Property Expo
×

အျပင္ထြက္လိုက္တိုင္း မ်က္ႏွာက အဆီျပန္ၿပီး ညစ္ႏြမ္းလာတာ၊ ယားယံတာေတြျဖစ္ေနၿပီဆုိရင္ေတာ့ အဲ့ဒီေနရာရဲ႕ေလထုက မသန္႔စင္လို႔ပါပဲ။ ေလထုညစ္ညမ္းမႈဟာ ကမၻာႀကီးကို ဖ်က္ဆီးေနရံုသာမက သင့္အသားအေရကိုပါ ဒုကၡေပးပါတယ္။

ညစ္ညမ္းတဲဲ့ေလထု႐ွိရာ ပတ္ဝန္းက်င္မွာ ေနထိုင္ရဖန္မ်ားလာတဲ့အခါ သင့္အသားအေရက အရင္လို သက္ေတာင့္သက္သာမ႐ွိေတာ့ပါဘူး။ ထိခိုက္လြယ္တဲ့ sensitive skin ျဖစ္လာပါတယ္။ စိုေျပမႈမ႐ွိေတာ့တဲ့ အသားအေရက ေျခာက္ကပ္ကပ္လာသလို စိုေျပဝင္းလက္္မႈလည္း ေလ်ာ့က်သြားပါတယ္။ အေရျပားရဲ႕ ႏုပ်ိဳႏိုင္စြမ္းပမာဏကလည္း တျဖည္းျဖည္းေလ်ာ့က်လာပါတယ္။

တကယ္လို႔ ေလထုညစ္ညမ္းတဲဲ့ေနရာမွာ ေနထိုင္ရတယ္ဆုိရင္ အသားအေရလွပေအာင္ ေရမ်ားမ်ားေသာက္ေပးရပါမယ္။ အရည္႐ႊမ္းတဲ့သီးႏွံေတြကိုလည္း စားသံုးရမွာျဖစ္ၿပီး antixoidant လို႔ေခၚတဲ့ ဓာတ္တုိးဆန္႔က်င္ဂုဏ္သတၱိ ပါဝင္တဲ့ အာဟာရျပည့္အစားအစာေတြကို စားသံုးေပးရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အပြင်ထွက်လိုက်တိုင်း မျက်နှာက အဆီပြန်ပြီး ညစ်နွမ်းလာတာ၊ ယားယံတာတွေဖြစ်နေပြီဆိုရင်တော့ အဲ့ဒီနေရာရဲ့လေထုက မသန့်စင်လို့ပါပဲ။ လေထုညစ်ညမ်းမှုဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေရုံသာမက သင့်အသားအရေကိုပါ ဒုက္ခပေးပါတယ်။

ညစ်ညမ်းတဲ့လေထုရှိရာ ပတ်ဝန်းကျင်မှာ နေထိုင်ရဖန်များလာတဲ့အခါ သင့်အသားအရေက အရင်လို သက်တောင့်သက်သာမရှိတော့ပါဘူး။ ထိခိုက်လွယ်တဲ့ sensitive skin ဖြစ်လာပါတယ်။ စိုပြေမှုမရှိတော့တဲ့ အသားအရေက ခြောက်ကပ်ကပ်လာသလို စိုပြေဝင်းလက်မှုလည်း လျော့ကျသွားပါတယ်။ အရေပြားရဲ့ နုပျိုနိုင်စွမ်းပမာဏကလည်း တဖြည်းဖြည်းလျော့ကျလာပါတယ်။

တကယ်လို့ လေထုညစ်ညမ်းတဲ့နေရာမှာ နေထိုင်ရတယ်ဆိုရင် အသားအရေလှပအောင် ရေများများသောက်ပေးရပါမယ်။ အရည်ရွှမ်းတဲ့သီးနှံတွေကိုလည်း စားသုံးရမှာဖြစ်ပြီး antixoidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ပါဝင်တဲ့ အာဟာရပြည့်အစားအစာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top