Kantharyar Centre
×

အၾကမ္းဖက္စီးနင္းတိုက္ခိုက္ခံခဲ့ရသည့္ အမွတ္(၁) နယ္ျခားေစာင့္ရဲကြပ္ကဲမႈအဖြဲ႕မွဴး႐ုံး (ဓာတ္ပံု − ေမာင္ကံ)

ေမာင္ေတာနယ္စပ္ အေျခစိိုက္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္အပါအဝင္ နယ္ျခားေစာင့္ရဲစခန္းသံုးခုကို အၾကမ္းဖက္စီးနင္းသူမ်ားက ေအာက္တို ဘာ ၉ ရက္ နံနက္အေစာႀကီးတြင္
ဝင္ေရာက္ တုိက္ခိုက္ခံရသျဖင့္ ရဲတပ္ဖြဲ႕ဝင္ကိုးဦး ေသဆံုးၿပီး တစ္ဦးေပ်ာက္ဆံုးေနေၾကာင္း အစိုးရက ထုတ္ျပန္သည္။
နယ္ျခားေစာင့္စခန္း သံုးခု ကို ၀င္ေရာက္တိုက္ခိုက္စီးနင္းသူ မ်ားမွာ ကနဦးရရွိေသာ သတင္း မ်ားအရ ႐ိုဟင္ဂ်ာေသြးစည္းညီ ၫြတ္ေရးအဖဲြ႕ (ΡΣΟ)ျဖစ္ေၾကာင္းသိရေသာ္လည္း ေနျပည္ေတာ္ တြင္ ျပဳလုပ္သည့္ သတင္းစာရွင္း လင္းပဲြ၌ ရဲခ်ဳပ္ေဇာ္၀င္းက တိုက္ခုိက္သည့္အဖဲြ႕ကို စိစစ္ေနဆဲျဖစ္ ေၾကာင္းေျပာသည္။  သို႔ေသာ္ လာေရာက္တိုက္ခိုက္ အၾကမ္းဖက္သည့္ အခ်ိန္တြင္ ႐ိုဟင္ဂ်ာဟု ေအာ္ဟစ္ၿပီး ဘဂၤါလီစကားမ်ားေျပာဆိုခဲ့သည္ဟု ရဲခ်ဳပ္ေဇာ္၀င္းက ဆက္လက္ေျပာသည္။
ေအာက္တိုဘာ ၉ ရက္ နံနက္၁ နာရီခဲြတြင္ ေမာင္ေတာၿမိဳ႕နယ္ က်ီးကန္းျပင္ေက်းရြာရွိ အမွတ္ (၁) နယ္ျခားေစာင့္ရဲ ကြပ္ကဲမႈဌာနခ်ဳပ္ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္ ရဲကင္းစခန္း (ေမာင္ေတာႏွင့္ ရေသ့ေတာင္ၿမိဳ႕ နယ္အစပ္တြင္ရွိၿပီး ေမာင္ေတာအပိုင္း၌ပါ) ကို အၾကမ္းဖက္သူမ်ားက တစ္ခ်ိန္တည္း ၀င္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ေမာင္ေတာၿမိဳ႕နယ္ ငါးခူရနယ္ ေျမ႐ံုးမွာ နံနက္ ၄ နာရီခဲြတြင္မွ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။
က်ီးကန္းျပင္ နယ္ျခားေစာင့္တပ္ဖဲြ႕ ဌာနခ်ဳပ္သို႔ တုိက္ခုိက္မႈတြင္ဂိတ္တာ၀န္က်ရဲတပ္ဖဲြ႕၀င္ကို အၾကမ္းဖက္သူတစ္ဦးက ဓားျဖင့္၀င္ခုတ္သျဖင့္ ဒဏ္ရာရရွိခဲ့ၿပီးကင္း႐ံုအတြင္းရွိ ရဲတပ္ဖဲြ႕မ်ားကျပန္လည္ခုခံပစ္ခတ္သျဖင့္ အၾကမ္းဖက္သူ  ၁၀ ဦးခန္႔ ထြက္ေျပးသြားသည္။
ထို႔ေနာက္ ၁ နာရီ မိနစ္ ၅၀ ခန္႔တြင္ ကင္းမွဴးႏွင့္ အဖဲြ႕ကို အ ၾကမ္းဖက္တိုက္ခုိက္သူ ကိုးဆယ္ ခန္႔က စီးနင္းတိုက္ခိုက္ရာမွ အ ျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ၾက သည္။ နံနက္ ၄ နာရီတြင္ အ ၾကမ္းဖက္သူမ်ား ျပန္လည္ဆုတ္ ခြာသြားရာ ဆုတ္ခြာသြားသည့္ လမ္းေၾကာင္းေပၚရွိ ကင္းအဖဲြ႕သို႔ ဆက္သြယ္ရာ အဆက္အသြယ္မ ရဘဲ နံနက္ ၇ နာရီတြင္ လိုက္သြား ေသာအခါ တပ္ဖဲြ႕၀င္ငါးဦးစလံုး က်ဆံုးေနျခင္းကို ေတြ႕ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။ အဆိုပါတုိက္ခိုက္ခံရမႈ တြင္ တပ္ဖဲြ႕၀င္ ေျခာက္ဦးက်ဆံုး ၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့ကာ လက္ နက္မ်ိဳးစံု ၅၁ လက္၊ က်ည္မ်ိဳးစံု ၁၀,၁၃၀ ေတာင့္ ဆံုး႐ႈံးခဲ့သည္။
ကိုးတန္ေကာက္ ရဲကင္းစခန္းကိုလည္း အၾကမ္းဖက္သူ ၂၀ ၊ ၃၀ ဦးခန္႔က ဓား၊ ဂ်င္ကလိမ်ားျဖင့္ ၀င္ေရာက္တိုက္ခုိက္ရာ ဒုရဲမွဴး ေအာင္ေဇာ္ျမင့္ႏွင့္ တပ္ဖဲြ႕၀င္ဆယ္ဦးက ျပန္လည္ခုခံပစ္ခတ္ခဲ့သည္။ အဆိုပါတုိက္ပဲြတြင္ ၀င္ေရာက္တိုက္ခိုက္သူတစ္ဦး အေသဖမ္းမိၿပီး အရွင္တစ္ဦး ဖမ္းဆီးႏုိင္ခဲ့သည္။ အလားတူ ရဲတပ္ဖဲြ႕၀င္မ်ားဘက္မွ တစ္ဦးက်ဆံုးၿပီး ရဲအရာရွိ တစ္ဦးႏွင့္ အျခားအဆင့္ တစ္ဦး ဒဏ္ရာရရွိခဲ့သည္။ ထို႔အျပင္ လက္နက္ငယ္ႏွစ္လက္လည္း ဆံုး႐ႈံးခဲ့သည္။

နယ္ျခားေစာင့္စခန္း သံုးခု တိုက္ခိုက္ခံရမႈတြင္ ေနာက္ဆံုး တုိက္ခိုက္ခံရသည့္ စခန္းျဖစ္ေသာ ေမာင္ေတာၿမိဳ႕နယ္ရွိ ငါးခူရစခန္းသို႔ ယမန္ေန႔ နံနက္ ၄ နာရီခဲြ အခ်ိန္တြင္ ၀င္ေရာက္တိုက္ခိုက္ ခံရျခင္းျဖစ္သည္။ သို႔ေသာ္ ငါးခူရစခန္းသို႔ ၀င္ေရာက္တိုက္ခိုက္သူ ခုနစ္ဦးကို အေသဖမ္းမိခဲ့ၿပီး ရဲတပ္ဖဲြ႕၀င္မ်ားဘက္မွ အရာရွိတစ္ဦးႏွင့္ အျခားအဆင့္တစ္ဦး၊ ေပါင္း ႏွစ္ဦးက်ဆံုးခဲ့ကာ တစ္ဦး ေပ်ာက္ဆံုးေနေၾကာင္း ထုတ္ျပန္ခ်က္မ်ားတြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ တိုက္ခိုက္ခံရမႈသုံးခုတြင္ ရဲတပ္ဖဲြ႕၀င္ ကိုးဦးက်ဆံုးၿပီး တစ္ဦးေပ်ာက္ ဆံုးေနကာ ေလးဦးဒဏ္ရာရရွိခဲ့သည္။
လက္နက္မ်ိဳးစံု ၅၁ လက္ ႏွင့္ က်ည္ေတာင့္ ၁၀,၁၄၀ ဆံုး႐ႈံး ခဲ့သည္။ အၾကမ္းဖက္စီးနင္းတုိက္ ခိုက္သူမ်ားဘက္မွ ရွစ္ဦး ေသဆံုးၿပီး ႏွစ္ဦးကို အရွင္ဖမ္းမိထား ေၾကာင္း အစိုးရက ထုတ္ျပန္ သည္။

‘‘အေသအေပ်ာက္ကေတာ့ တပ္ဖြဲ႕ဝင္ကိုးဦး၊ ဒဏ္ရာရတာ ႏွစ္ဦး ျဖစ္ပါတယ္။ လက္နက္ တခ်ိဳ႕လည္း ပါသြားပါတယ္။ နယ္ေျမရွင္းလင္းေရးေတြကို ဆက္ လုပ္ေနပါတယ္။ ၿမိဳ႕ေပၚနဲ႔ ေက်း လက္ေဒသက လံုၿခံဳေရးကိုလည္း တုိးျမႇင့္ထားပါတယ္’’ဟု နယ္ျခား ေစာင့္ ရဲတပ္ဖြဲ႕မွ အရာရွိက ဆုိ သည္။

အၾကမ္းဖက္ တိုက္ခိုက္သူမ်ားဘက္မွ ရွစ္ဦးေသဆုံးၿပီး၊ ႏွစ္ဦး  အရွင္ဖမ္းမိသည့္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ေမာင္ေတာ ျပည္သူ႔ေဆး႐ံုတြင္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

‘‘ည ၁ နာရီေက်ာ္ေလာက္က ဌာနခ်ဳပ္ထဲက ေသနတ္ပစ္သံေတြ ၾကားပါတယ္။ ပထမေတာ့ ဆင္ ေတြကို လွန္႔ၿပီးပစ္တယ္လုိ႔ ထင္ ပါတယ္။ ေနာက္ေတာ့မွ ဓာတ္မီး ေတြနဲ႔ ႐ိုဟင္ဂ်ာဂ်ီနာဘာ၊ ပါကစၥ တန္ဂ်ီနာဘာ (႐ိုဟင္ဂ်ာ ေအာင္ ျမင္ေစ၊ ပါကစၥတန္ေအာင္ျမင္ပါ ေစ)ဆုိတဲ့ အသံေတြနဲ႔ ေအာ္ဟစ္ ၿပီးေတာ့ ဘဂၤါလီေတြ တက္လာပါ တယ္။ ကြၽန္မတုိ႔လည္း ေၾကာက္ ၿပီးေတာ့ ဌာနခ်ဳပ္ထဲကို ဝင္ေျပး ခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ဖက္ပစ္ ခတ္ခဲ့တဲ့အခ်ိန္က ႏွစ္နာရီေက်ာ္ အထိ ၾကာျမင့္ခဲ့ပါတယ္’’ဟု နယ္ ျခားေစာင့္ ရဲဌာနခ်ဳပ္အေရွ႕ရွိ ေဈးတန္းတြင္ ထမင္းဆုိင္ေရာင္း ေနသူ ေဒၚနီက ေျပာသည္။

နယ္ျခားေစာင့္ ရဲစခန္း ဝင္ ေရာက္ တိုက္ခိုက္ခံရၿပီးေနာက္ ေမာင္ေတာၿမိဳ႕ေပၚႏွင့္
 ေက်းလက္ေဒသမ်ားသို႔ ေျပးဆြဲသြားလာေန သည့္ ယာဥ္မ်ားမွာ အသြားအလာ မရွိေတာ့ဘဲ ၿမိဳ႕မေဈးႀကီးႏွင့္ ေဈး ဆုိင္အမ်ားစုမွာလည္း ပိတ္ထားခဲ့ သည္။ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ဝင္မ်ားက အဆုိပါေနရာအနီးရွိ ေက်းရြာမ်ားတြင္ လံုၿခံဳေရးတပ္ဖြဲ႕ ဝင္မ်ားက နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ၿပီး ေမာင္ေတာၿမိဳ႕ေပၚ လံုၿခံဳေရးကို တုိးျမႇင့္လိုက္သည္။ ေမာင္ေတာခ႐ိုင္တစ္ခုလုံးအတြက္ ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ကိုလည္း ည ၇ နာရီမွ နံနက္ ၆ နာရီအထိ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တိုးျမႇင့္သတ္မွတ္လိုက္သည္။ ေမာင္ေတာ ခ႐ိုင္အတြင္း ယခင္ထုတ္ျပန္ထားသည့္ ညမထြက္ရအမိန္႔မွာ ည ၁၁ နာရီမွ နံနက္ ၄ နာရီအထိျဖစ္သည္။

နယ္ျခားေစာင့္ ရဲစခန္းမ်ား ဝင္ေရာက္တိုက္ခိုက္ခံရမႈေၾကာင့္ ေမာင္ေတာၿမိဳ႕ေပၚႏွင့္ ေက်းလက္ေဒသမ်ားမွ တုိင္းရင္းသားအမ်ား စုသည္ ေၾကာက္လန္႔စိုးရိမ္ေနၾကၿပီး လံုၿခံဳသည့္ ေနရာမ်ားသို႔ ေျပာင္း ေရႊ႕ေနမႈမ်ားလည္း ရွိေနသည္။  ေအာက္တိုဘာ ၈ ရက္က စတင္စစ္ေဆးေနသည့္ အေျခခံ ပညာေက်ာင္းမ်ား၏ ပထမႏွစ္ ဝက္စာေမးပြဲကို အကန္႔အသတ္ မရွိ ေနာက္ဆုတ္လိုက္ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးမွသတင္းရရွိသည္။

နယ္ျခားေစာင့္ ရဲဌာနခ်ဳပ္အ ပါအဝင္ ရဲစခန္းမ်ား ဝင္ေရာက္ တုိက္ခိုက္ျခင္း မခံရမီ အၾကမ္း ဖက္ ေသာင္းက်န္းသူ အဖြဲ႕အ စည္းမ်ား၊ ဆန္႔က်င္ဘက္အဖြဲ႕အ စည္းမ်ားက စစ္ေရးနည္း၊ ႏုိင္ငံ ေရး  နည္းလမ္းျဖင့္ ဆန္႔က်င္တိုက္ခုိက္မႈမ်ားကို နည္းမ်ိဳးစံုျဖင့္ ေဆာင္ရြက္ႏုိင္ေၾကာင္း သံုးသပ္ ေတြ႕ရွိရသျဖင့္ လံုၿခံဳေရး အထူး ဂ႐ုျပဳစီမံခ်က္ ခ်မွတ္ေဆာင္ရြက္ ၾကရန္ ေမာင္ေတာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဌာနဆုိင္ရာမ်ားသို႔ ေအာက္တိုဘာ ၄ ရက္တြင္ အေၾကာင္းၾကားစာေပး ပို႔ သတိေပးထားသည္။
 လြန္ခဲ့သည့္  ၂၀၁၄  ေမလ ၁၇ ရက္က ေမာင္ေတာၿမိဳ႕ နယ္ ေျမာက္ပိုင္း နယ္စပ္မုိင္တုိင္ (၅၁/၅၂)တြင္ လံုၿခံဳေရး ကင္း လွည့္ေနသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ΡΣΟ အဖြဲ႕က ခ်ံဳခိုတိုက္ခိုက္ခဲ့မႈေၾကာင့္ ရဲတပ္ ဖြဲ႕ဝင္ေလးဦး ပြဲခ်င္းၿပီးေသဆံုးၿပီး ဒုရဲအုပ္တစ္ဦး ဒဏ္ရာျပင္းထန္ စြာ ရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံခဲ့ရသည့် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (ဓာတ်ပုံ − မောင်ကံ)

မောင်တောနယ်စပ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် နယ်ခြားစောင့်ရဲစခန်းသုံးခုကို အကြမ်းဖက်စီးနင်းသူများက အောက်တို ဘာ ၉ ရက် နံနက်အစောကြီးတွင်
ဝင်ရောက် တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း အစိုးရက ထုတ်ပြန်သည်။
နယ်ခြားစောင့်စခန်း သုံးခု ကို ဝင်ရောက်တိုက်ခိုက်စီးနင်းသူ များမှာ ကနဦးရရှိသော သတင်း များအရ ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ (ΡΣΟ)ဖြစ်ကြောင်းသိရသော်လည်း နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ရဲချုပ်ဇော်ဝင်းက တိုက်ခိုက်သည့်အဖွဲ့ကို စိစစ်နေဆဲဖြစ် ကြောင်းပြောသည်။  သို့သော် လာရောက်တိုက်ခိုက် အကြမ်းဖက်သည့် အချိန်တွင် ရိုဟင်ဂျာဟု အော်ဟစ်ပြီး ဘင်္ဂါလီစကားများပြောဆိုခဲ့သည်ဟု ရဲချုပ်ဇော်ဝင်းက ဆက်လက်ပြောသည်။
အောက်တိုဘာ ၉ ရက် နံနက်၁ နာရီခွဲတွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်နှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရဲကင်းစခန်း (မောင်တောနှင့် ရသေ့တောင်မြို့ နယ်အစပ်တွင်ရှိပြီး မောင်တောအပိုင်း၌ပါ) ကို အကြမ်းဖက်သူများက တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မောင်တောမြို့နယ် ငါးခူရနယ် မြေရုံးမှာ နံနက် ၄ နာရီခွဲတွင်မှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်သို့ တိုက်ခိုက်မှုတွင်ဂိတ်တာဝန်ကျရဲတပ်ဖွဲ့ဝင်ကို အကြမ်းဖက်သူတစ်ဦးက ဓားဖြင့်ဝင်ခုတ်သဖြင့် ဒဏ်ရာရရှိခဲ့ပြီးကင်းရုံအတွင်းရှိ ရဲတပ်ဖွဲ့များကပြန်လည်ခုခံပစ်ခတ်သဖြင့် အကြမ်းဖက်သူ  ၁၀ ဦးခန့် ထွက်ပြေးသွားသည်။
ထို့နောက် ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကင်းမှူးနှင့် အဖွဲ့ကို အ ကြမ်းဖက်တိုက်ခိုက်သူ ကိုးဆယ် ခန့်က စီးနင်းတိုက်ခိုက်ရာမှ အ ပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြ သည်။ နံနက် ၄ နာရီတွင် အ ကြမ်းဖက်သူများ ပြန်လည်ဆုတ် ခွာသွားရာ ဆုတ်ခွာသွားသည့် လမ်းကြောင်းပေါ်ရှိ ကင်းအဖွဲ့သို့ ဆက်သွယ်ရာ အဆက်အသွယ်မ ရဘဲ နံနက် ၇ နာရီတွင် လိုက်သွား သောအခါ တပ်ဖွဲ့ဝင်ငါးဦးစလုံး ကျဆုံးနေခြင်းကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အဆိုပါတိုက်ခိုက်ခံရမှု တွင် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ လက် နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ ၁၀,၁၃၀ တောင့် ဆုံးရှုံးခဲ့သည်။
ကိုးတန်ကောက် ရဲကင်းစခန်းကိုလည်း အကြမ်းဖက်သူ ၂၀ ၊ ၃၀ ဦးခန့်က ဓား၊ ဂျင်ကလိများဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲမှူး အောင်ဇော်မြင့်နှင့် တပ်ဖွဲ့ဝင်ဆယ်ဦးက ပြန်လည်ခုခံပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်သူတစ်ဦး အသေဖမ်းမိပြီး အရှင်တစ်ဦး ဖမ်းဆီးနိုင်ခဲ့သည်။ အလားတူ ရဲတပ်ဖွဲ့ဝင်များဘက်မှ တစ်ဦးကျဆုံးပြီး ရဲအရာရှိ တစ်ဦးနှင့် အခြားအဆင့် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်ငယ်နှစ်လက်လည်း ဆုံးရှုံးခဲ့သည်။

နယ်ခြားစောင့်စခန်း သုံးခု တိုက်ခိုက်ခံရမှုတွင် နောက်ဆုံး တိုက်ခိုက်ခံရသည့် စခန်းဖြစ်သော မောင်တောမြို့နယ်ရှိ ငါးခူရစခန်းသို့ ယမန်နေ့ နံနက် ၄ နာရီခွဲ အချိန်တွင် ဝင်ရောက်တိုက်ခိုက် ခံရခြင်းဖြစ်သည်။ သို့သော် ငါးခူရစခန်းသို့ ဝင်ရောက်တိုက်ခိုက်သူ ခုနစ်ဦးကို အသေဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များဘက်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့်တစ်ဦး၊ ပေါင်း နှစ်ဦးကျဆုံးခဲ့ကာ တစ်ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ထို့ကြောင့် တိုက်ခိုက်ခံရမှုသုံးခုတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး တစ်ဦးပျောက် ဆုံးနေကာ လေးဦးဒဏ်ရာရရှိခဲ့သည်။
လက်နက်မျိုးစုံ ၅၁ လက် နှင့် ကျည်တောင့် ၁၀,၁၄၀ ဆုံးရှုံး ခဲ့သည်။ အကြမ်းဖက်စီးနင်းတိုက် ခိုက်သူများဘက်မှ ရှစ်ဦး သေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိထား ကြောင်း အစိုးရက ထုတ်ပြန် သည်။

‘‘အသေအပျောက်ကတော့ တပ်ဖွဲ့ဝင်ကိုးဦး၊ ဒဏ်ရာရတာ နှစ်ဦး ဖြစ်ပါတယ်။ လက်နက် တချို့လည်း ပါသွားပါတယ်။ နယ်မြေရှင်းလင်းရေးတွေကို ဆက် လုပ်နေပါတယ်။ မြို့ပေါ်နဲ့ ကျေး လက်ဒေသက လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်’’ဟု နယ်ခြား စောင့် ရဲတပ်ဖွဲ့မှ အရာရှိက ဆို သည်။

အကြမ်းဖက် တိုက်ခိုက်သူများဘက်မှ ရှစ်ဦးသေဆုံးပြီး၊ နှစ်ဦး  အရှင်ဖမ်းမိသည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို မောင်တော ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

‘‘ည ၁ နာရီကျော်လောက်က ဌာနချုပ်ထဲက သေနတ်ပစ်သံတွေ ကြားပါတယ်။ ပထမတော့ ဆင် တွေကို လှန့်ပြီးပစ်တယ်လို့ ထင် ပါတယ်။ နောက်တော့မှ ဓာတ်မီး တွေနဲ့ ရိုဟင်ဂျာဂျီနာဘာ၊ ပါကစ္စ တန်ဂျီနာဘာ (ရိုဟင်ဂျာ အောင် မြင်စေ၊ ပါကစ္စတန်အောင်မြင်ပါ စေ)ဆိုတဲ့ အသံတွေနဲ့ အော်ဟစ် ပြီးတော့ ဘင်္ဂါလီတွေ တက်လာပါ တယ်။ ကျွန်မတို့လည်း ကြောက် ပြီးတော့ ဌာနချုပ်ထဲကို ဝင်ပြေး ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ပစ် ခတ်ခဲ့တဲ့အချိန်က နှစ်နာရီကျော် အထိ ကြာမြင့်ခဲ့ပါတယ်’’ဟု နယ် ခြားစောင့် ရဲဌာနချုပ်အရှေ့ရှိ ဈေးတန်းတွင် ထမင်းဆိုင်ရောင်း နေသူ ဒေါ်နီက ပြောသည်။

နယ်ခြားစောင့် ရဲစခန်း ဝင် ရောက် တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့ပေါ်နှင့်

 ကျေးလက်ဒေသများသို့ ပြေးဆွဲသွားလာနေ သည့် ယာဉ်များမှာ အသွားအလာ မရှိတော့ဘဲ မြို့မဈေးကြီးနှင့် ဈေး ဆိုင်အများစုမှာလည်း ပိတ်ထားခဲ့ သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များက အဆိုပါနေရာအနီးရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မောင်တောမြို့ပေါ် လုံခြုံရေးကို တိုးမြှင့်လိုက်သည်။ မောင်တောခရိုင်တစ်ခုလုံးအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ည ၇ နာရီမှ နံနက် ၆ နာရီအထိ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုးမြှင့်သတ်မှတ်လိုက်သည်။ မောင်တော ခရိုင်အတွင်း ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှ နံနက် ၄ နာရီအထိဖြစ်သည်။

နယ်ခြားစောင့် ရဲစခန်းများ ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် မောင်တောမြို့ပေါ်နှင့် ကျေးလက်ဒေသများမှ တိုင်းရင်းသားအများ စုသည် ကြောက်လန့်စိုးရိမ်နေကြပြီး လုံခြုံသည့် နေရာများသို့ ပြောင်း ရွှေ့နေမှုများလည်း ရှိနေသည်။  အောက်တိုဘာ ၈ ရက်က စတင်စစ်ဆေးနေသည့် အခြေခံ ပညာကျောင်းများ၏ ပထမနှစ် ဝက်စာမေးပွဲကို အကန့်အသတ် မရှိ နောက်ဆုတ်လိုက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။

နယ်ခြားစောင့် ရဲဌာနချုပ်အ ပါအဝင် ရဲစခန်းများ ဝင်ရောက် တိုက်ခိုက်ခြင်း မခံရမီ အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့အ စည်းများ၊ ဆန့်ကျင်ဘက်အဖွဲ့အ စည်းများက စစ်ရေးနည်း၊ နိုင်ငံ ရေး  နည်းလမ်းဖြင့် ဆန့်ကျင်တိုက်ခိုက်မှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ကြောင်း သုံးသပ် တွေ့ရှိရသဖြင့် လုံခြုံရေး အထူး ဂရုပြုစီမံချက် ချမှတ်ဆောင်ရွက် ကြရန် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဌာနဆိုင်ရာများသို့ အောက်တိုဘာ ၄ ရက်တွင် အကြောင်းကြားစာပေး ပို့ သတိပေးထားသည်။
 လွန်ခဲ့သည့်  ၂၀၁၄  မေလ ၁၇ ရက်က မောင်တောမြို့ နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင် (၅၁/၅၂)တွင် လုံခြုံရေး ကင်း လှည့်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ΡΣΟ အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ် ဖွဲ့ဝင်လေးဦး ပွဲချင်းပြီးသေဆုံးပြီး ဒုရဲအုပ်တစ်ဦး ဒဏ်ရာပြင်းထန် စွာ ရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top