ေျပာၾကားသည္။

စိုက္ပ်ိဳးေရးက႑တြင္ တန္ ဖိုးျမင့္ပုိ႔ကုန္မ်ား ထုတ္လုပ္ႏိုင္ ရန္၊ ႏိုင္ငံျခားဘဏ္မ်ား ထပ္မံ ခြင့္ျပဳမည့္ အစီအစဥ္၊ အေသးစား အလတ္စားလုပ္ငန္းမ်ား အေပါင္ ပစၥည္းမလုိဘဲ ေငြေခ်းႏိုင္မည့္ အစီအစဥ္၊ ဟြန္ဒီ တရားမ၀င္ ေငြ လႊဲစနစ္ကို တရား၀င္ခြင့္ျပဳေပး  မည့္အစီအစဥ္မ်ားကိုလည္း ဦး ေက်ာ္၀င္းက အက်ဥ္းခ်ဳပ္ေျပာ ၾကားသည္။

ထို႔အျပင္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈမရွိျခင္းသည္ အစိုးရ အေျပာင္းအလဲတြင္ ျဖစ္တတ္ သည့္ အေျခအေနမ်ိဳးျဖစ္သည္ဟု  စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး ဌာန ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားသည္။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ မရွိျခင္းႏွင့္ပတ္သက္၍ လႊတ္ ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ ဦးျဖစ္ခဲ့သည့္ ေဇကမၻာကုမၸဏီ ဥကၠ႒ ဦးခင္ေရႊက ‘‘ေျပာင္းလဲ တာက အေပၚပိုင္းပဲေျပာင္းလဲ တာပါ။ ေအာက္ေျခက အရင္အ တိုင္းပဲ။ လက္ရွိ ေအာက္ေျခက လူေတြ လုပ္ေနေနတာေတြမွာ ပို ခက္ခဲေအာင္၊  ပိုအာဏာရွိေအာင္ လုပ္ေနတာေတြရွိတယ္။ အဲဒီ ကိစၥေတြက အခုအခ်ိန္အထိ အ႐ိုးစြဲေနေတာ့ မေပ်ာက္ေသး ဘူး’’ဟု ေျပာသည္။

ေအာက္ေျခ၀န္ထမ္းမ်ား အဂတိလိုက္စားပါက အစိုးရအ ဖြဲ႕၊ ျပည္ေထာင္စု၀န္ႀကီးမ်ား အား အသိေပး တိုင္ၾကားႏိုင္ ေၾကာင္း၊ တိုင္ၾကားရာတြင္ အ မည္၊ မွတ္ပံုတင္ နံပါတ္တို႔ကို ထည့္သြင္းၿပီး တိုင္ၾကားႏိုင္ ေၾကာင္း ႏိုင္ငံေတာ္၏ အတုိင္ပင္ ခံပုဂၢိဳလ္က ေျပာၾကားသည္။

‘‘ဒီေန႔က လုပ္ငန္းရွင္ေတြ အားလံုးရဲ႕စိတ္ထဲက စိုးရိမ္မႈေတြ ကိုေလ်ာ့ပါးသြားေစပါတယ္’’ဟု ျမန္မာႏိုင္ငံံ ငါးလုပ္ငန္းအဖဲြ႕ခ်ဳပ္ အတြင္းေရးမွဴး ဦး၀င္းႀကိဳင္က ေျပာၾကားသည္။

အစိုးရသစ္လက္ထက္ တြင္ လုပ္ငန္းရွင္မ်ားႏွင့္ အစိုးရအဖြဲ႕ ၀င္မ်ားအၾကား ေႏြးေထြးေသာ ဆက္ဆံမႈကို ျပန္လည္ရရွိလာ မည္ဟု ၎ကဆိုသည္။

ႏိုင္ငံ့ထိပ္တန္းလုပ္ငန္းရွင္ မ်ားသည္ အတိိတ္ကာလက လုပ္ ေဆာင္ခ်က္မ်ားေၾကာင့္ အစုိးရ သစ္လက္ထက္တြင္ စိုးရိမ္စိတ္ မ်ားရွိေနေၾကာင္း ဦး၀င္းႀကိဳင္က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခဲ့ခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူးများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကိုယ်ကျိုးအတွက် သုံးမည်လား၊ နိုင်ငံအတွက် သုံးမည်လားဆို ခြင်းကို ပြည်သူများက စောင့် ကြည့်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။

‘‘စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးနိုင်တယ်။ ဒီအခွင့် ကောင်းကို အများအတွက်ယူစေ ချင်တယ်။ တစ်နိုင်ငံလုံးကစောင့် ကြည့်နေတယ်။ စီးပွားရေးပိတ်ဆို့ မှု ဖယ်ရှားလိုက်လို့ ရလာမယ့် အ ကျိုးကျေးဇူးတွေကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နိုင်ငံအ တွက် သုံးမှာလား၊ ကိုယ်ကျိုးအ တွက် သုံးမှာလားဆိုတာ အားလုံး က စောင့်ကြည့်နေတယ်လို့ ကျွန်မ သတိပေးလိုက်ပါရစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက်တွေ့ဆုံပွဲ၌ ပြောကြားသည်။

အမေရိကန်အစိုးရကမြန်မာ အပေါ် စီးပွားရေးအရ ပိတ်ဆို့ အ ရေးယူမှုများကို အောက်တိုဘာ ၇ ရက်တွင် ဖယ်ရှားကြောင်း ကြေ ညာပြီး ၁၆ ရက်အကြာ၌ စီးပွား ရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ သောပြည်ပလုပ်ငန်းရှင်များ၊ ဖွံ့  ဖြိုးရေးအတွက် အကူအညီပေး နေသော အဖွဲ့အစည်းများမှ တာ ဝန်ရှိသူများ တက်ရောက်သော အခမ်းအနားတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ကန်စီးပွားရေး ပိတ်ဆို့မှုမှ လွတ်မြောက်ခဲ့သူ ၁၄၀ ကျော်ရှိပြီး စစ်ဗိုလ်ချုပ် ဟောင်းများ၊ စစ်တပ်ပိုင်လုပ်ငန်း များ၊ ခရိုနီလုပ်ငန်းရှင်အများစု ပါဝင်ခဲ့သည်ကိုတွေ့ရသည်။

ထို့အပြင် အစိုးရသက်တမ်း ခြောက်လအတွင်းနိုင်ငံ့စီးပွားရေး တိုးတက်မှုမရှိကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပထမဆုံးအကြိမ်ဝန်ခံပြော ကြားသည်။

‘‘ကျွန်မတို့အစိုးရသက်တမ်း ပထမခြောက်လအတွင်းမှာ မျှော် မှန်းသလောက် စီးပွားရေးဘက် မှာ လျင်မြန်စွာတိုးတက်နိုင်မှု မရှိ ဘူးဆိုတာ ဝန်ခံပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စီးပွားရေးဖွံ့ဖြိုးမှုမရှိခြင်း သည် အကြောင်းရင်းများစွာရှိနိုင် သော်လည်း အားလုံးဝိုင်းဝန်းကူ ညီမှုဖြင့် ကျော်လွှားနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘ကျွန်မတို့လုပ်ငန်းရှင်တွေ ဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

အစိုးရသစ် စတင်တာဝန်ယူ စဉ်ကတည်းက ယခုကဲ့သို့ အခမ်း အနားမျိုး ကျင်းပမည်ကို ပြော ကြားထားကြောင်း၊ နိုင်ငံရေးစနစ်  သစ်ပြောင်းချိန်တွင် စီးပွားရေး စနစ်ပြောင်းရကြောင်း၊ စီးပွားရေး  စနစ်ပြောင်းလဲမှုကြောင့် စီးပွား ရေးသမားများ စိုးရိမ်ပူပန်မှု မဖြစ် စေရန် တွေ့ဆုံခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့မဟုတ်ဘူး။တစ် ချိန်တစ်ခါက ကိုယ့်အတွက်ပဲ လုပ်တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ် ချိန် အများအတွက်မလုပ်နိုင်ဘူး လား’’ဟု ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်သည်။

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးအကြီးဆုံး အချက်သည် နိုင်ငံသူ နိုင်ငံသား များကို အရည်အချင်းမြှင့်တင်နိုင် ရေးဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှု အတွက် တရားဥပဒေစိုးမိုးမှု အ ရေးကြီးသည်ဟု ပြောကြားသည်။

‘‘တရားဥပဒေစိုးမိုးရေး ဆို တာ ဥပဒေနဲ့ ဘောင်ခတ်ထား တာမဟုတ်ဘူးဆိုတာ နားလည် ဖို့လိုတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။

တွေ့ဆုံပွဲ အပိတ်မိန့်ခွန်း တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးသည့် အခွင့်အရေး နှင့်ပတ်သက်၍ လုပ်ငန်းရှင်များ အား သတိပေးပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာကွန်ဗင်း ရှင်း စင်တာတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦး ဝင်းအောင်၊ မြန်မာနိုင်ငံ ဘဏ်  များအသင်းဥက္ကဋ္ဌ ဦးခင်မောင် အေး၊ ကမ္ဘောဇဘဏ် အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံ တွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ဆူမီတိုမိုမစ်ဇူအီဘဏ်မှ တာဝန် ရှိသူတစ်ဦးနှင့် သံတမန်အဖွဲ့ နာ ယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာ ပူသံအမတ်တို့က စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ အ ကြံပြုဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၊မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း စသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအ ပါအဝင် အခွန်အများဆုံးထမ်း ဆောင်သည့်လုပ်ငန်းရှင် ၁၅၀ ကျော်တက်ရောက်သည်။ ထို့အ ပြင် အခမ်းအနားသို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်၊ ဦးတေဇ၏ သား ပြည့်ဖြိုးတေဇတို့လည်း တက်ရောက်ခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးကျော်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ပတ်သက် ၍ ရှင်းပြသည်။ ရင်းနှီးမြှုပ်နှံမှုများ ကို ပြည်သူပိုင်မသိမ်းကြောင်း လည်း အာမခံကြောင်း ကတိပေး ပြောကြားသည်။

စိုက်ပျိုးရေးကဏ္ဍတွင် တန် ဖိုးမြင့်ပို့ကုန်များ ထုတ်လုပ်နိုင် ရန်၊ နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုမည့် အစီအစဉ်၊ အသေးစား အလတ်စားလုပ်ငန်းများ အပေါင် ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် အစီအစဉ်၊ ဟွန်ဒီ တရားမဝင် ငွေ လွှဲစနစ်ကို တရားဝင်ခွင့်ပြုပေး  မည့်အစီအစဉ်များကိုလည်း ဦး ကျော်ဝင်းက အကျဉ်းချုပ်ပြော ကြားသည်။

ထို့အပြင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမရှိခြင်းသည် အစိုးရ အပြောင်းအလဲတွင် ဖြစ်တတ် သည့် အခြေအနေမျိုးဖြစ်သည်ဟု  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်ဟောင်းတစ် ဦးဖြစ်ခဲ့သည့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ‘‘ပြောင်းလဲ တာက အပေါ်ပိုင်းပဲပြောင်းလဲ တာပါ။ အောက်ခြေက အရင်အ တိုင်းပဲ။ လက်ရှိ အောက်ခြေက လူတွေ လုပ်နေနေတာတွေမှာ ပို ခက်ခဲအောင်၊  ပိုအာဏာရှိအောင် လုပ်နေတာတွေရှိတယ်။ အဲဒီ ကိစ္စတွေက အခုအချိန်အထိ အရိုးစွဲနေတော့ မပျောက်သေး ဘူး’’ဟု ပြောသည်။

အောက်ခြေဝန်ထမ်းများ အဂတိလိုက်စားပါက အစိုးရအ ဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ အား အသိပေး တိုင်ကြားနိုင် ကြောင်း၊ တိုင်ကြားရာတွင် အ မည်၊ မှတ်ပုံတင် နံပါတ်တို့ကို ထည့်သွင်းပြီး တိုင်ကြားနိုင် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောကြားသည်။

‘‘ဒီနေ့က လုပ်ငန်းရှင်တွေ အားလုံးရဲ့စိတ်ထဲက စိုးရိမ်မှုတွေ ကိုလျော့ပါးသွားစေပါတယ်’’ဟု မြန်မာနိုင်ငံံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

အစိုးရသစ်လက်ထက် တွင် လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ ဝင်များအကြား နွေးထွေးသော ဆက်ဆံမှုကို ပြန်လည်ရရှိလာ မည်ဟု ၎င်းကဆိုသည်။

နိုင်ငံ့ထိပ်တန်းလုပ်ငန်းရှင် များသည် အတိတ်ကာလက လုပ် ဆောင်ချက်များကြောင့် အစိုးရ သစ်လက်ထက်တွင် စိုးရိမ်စိတ် များရှိနေကြောင်း ဦးဝင်းကြိုင်က ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top