Property Expo
×
ကြိုးခုန်ပါ...
ကယ်လ်စီယမ်မှီဝဲပါ...
ဘောလုံးကန်ပါ...
ပဲပိစပ်စားပါ...
ကြက်ဥ/ဘဲဥစားပါ...
Credit:Aye Chan Mon
#Unicode Version
အသက်ကြီးလာမှ အရပ်ရှည်ထွက် လာဖို့ မလွယ်ပါဘူး။ ငယ်စဉ် ကလေးဘဝ ကတည်းက သဘာဝနည်း အတိုင်း အရပ်ရှည်ထွက် လာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုသလို အစားအသောက် တွေကလည်း အရေးကြီး ပါတယ်။ အသက်၂၁ နှစ်ကျော်ချိန်မှာ ကြီးထွားမှု ရပ်တန့်သွားလေ့ ရှိတာကြောင့် အသက် ၂၁ နှစ်မတိုင်မီမှာ အရပ်မြင့်လာစေဖို့ လိုက်နာသင့်တဲ့ နည်းတွေကို ရေးသား လိုက်ရပါတယ်။
ကြိုးခုန်ပါ...
ကြိုးခုန် တာကြောင့် သွေးလှည့်ပတ် မှုကို ကောင်းမွန် စေရုံသာမက ကြွက်သား တွေကို ကြီးထွား စေပါတယ်။ အရပ်မြင့် စေတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ နွားနို့သောက်ပါ
ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီ ယမ်စတဲ့ အာဟာရဓာတ် သုံးမျိုး ပါဝင် တဲ့ နွားနို့ကို ပုံမှန်သောက်တာကြောင့် အ ရပ်ရှည်စေပါတယ်။
ကယ်လ်စီယမ်မှီဝဲပါ...
အစစ်မှန်ဆုံး ကယ်လ်စီယမ်အမျိုး အစား Coral Calcim ဟာ အရိုးသိပ် သည်းဆကို ကောင်းမွန်စေပြီး ကြီးထွားမှု ကို အားပေးပါတယ်။
ဘောလုံးကန်ပါ...
ခြေထောက်အောက်ပိုင်း ကြီးထွား စေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။
ပဲပိစပ်စားပါ...
ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတဲ့ ပဲပိစပ်ဟာ ကြွက်သားတွေရဲ့ ကြီးထွားမှုကို တိုးမြင့်စေပါတယ်။
ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ...
ကိုယ်နေဟန် မတ်မတ်ထားပြီး ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ် ကြွက်သားတွေကို ပျော့ပျောင်း စေပြီး ကြီးထွားမှု ဖြစ်စေပါတယ်။
တိရစ္ဆာန်ထွက်ပရိုတင်းမှီဝဲပါ...
ကြက်သား၊ အမဲသား စတဲ့ တိရစ္ဆာန် ထွက်ပရိုတင်း ဓာတ်တွေဟာ ကြွက်သား တွေကို ကြီးထွား စေပါတယ်။ ကြွက်သား ကြီးထွားသန်စွမ်းမှု အတွက် အကောင်း ဆုံး ပရိုတင်း အရင်း အမြစ်လည်း ဖြစ်ပါ တယ်။
မြွေဟောက်ပုံစံ ယောဂကျင့်စဉ်လုပ်ပါ...
ဦးခေါင်းကို မြွေလို ထောင်ပြီး ကြမ်း ပြင်ပေါ်မှာ ပက်လက်လှန်ကာ လှဲရင်း ပြု လုပ်ရတဲ့ ယောဂကျင့်စဉ်ဟာ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားတွေကို ဆွဲဆန့်ပြီး အရပ်ရှည်ထွက် စေပါတယ်။
ကြက်ဥ/ဘဲဥစားပါ...
ကြက်ဥ၊ဘဲဥထဲမှာ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဒီ အများအပြား ပါဝင် ပါတယ်။ ဒီအာဟာရ ဓာတ်သုံးမျိုးစလုံး ဟာ အရပ်ရှည်စေပါတယ်။
ကိုယ်နေဟတ် မတ်မတ်ထားပြီး ဘားတန်းဆွဲပါ...
ဘားတန်းကို လက်နဲ့ ဆွဲတဲ့အခါ ကိုယ်နေဟန် မတ်မတ်ထားလိုက်ရင် အ ရပ်ရှည်ထွက် စေပါတယ်။ အသက်ငယ် စဉ် ဘားတန်းဆွဲရင် ကျောရိုးမကြီးကို ကြီးထွား သန်စွမ်း စေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Aye Chan Mon
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top