Property Expo
×

ေန႔စဥ္ ေခ်ာကလက္စားခ်င္စိတ္ အာသာျပင္းျပတာ မေကာင္းတဲ့အခ်က္တစ္ခုလုိ႕ေတာ့ ေျပာလို႕မရပါဘူး။ တကယ္လုိ႔ သင္ဟာ အားကစားသမား သုိ႔မဟုတ္ ေလ့က်င့္ခန္း ခုံမင္သူတစ္ဦးျဖစ္ပါက စိတ္ဝင္စားစရာသတင္းအခ်က္အလက္တခ်ဳိ႕ရိွပါတယ္။ ေခ်ာကလက္ကို အဆာေျပစားသုံးဖုိ႔ အၾကံျပဳထားပါတယ္။ Cocoa ရဲ႕ ေကာင္းက်ဳိးေတြအေၾကာင္း သက္ေသအေထာက္အထားေတြ ရိွပါတယ္။

ေခ်ာကလက္ ၁ ေအာင္စခြဲ ေန႔စဥ္ စားေပးတာက အားကစားလုပ္ေဆာင္ႏုိင္စြမ္း အမွန္တကယ္ တုိးျမွင့္ေပးႏုိင္ပါတယ္။ ဘာေၾကာင့္လဲ။ cocoa ပဲေတြမွာ ေတြ႔ရတဲ့ flavonols က ေသြးလည္ပတ္မႈ ေထာက္ပံ့ေပးျပီး ေလ့က်င့္ခန္းလုပ္ေနစဥ္ ခႏၶကိုယ္ ေအာက္စီဂ်င္လုိအပ္ေနမႈ ေလွ်ာ့နည္းေစေၾကာင္း ၾသစေၾတးလ်ားႏုိင္ငံ Deakin တကၠသုိလ္က မၾကာေသးမီေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။

ပုံေသအထုိင္စက္ဘီးနဲ႔ စမ္းသပ္ေလ့လာမႈမွာ အမ်ဳိးသားအားကစားသမား ၉ ေယာက္ ပါဝင္စမ္းသပ္ခံခဲ့ပါတယ္။ ေလ့က်င့္ခန္းကို ေခ်ာကလက္မပါပဲ အရင္ဦးဆုံး စမ္းသပ္လုပ္ေဆာင္ခဲ့ပါတယ္။ ျပီးေတာ့ တစ္ေန႔ ေခ်ာကလက္ ၄၀ ဂရမ္ (၂) ပတ္ၾကာ စားသုံးျပီးေနာက္ ေလ့က်င့္ခန္းျပဳလုပ္ခဲ့ရာမွာ ေခ်ာကလက္စားသုံးမႈက ေအာက္စီဂ်င္ သြင္းယူႏႈန္း၊ အဆုတ္ရဲ႕စြမ္းေဆာင္ႏုိင္မႈ၊ ေလ့က်င့္ခန္းေဆာင္ရြက္မႈအခ်ိန္စတာေတြ ၁၇% တုိးတက္ေကာင္းမြန္ေစခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

နေ့စဉ် ချောကလက်စားချင်စိတ် အာသာပြင်းပြတာ မကောင်းတဲ့အချက်တစ်ခုလို့တော့ ပြောလို့မရပါဘူး။ တကယ်လို့ သင်ဟာ အားကစားသမား သို့မဟုတ် လေ့ကျင့်ခန်း ခုံမင်သူတစ်ဦးဖြစ်ပါက စိတ်ဝင်စားစရာသတင်းအချက်အလက်တချို့ရှိပါတယ်။ ချောကလက်ကို အဆာပြေစားသုံးဖို့ အကြံပြုထားပါတယ်။ Cocoa ရဲ့ ကောင်းကျိုးတွေအကြောင်း သက်သေအထောက်အထားတွေ ရှိပါတယ်။

ချောကလက် ၁ အောင်စခွဲ နေ့စဉ် စားပေးတာက အားကစားလုပ်ဆောင်နိုင်စွမ်း အမှန်တကယ် တိုးမြှင့်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲ။ cocoa ပဲတွေမှာ တွေ့ရတဲ့ flavonols က သွေးလည်ပတ်မှု ထောက်ပံ့ပေးပြီး လေ့ကျင့်ခန်းလုပ်နေစဉ် ခန္ဓကိုယ် အောက်စီဂျင်လိုအပ်နေမှု လျှော့နည်းစေကြောင်း သြစတြေးလျားနိုင်ငံ Deakin တက္ကသိုလ်က မကြာသေးမီလေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။

ပုံသေအထိုင်စက်ဘီးနဲ့ စမ်းသပ်လေ့လာမှုမှာ အမျိုးသားအားကစားသမား ၉ ယောက် ပါဝင်စမ်းသပ်ခံခဲ့ပါတယ်။ လေ့ကျင့်ခန်းကို ချောကလက်မပါပဲ အရင်ဦးဆုံး စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ တစ်နေ့ ချောကလက် ၄၀ ဂရမ် (၂) ပတ်ကြာ စားသုံးပြီးနောက် လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာမှာ ချောကလက်စားသုံးမှုက အောက်စီဂျင် သွင်းယူနှုန်း၊ အဆုတ်ရဲ့စွမ်းဆောင်နိုင်မှု၊ လေ့ကျင့်ခန်းဆောင်ရွက်မှုအချိန်စတာတွေ ၁၇% တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top