Property Expo
×

ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္ မိုင္ ၂၀ အေရွ႕ေက်းရြာမွာ ကေလး ၃ ဦးကို မေကာင္းဆိုးဝါး ပူးေနတယ္ဆိုၿပီး ေသတဲ့အထိ ရိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ ပေယာဂ ဆရာကို ဖမ္းၿပီး ရဲစခန္းကို အပ္ႏွံနိုင္ေအာင္ အဓိက ႀကိဳးပမ္းခဲ့သူဟာ ေဒသခံ ေက်းလက္ က်န္းမာေရး ေစတနာဝန္ထမ္း ဆရာမ ေနာ္ေဖာေမေစး ျဖစ္ပါတယ္။

ေနာ္ေဖာေမေစးဟာ ကေလး ၃ ေယာက္ ေသဆုံးတာကို ၾကားသိရၿပီး ေသဆုံးတဲ့အထဲမွာ ပါသြားတဲ့ ကေလး ၁ ဦးရဲ့ အစ္မနဲ႔ အစ္ကိုျဖစ္သူကို ရိုက္ႏွက္ၿပီး ထပ္မံကုသေနတဲ့ ပေယာဂဆရာရဲ့ လုပ္ရပ္ကို ေဖာ္ထုတ္ခဲ့တာပါ။ ပေယာဂဆရာ တည္းခိုေနတဲ့ ေနရာအထိ ေနာက္ေယာင္ခံလိုက္ၿပီး ေဒသခံ ရပ္/ေက်း အုပ္ခ်ဳပ္မွူးေတြနဲ႔ ပူးေပါင္းဖမ္းဆီးၿပီး ရဲလက္ကို အပ္ႏွံလိုက္တာ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဧရာဝတီသတင္းေထာက္ ေက်ာ္ခ က ဆရာမ ေနာ္ေဖာေမေစးကို ဆက္သြယ္ ေမးျမန္းထားပါတယ္။

ေမး ။ ။ ဆရာမ အေနနဲ႔ ဒီျဖစ္စဥ္ကို ဘယ္လုံပုံစံနဲ႔ စသိခဲ့တာလဲ။

ေၿဖ ။ ။ ေအာင္စိုးမိုး (ကေလးမိဘ) တို႔အဖြဲ႕က ရြာထဲကို ဝင္လာတယ္။ သူ႔ေယာကၡမ အိမ္က က်မအိမ္ ေနာက္ေဖးမွာ ရွိတယ္။ က်မအိမ္ကို ျဖတ္ၿပီးမွပဲ သူေယာကၡမ အိမ္ကို ဝင္လို႔ရတယ္။ သူတို႔ကလည္း ခါတိုင္းက အဲဒီလို ဝင္ထြက္သြားလာေနၾကပဲ။ (ေအာက္တိုဘာ) ၂၀ ရက္ေန႔ ၾကာသပေတးေန႔ ၅ နာရီခြဲမွာ က်မအိမ္ေရွ႕ကေန သူတို႔ အုပ္လိုက္ တက္လာၾကတယ္။ အုပ္လိုက္ တက္လာၾကၿပီးေတာ့ သူ႔ေယာကၡမ အိမ္ကို သြားၾကတယ္။
ခါတိုင္းလည္း သြားေနၾကပဲ။ အဲဒီကိုသြားေတာ့ ေအာင္စိုးမိုး ဇနီး ဘိုမကေန က်မကို မေစးေရ က်မသမီးေလး မရွိေတာ့ဘူးတဲ့။ မရွိေတာ့ ဘယ္လိုျဖစ္သလဲဆိုေတာ့ ေသသြားၿပီတဲ့။ ကိုစိုးမိုး ကေလးတေယာက္လည္း ေသသြားၿပီတဲ့။ နင္က ၂ ေယာက္ဆိုေတာ့ ဟုတ္တယ္၊ ဘာဂ်ာ ကေလးပါ ေသသြားၿပီတဲ့။ ကေလးေသတယ္ဆိုတာ ကိုယ့္ကို ေျပာၿပီးေတာ့ ငိုလည္း မငိုဘူး အဲဒီလိုေျပာၿပီးေတာ့ပဲ ျပန္သြားတယ္။ အဲဒီေတာ့ကေလး ၃ ေယာက္ ေသသြားတဲ့ အေၾကာင္းကို ပတ္ဝန္းက်င္က ၾကားတာေပါ့။

ကေလး အေကာင္းႀကီးကေန ေသသြားတယ္ဆိုေတာ့ စိတ္ေတာ့ မေကာင္းဘူးေပါ့။ ေမးေတာ့လည္း သူတို႔က ဘာတခုမွ ေကာင္းေကာင္း မေျဖၾကဘူး။ ဘာမွလည္း မေျပာၾကဘဲနဲ႔ ဇေဝဇဝါနဲ႔မ်က္ႏွာက တမ်ိဳးေတြျဖစ္ေနတယ္။ ခါတိုင္းလာတဲ့ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္မ်က္ႏွာေတြလည္း မဟုတ္ဘူးေပါ့။ အဲဒီကေလး ၃ ေယာက္ အေၾကာင္းပဲ ေျပာရင္းေျပာရင္းနဲ႔ အခ်ိန္က ညေန ၅ နာရီ၊ ၆ နာရီေက်ာ္လာေတာ့ ေအာင္စိုးမိုးနဲ႔ ေက်ာ္စြာနဲ႔ ႏွစ္ေယာက္စလုံးက သူတို႔ႏွစ္ေယာက္ေနၿပီးေတာ့ လာၿပီးေတာ့ ပဲ့ေထာင္ လာငွားတယ္၊ မေစးေရ ပဲ့ေတာင္ ငွားဦးတဲ့၊ မိုင္းဆယ္သြားမလို႔တဲ့။ ခါတိုင္းလည္း အဲဒီလိုပဲ လာငွားေနၾကဆိုေတာ့ က်မလည္း ေပးလိုက္ေရာ၊ ငွားေပးလိုက္ေတာ့ နာရီဝက္ပဲၾကာတယ္။ သူတို႔သြားေတာ့ ႏွစ္ေယာက္၊ က်မလည္း ၾကည့္ေနတာေပါ့၊ သူတို႔ ဘာလုပ္လဲဆိုတာ။

ကေလး ၃ ေယာက္ေသထားေတာ့ ကေလးက ေရနစ္တာလားဆိုတာလည္း ေျပာလို႔မရ၊ အေကာင္းႀကီး ကေန ေသတာဆိုေတာ့ ပတ္ဝန္းက်င္ကလည္း ၾကည့္ေနတာေပါ့။ ကိုယ္ကိုယ္တိုင္ကလည္း သူတို႔ကို ဂ႐ုစိုက္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကေလးေတြကလည္း မ်ားေတာ့ ကေလးေတြကို ဘာေဆး ညာေဆးေတြ တိုက္မွာစိုးလို႔ေပါ့။ ကိုယ္ကိုယ္တိုင္ကလည္း ကေလးေတြ ေနမေကာင္းတုန္းက ေဆး႐ုံေဆးခန္း အထိ လိုက္ပို႔ေပးတယ္၊ အဲဒီေလာက္အထိ အဲဒီကေလးေတြကို ဂ႐ုစိုက္ေပးတယ္။

အခု ပဲ့ေထာင္သြားငွားၿပီး နာရီဝက္ေလာက္ၾကာေတာ့ လူတေယာက္ပါလာတယ္။ အဲ့ဒီေတာ့ ပဲ့ေထာင္ဆိုက္ၿပီးေတာ့ အိမ္ေဘးနားကပဲ ျဖတ္သြားတယ္။ အဲ့ဒါနဲ႔ ေက်ာ္စြာကို က်မ ေမးတာေပါ့၊ အဲ့ဒါဘယ္သူလဲ ဘာလဲေပါ့။ ပေယာဂဆရာတဲ့။

ေမး ။ ။ ပေယာဂဆရာက ကေလးေတြကို ႏွိပ္စက္ေနတာ ကိုယ္တိုင္ေတြ႕ခဲ့တယ္ဆိုတာ ဘယ္လိုပုံစံနဲ႔ ေတြ႕ခဲ့တာလဲ။

ေၿဖ ။ ။ ပေယာဂ ဆရာသြားတဲ့ အိမ္ေနာက္ ေနာက္ေယာင္ခံ လိုက္သြားေတာ့ ဟိုက်ေတာ့ ဖေယာင္းတိုင္ေတြ အေမႊးတိုင္ေတြ ထြန္းထားတာေပါ့။ အဲ့ဒါနဲ႔ ေနာက္ ဆန္ေတာင္းတယ္၊ ဆန္မရွိေတာ့ ေက်ာ္စြာက သူ႔အိမ္က ေျပးယူတာေပါ့။ က်မၾကည့္ေနေတာ့ ေနာက္အိမ္ေပၚတက္သြားၿပီး ဇလုံထဲကို ထည့္လိုက္တယ္။ က်မက အိမ္ေအာက္ကပဲ ၾကည့္ေနတာေပါ့။ သူက မ်က္လုံးကို ေဝ့လည္ေနေတာ့ အလင္းေရာင္ စူးရင္လည္း ကိုယ့္ျမင္ရင္လည္း မႀကိဳက္တဲ့သေဘာမွာ ရွိတယ္။ အဲဒီေတာ့ အိမ္ေပၚတက္တယ္၊ အိမ္ေပၚတက္ျပန္ေတာ့လည္း ခုန ေရေတြဘာေတြ ဆန္ေတြနဲ႔ေပါက္ေနတာ။ ၾကည့္ေနတဲ့အခါက်ေတာ့ သူက ဆန္ေတြနဲ႔ၾကဲလိုက္၊ ေရေတြနဲ႔ျဖန္းလိုက္ လုပ္ေနတာ။

ေနာက္ ဘုရားစာရြတ္တာလည္း မဟုတ္ဘူး။ ဘာေတြလည္း မသိဘူး ရြတ္ေနတာပဲ၊ ပီကလာ မပီကလာ နဲ႔ ရြတ္ေနတာပဲ။ ကိုယ္ကလည္း ေခ်ာင္းေနရတယ္ဆိုေတာ့ ေပၚတင္ႀကီး သြားၿပီးေတာ့လည္း ၾကည့္လို႔မရဘူးေလ။ သဲကြဲတာေတြက သဲကြဲ၊ မသဲကြဲတာေတြက မသဲကြဲေပါ့။ ေခ်ာင္းရင္း ေခ်ာင္းရင္းနဲ႔ ညနက္လာေရာ၊ ညလည္း နက္လာေရာ ကေလးေတြကေတာ့ ေကြးေကြးေလး အိပ္ေပ်ာ္ကုန္ၿပီ။ ညနက္ၿပီဆိုေတာ့ ကေလးေတြက အိပ္ကုန္တာေပါ့။ ပထမတုန္းကေတာ့ ကေလးေတြက ရြစီရြစီလွုပ္ေနေတာ့ သူက ဆန္ေတြနဲ႔ပဲ ေပါက္ေနတာ။ ဆန္နဲ႔ေပါက္ခ်က္ကေတာ့ ဆန္ယူလာတဲ့ ၄၊ ၅၊ ၆ ျပည္က ကုန္သေလာက္ ရွိေနၿပီ။

၁၂ နာရီလည္း ထိုးေတာ့ လူႀကီးေတြက ဆန္႔တန္႔ဆန္႔တန္႔ျဖစ္ေနေတာ့ ဘာကို ဆက္လုပ္မလဲ ဆက္ၾကည့္ေနေတာ့ အိပ္ေပ်ာ္ေနတဲ့ ကေလးေတြကို တခါတည္းပဲ ထၿပီး ေဆာင့္ကန္ၿပီးေတာ့ ဆြဲၿပီး လႊင့္ပစ္တာ၊ အဲဒီမွာ သူ႔ဦးေလးက အဲဒီအိမ္ေပၚမွာပဲ ရွိေသးတယ္။ သူ႔ဦးေလးက အိုးအိုးအန္႔အန္႔ ျဖစ္သြားတယ္။ က်မလည္း ၾကည့္ေနရင္း အိုးအိုးအန္႔အန္႔ ျဖစ္ေနတယ္။ က်မနဲ႔အတူ ၾကည့္ေနတဲ့ ေဒၚခင္သန္းက တခါတည္း ေပါက္ကြဲသြားတယ္။ ကေလး ၃ ေယာက္ ေသသြားတာလည္း ၾကားထားေတာ့၊ အဲဒီလို လုပ္တာလည္းေတြ႕ေရာ သူက တခါတည္း အိမ္ေပၚတက္ၿပီးေတာ့ ဘာဆရာလဲ၊ ဒါ ကေလးသတ္ေနတဲ့ ဆရာတဲ့၊ မဟုတ္ေတာ့ဘူးဆိုၿပီး သူ အသံကုန္ဟစ္ေအာ္တာပဲ။

အဲ့ဒါနဲ႔ က်မအိမ္မွာ ရွိေနတဲ့ ကေလးေတြနဲ႔ ပတ္ဝန္းက်င္က လူေတြက အကုန္လုံးလာၾကတယ္၊ အဲဒီေတာ့ ေဒၚခင္သန္း ေယာက်ာ္းက အိမ္ေပၚတက္သြားတယ္ သူ႔မိန္းမက ဒီလိုျဖစ္တယ္ဆိုေတာ့။ ေအာင္စိုးမိုးဆိုကေတာ့ ဆန္႔ေနတယ္ ေတာင့္ေတာင့္ႀကီး၊ က်န္တဲ့လူေတြ ကေတာ့ နည္းနည္းေပါ့၊ ေအာင္စိုးမိုးဆိုတဲ့ လူကေတာ့ ေတာင့္ေတာင့္ႀကီး ေခၚလို႔လည္း မရဘူး၊ အဲ့ဒါနဲ႔သူက ဆန္ကိုယူၿပီးေတာ့ ဆန္ကို ေပါက္ခ်လိုက္မွ ေငါက္ခနဲ ထလာတယ္။

မဟုတ္ေသးဘူးလို႔ ဒီလို က်ယ္ေလာင္က်ယ္ေလာင္နဲ႔ ျဖစ္ေနတာ ကေလးကလည္း ေသထားတာ ၃ ေယာက္ဆိုေတာ့ ဒီတခါ ဒီလိုဆူညံ့ဆူညံ့နဲ႔ ဘယ္လိုလုပ္ ၿပီးနိုင္မလဲေပါ့။ ေနာက္ ပေယာဂဆရာကလည္း သူ႔ကို မိုင္ ၂၀ ျပန္ပို႔ေပးေပါ့။ ရွိသမၽွလူေတြက သူ႔ေနာက္ကို အကုန္လုံးျပန္လိုက္မလို႔၊ အဲ့ဒါေတာ့ က်မတို႔ အပါမခံနိုင္ဘူးဆိုေတာ့ ဆြဲထားရတာ ေအာင္စိုးမိုး မိန္းမ ဘိုမကိုလည္း ဆြဲထားရတာ၊ ၾကာေဖာ ကိုလည္း ဆြဲထားဆိုၿပီးေတာ့ က်မတို႔ကေတာ့ မိတဲ့သူကို ဆြဲထားရတာေပါ့။ ၾကာေဖာ က က်မကို ေျပာတယ္။ လိုက္မွာပဲတဲ့။

က်မက နင့္ကေလး သတ္ထားတဲ့လူ ေနာက္ကို လိုက္မွာလား။ နင္ စိတ္မထိခိုက္ဘူးလားလို႔ ေမးလိုက္တယ္။ ေမးလိုက္ေတာ့ သူ႔တို႔ကိုယ္ စားမယ့္၊ ဝါးမယ့္အေကာင္တဲ့၊ က်မတို႔ ဝမ္းမနည္းဘူးတဲ့။ အဲ့ဒါနဲ႔ တခါတည္း က်မ ဆံပင္ကို ေဆာင့္ဆြဲ ၿပီးေတာ့ သူသိလား၊ မသိလားေတာ့ က်မ မသိဘူး။ သြား … ဦးတင္ေအာင္ အိမ္သြား ငါနင့္ကို အပါမခံနိုင္ဘူးေျပာၿပီး ဦးတင္ေမာင္အိမ္ဆီ က်မလြတ္လိုက္တာ။ ညကလည္း ဦးတင္ေမာင္အိမ္မွာပဲ သြားအိပ္တာေပါ့။

ေမး ။ ။ အဲဒီေတာ့ ဘာေတြ ဆက္ျဖစ္ေသးလဲ။

ေၿဖ ။ ။ အဲဒီေတာ့ စက္ေလွလည္း ထြက္သြားၿပီ။ ပေယာဂ ဆရာလည္း ပါသြားၿပီ ဆိုေတာ့ ဒီဇာတ္လမ္း ဒီနားမွာ ရပ္ဖို႔ ကိုယ့္ကေလးေတြ ေသသြားၿပီ၊ သူမ်ားေမးရင္ ဘယ္လိုေျဖမလဲ ရွိေသးတယ္ေနာ္လို႔၊ နင္တို႔ ေသေသခ်ာခ်ာ စဥ္းစားဦးလို႔၊ အဲဒီေတာ့ အကုန္လုံး ဦးေဆာင္မယ့္သူကလည္း မရွိ အဲလို ျဖစ္ေနတာ။ ကိုယ္လည္း ကိုယ္နဲ႔မဆိုင္ဘူး ဆိုၿပီး ျပန္အိပ္လည္းရတယ္။ က်မစိတ္ထဲမွာ အဲဒီလိုမ်ိဳး မရွိဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီကေလး ၃ ေယာက္ ဘာေၾကာင့္ ဘယ္လိုေသတာလဲ ဆိုတာကို ေတာ္ေတာ္ေလး သိခ်င္ေနတာ။

ေမး ။ ။ ပေယာဂ ဆရာကို ဘယ္လိုဖမ္းလိုက္တာလဲ။

ေၿဖ ။ ။ ကေလးေတြက အေကာင္းႀကီးကေန ေသတယ္ဆိုတာလည္း သိေနတယ္၊ မျဖစ္ဘူးဆိုၿပီးေတာ့ က်မဖုန္းဆက္ လိုက္တယ္၊ စက္ေလွတစီး ငွားလိုက္တယ္။ ငါ့ ပဲ့ေတာင္ သူမ်ားခိုးသြားလို႔ ညဘက္ႀကီး မၾကာေသးဘူး ထြက္သြားတယ္ေပါ့။ အဲ့လိုေျပာမွလည္း စက္ေလွျမန္ျမန္လာေအာင္ လိမ္ေျပာတာေပါ့၊ ကိုယ့္ကိုယ္ ကူညီမယ္ဆိုၿပီး စက္ေလွကလည္း မၾကာဘူး၊ ေအး … ေအး … လာမယ္တဲ့၊ စက္ေလွ သမားကလာေတာ့ ဘယ္သြားရမွာလဲဆိုေတာ့ မိုင္ ၂၀ ကိုသြားလို႔၊ ေက်ာ္စြာကို ေျပာလိုက္တယ္၊ နင္တို႔ သြားေခၚလာတဲ့ အိမ္ကိုသြား၊ နင္တို႔ေခၚလာတဲ့သူ ရွိမယ္ဆိုရင္ ဒီကိုျပန္ၿပီး အေၾကာင္းျပန္လာၾကားလို႔ တခါတည္း တို႔ စီစဥ္မယ္ဆိုၿပီးေတာ့ က်မတခါတည္း ဆရာဝန္ကို သြားေခၚလိုက္တယ္။ သြားေခၚလိုက္ေတာ့ ဆရာဝန္က လာတယ္။

အဲဒီ ဆရာကို သြားေခၚၿပီးေတာ့ ဆရာကလည္း ဘာျဖစ္လို႔လဲဆိုေတာ့ ဆရာရယ္ အျဖစ္အပ်က္ေလးေတြက ဒီလိုပါပဲ၊ ဆရာ့ကို အႀကံဉာဏ္ေတာင္းခ်င္တယ္လို႔။ ဘာလုပ္ရင္ ေကာင္းမလဲလို႔ ဆရာတခ်က္ေတာ့ ကူညီပါလို႔၊ အဲဒီေတာ့ သူကလည္း လိုက္လာတယ္၊ လိုက္လာၿပီးေတာ့ က်မတို႔ အိမ္ေရွ႕မွာ တေအာင့္ေလးေနတယ္၊ ေနာက္ ေက်ာ္စြာလည္း ျပန္လာတယ္ ရွိတယ္တဲ့။ ရွိေနတယ္ဆိုေတာ့ ဆရာဝန္ကလည္း သြားမယ္တဲ့၊ ရာအိမ္မွူးအိမ္ကို သြားမယ္တဲ့ ဦးစိန္ေထြးကို သြားေခၚတယ္။

မိုင္ ၂၀ က ဆယ္အိမ္မွူး၊ ရာအိမ္မွူးတို႔ကို ေခၚၿပီးေတာ့ ပေယာဂဆရာ ေနတဲ့အိမ္ကို က်မတို႔သြားခဲ့တယ္၊ သြားခဲ့တဲ့အခါက်ေတာ့ အိမ္ေပၚေရာက္ေတာ့ သူ႔ကို အိမ္ဦးခန္းေနရာမွာ ေကာင္းေကာင္းမြန္မြန္ သိပ္ထားတာေပါ့၊ ျခင္ေထာင္ေလးနဲ႔၊ ဆယ္အိမ္မွူး၊ ရာအိမ္မွူးေတြက ေခၚၿပီးေတာ့ ဆရာလားဆိုေတာ့ သူကလည္း အင္း … တဲ့။ ဘာဆရာလဲ ေမးေတာ့ ကေလးေတြ ခႏၶာကိုယ္ထဲမွာရွိတဲ့ မေကာင္းဆိုးဝါးေတြကို ထုတ္ေပးတာေပါ့။ သြားမယ္ေပါ့ သက္ဆိုင္ရာကို သြားမယ္ဆိုၿပီးေတာ့ သူ႔ကို ႀကိဳးေလးပဲ ခ်ည္ထားတာ။ ဆယ္အိမ္မွူး၊ ရာအိမ္မွူးေတြနဲ႔အတူ က်မကိုယ္တိုင္ပဲ အဲဒီညမွာပဲ ရဲစခန္းကိို ပို႔လိုက္တယ္။

သူ႔ကိုယ္ဖမ္းေတာ့ သူ႔ကိုယ္ လိုက္ရွင္းေပးတဲ့ အဲဒီ အိမ္ရွင္ကို ေျပာတယ္။ က်မတို႔ကေတာ့ သက္ဆိုင္ရာကေနပဲ ရွင္းေတာ့မယ္ေပါ့။ ရဲစခန္းက ဘာေျပာလဲဆိုေတာ့ က်မကေတာ့ အျပင္မွာပဲ ေနခဲ့ရတယ္၊ အဲဒီ ရာအိမ္မွူးနဲ႔ ဆယ္အိမ္မွူးပဲ လိုက္သြားတယ္။ အထဲကိုဝင္ၿပီးေတာ့ ေတာ္ေတာ္ၾကာမွ က်မတို႔က အထဲကိုဝင္ရတာ။ အထဲကို ဝင္သြားၿပီးေတာ့ က်မက ဒဏ္ရာရေနတဲ့ ကေလးေလးကို ေဆး႐ုံကို လိုက္ပို႔တယ္။ ျပန္လာေတာ့မွ က်မကိုေမးတယ္။ က်မကိုေမးေတာ့ က်မေတြ႕ခဲ့ရတဲ့ ျဖစ္စဥ္ေတြ ေျပာျပတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy

#Unicode Version
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် မိုင် ၂၀ အရှေ့ကျေးရွာမှာ ကလေး ၃ ဦးကို မကောင်းဆိုးဝါး ပူးနေတယ်ဆိုပြီး သေတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ပယောဂ ဆရာကို ဖမ်းပြီး ရဲစခန်းကို အပ်နှံနိုင်အောင် အဓိက ကြိုးပမ်းခဲ့သူဟာ ဒေသခံ ကျေးလက် ကျန်းမာရေး စေတနာဝန်ထမ်း ဆရာမ နော်ဖောမေစေး ဖြစ်ပါတယ်။

နော်ဖောမေစေးဟာ ကလေး ၃ ယောက် သေဆုံးတာကို ကြားသိရပြီး သေဆုံးတဲ့အထဲမှာ ပါသွားတဲ့ ကလေး ၁ ဦးရဲ့ အစ်မနဲ့ အစ်ကိုဖြစ်သူကို ရိုက်နှက်ပြီး ထပ်မံကုသနေတဲ့ ပယောဂဆရာရဲ့ လုပ်ရပ်ကို ဖော်ထုတ်ခဲ့တာပါ။ ပယောဂဆရာ တည်းခိုနေတဲ့ နေရာအထိ နောက်ယောင်ခံလိုက်ပြီး ဒေသခံ ရပ်/ကျေး အုပ်ချုပ်မှူးတွေနဲ့ ပူးပေါင်းဖမ်းဆီးပြီး ရဲလက်ကို အပ်နှံလိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ကျော်ခ က ဆရာမ နော်ဖောမေစေးကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ဆရာမ အနေနဲ့ ဒီဖြစ်စဉ်ကို ဘယ်လုံပုံစံနဲ့ စသိခဲ့တာလဲ။

ဖြေ ။ ။ အောင်စိုးမိုး (ကလေးမိဘ) တို့အဖွဲ့က ရွာထဲကို ဝင်လာတယ်။ သူ့ယောက္ခမ အိမ်က ကျမအိမ် နောက်ဖေးမှာ ရှိတယ်။ ကျမအိမ်ကို ဖြတ်ပြီးမှပဲ သူယောက္ခမ အိမ်ကို ဝင်လို့ရတယ်။ သူတို့ကလည်း ခါတိုင်းက အဲဒီလို ဝင်ထွက်သွားလာနေကြပဲ။ (အောက်တိုဘာ) ၂၀ ရက်နေ့ ကြာသပတေးနေ့ ၅ နာရီခွဲမှာ ကျမအိမ်ရှေ့ကနေ သူတို့ အုပ်လိုက် တက်လာကြတယ်။ အုပ်လိုက် တက်လာကြပြီးတော့ သူ့ယောက္ခမ အိမ်ကို သွားကြတယ်။
ခါတိုင်းလည်း သွားနေကြပဲ။ အဲဒီကိုသွားတော့ အောင်စိုးမိုး ဇနီး ဘိုမကနေ ကျမကို မစေးရေ ကျမသမီးလေး မရှိတော့ဘူးတဲ့။ မရှိတော့ ဘယ်လိုဖြစ်သလဲဆိုတော့ သေသွားပြီတဲ့။ ကိုစိုးမိုး ကလေးတယောက်လည်း သေသွားပြီတဲ့။ နင်က ၂ ယောက်ဆိုတော့ ဟုတ်တယ်၊ ဘာဂျာ ကလေးပါ သေသွားပြီတဲ့။ ကလေးသေတယ်ဆိုတာ ကိုယ့်ကို ပြောပြီးတော့ ငိုလည်း မငိုဘူး အဲဒီလိုပြောပြီးတော့ပဲ ပြန်သွားတယ်။ အဲဒီတော့ကလေး ၃ ယောက် သေသွားတဲ့ အကြောင်းကို ပတ်ဝန်းကျင်က ကြားတာပေါ့။

ကလေး အကောင်းကြီးကနေ သေသွားတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ မေးတော့လည်း သူတို့က ဘာတခုမှ ကောင်းကောင်း မဖြေကြဘူး။ ဘာမှလည်း မပြောကြဘဲနဲ့ ဇဝေဇဝါနဲ့မျက်နှာက တမျိုးတွေဖြစ်နေတယ်။ ခါတိုင်းလာတဲ့ ပျော်ပျော် ရွှင်ရွှင်မျက်နှာတွေလည်း မဟုတ်ဘူးပေါ့။ အဲဒီကလေး ၃ ယောက် အကြောင်းပဲ ပြောရင်းပြောရင်းနဲ့ အချိန်က ညနေ ၅ နာရီ၊ ၆ နာရီကျော်လာတော့ အောင်စိုးမိုးနဲ့ ကျော်စွာနဲ့ နှစ်ယောက်စလုံးက သူတို့နှစ်ယောက်နေပြီးတော့ လာပြီးတော့ ပဲ့ထောင် လာငှားတယ်၊ မစေးရေ ပဲ့တောင် ငှားဦးတဲ့၊ မိုင်းဆယ်သွားမလို့တဲ့။ ခါတိုင်းလည်း အဲဒီလိုပဲ လာငှားနေကြဆိုတော့ ကျမလည်း ပေးလိုက်ရော၊ ငှားပေးလိုက်တော့ နာရီဝက်ပဲကြာတယ်။ သူတို့သွားတော့ နှစ်ယောက်၊ ကျမလည်း ကြည့်နေတာပေါ့၊ သူတို့ ဘာလုပ်လဲဆိုတာ။

ကလေး ၃ ယောက်သေထားတော့ ကလေးက ရေနစ်တာလားဆိုတာလည်း ပြောလို့မရ၊ အကောင်းကြီး ကနေ သေတာဆိုတော့ ပတ်ဝန်းကျင်ကလည်း ကြည့်နေတာပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့ကို ဂရုစိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကလည်း များတော့ ကလေးတွေကို ဘာဆေး ညာဆေးတွေ တိုက်မှာစိုးလို့ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း ကလေးတွေ နေမကောင်းတုန်းက ဆေးရုံဆေးခန်း အထိ လိုက်ပို့ပေးတယ်၊ အဲဒီလောက်အထိ အဲဒီကလေးတွေကို ဂရုစိုက်ပေးတယ်။

အခု ပဲ့ထောင်သွားငှားပြီး နာရီဝက်လောက်ကြာတော့ လူတယောက်ပါလာတယ်။ အဲ့ဒီတော့ ပဲ့ထောင်ဆိုက်ပြီးတော့ အိမ်ဘေးနားကပဲ ဖြတ်သွားတယ်။ အဲ့ဒါနဲ့ ကျော်စွာကို ကျမ မေးတာပေါ့၊ အဲ့ဒါဘယ်သူလဲ ဘာလဲပေါ့။ ပယောဂဆရာတဲ့။

မေး ။ ။ ပယောဂဆရာက ကလေးတွေကို နှိပ်စက်နေတာ ကိုယ်တိုင်တွေ့ခဲ့တယ်ဆိုတာ ဘယ်လိုပုံစံနဲ့ တွေ့ခဲ့တာလဲ။

ဖြေ ။ ။ ပယောဂ ဆရာသွားတဲ့ အိမ်နောက် နောက်ယောင်ခံ လိုက်သွားတော့ ဟိုကျတော့ ဖယောင်းတိုင်တွေ အမွှေးတိုင်တွေ ထွန်းထားတာပေါ့။ အဲ့ဒါနဲ့ နောက် ဆန်တောင်းတယ်၊ ဆန်မရှိတော့ ကျော်စွာက သူ့အိမ်က ပြေးယူတာပေါ့။ ကျမကြည့်နေတော့ နောက်အိမ်ပေါ်တက်သွားပြီး ဇလုံထဲကို ထည့်လိုက်တယ်။ ကျမက အိမ်အောက်ကပဲ ကြည့်နေတာပေါ့။ သူက မျက်လုံးကို ဝေ့လည်နေတော့ အလင်းရောင် စူးရင်လည်း ကိုယ့်မြင်ရင်လည်း မကြိုက်တဲ့သဘောမှာ ရှိတယ်။ အဲဒီတော့ အိမ်ပေါ်တက်တယ်၊ အိမ်ပေါ်တက်ပြန်တော့လည်း ခုန ရေတွေဘာတွေ ဆန်တွေနဲ့ပေါက်နေတာ။ ကြည့်နေတဲ့အခါကျတော့ သူက ဆန်တွေနဲ့ကြဲလိုက်၊ ရေတွေနဲ့ဖြန်းလိုက် လုပ်နေတာ။

နောက် ဘုရားစာရွတ်တာလည်း မဟုတ်ဘူး။ ဘာတွေလည်း မသိဘူး ရွတ်နေတာပဲ၊ ပီကလာ မပီကလာ နဲ့ ရွတ်နေတာပဲ။ ကိုယ်ကလည်း ချောင်းနေရတယ်ဆိုတော့ ပေါ်တင်ကြီး သွားပြီးတော့လည်း ကြည့်လို့မရဘူးလေ။ သဲကွဲတာတွေက သဲကွဲ၊ မသဲကွဲတာတွေက မသဲကွဲပေါ့။ ချောင်းရင်း ချောင်းရင်းနဲ့ ညနက်လာရော၊ ညလည်း နက်လာရော ကလေးတွေကတော့ ကွေးကွေးလေး အိပ်ပျော်ကုန်ပြီ။ ညနက်ပြီဆိုတော့ ကလေးတွေက အိပ်ကုန်တာပေါ့။ ပထမတုန်းကတော့ ကလေးတွေက ရွစီရွစီလှုပ်နေတော့ သူက ဆန်တွေနဲ့ပဲ ပေါက်နေတာ။ ဆန်နဲ့ပေါက်ချက်ကတော့ ဆန်ယူလာတဲ့ ၄၊ ၅၊ ၆ ပြည်က ကုန်သလောက် ရှိနေပြီ။

၁၂ နာရီလည်း ထိုးတော့ လူကြီးတွေက ဆန့်တန့်ဆန့်တန့်ဖြစ်နေတော့ ဘာကို ဆက်လုပ်မလဲ ဆက်ကြည့်နေတော့ အိပ်ပျော်နေတဲ့ ကလေးတွေကို တခါတည်းပဲ ထပြီး ဆောင့်ကန်ပြီးတော့ ဆွဲပြီး လွှင့်ပစ်တာ၊ အဲဒီမှာ သူ့ဦးလေးက အဲဒီအိမ်ပေါ်မှာပဲ ရှိသေးတယ်။ သူ့ဦးလေးက အိုးအိုးအန့်အန့် ဖြစ်သွားတယ်။ ကျမလည်း ကြည့်နေရင်း အိုးအိုးအန့်အန့် ဖြစ်နေတယ်။ ကျမနဲ့အတူ ကြည့်နေတဲ့ ဒေါ်ခင်သန်းက တခါတည်း ပေါက်ကွဲသွားတယ်။ ကလေး ၃ ယောက် သေသွားတာလည်း ကြားထားတော့၊ အဲဒီလို လုပ်တာလည်းတွေ့ရော သူက တခါတည်း အိမ်ပေါ်တက်ပြီးတော့ ဘာဆရာလဲ၊ ဒါ ကလေးသတ်နေတဲ့ ဆရာတဲ့၊ မဟုတ်တော့ဘူးဆိုပြီး သူ အသံကုန်ဟစ်အော်တာပဲ။

အဲ့ဒါနဲ့ ကျမအိမ်မှာ ရှိနေတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်က လူတွေက အကုန်လုံးလာကြတယ်၊ အဲဒီတော့ ဒေါ်ခင်သန်း ယောကျာ်းက အိမ်ပေါ်တက်သွားတယ် သူ့မိန်းမက ဒီလိုဖြစ်တယ်ဆိုတော့။ အောင်စိုးမိုးဆိုကတော့ ဆန့်နေတယ် တောင့်တောင့်ကြီး၊ ကျန်တဲ့လူတွေ ကတော့ နည်းနည်းပေါ့၊ အောင်စိုးမိုးဆိုတဲ့ လူကတော့ တောင့်တောင့်ကြီး ခေါ်လို့လည်း မရဘူး၊ အဲ့ဒါနဲ့သူက ဆန်ကိုယူပြီးတော့ ဆန်ကို ပေါက်ချလိုက်မှ ငေါက်ခနဲ ထလာတယ်။

မဟုတ်သေးဘူးလို့ ဒီလို ကျယ်လောင်ကျယ်လောင်နဲ့ ဖြစ်နေတာ ကလေးကလည်း သေထားတာ ၃ ယောက်ဆိုတော့ ဒီတခါ ဒီလိုဆူညံ့ဆူညံ့နဲ့ ဘယ်လိုလုပ် ပြီးနိုင်မလဲပေါ့။ နောက် ပယောဂဆရာကလည်း သူ့ကို မိုင် ၂၀ ပြန်ပို့ပေးပေါ့။ ရှိသမျှလူတွေက သူ့နောက်ကို အကုန်လုံးပြန်လိုက်မလို့၊ အဲ့ဒါတော့ ကျမတို့ အပါမခံနိုင်ဘူးဆိုတော့ ဆွဲထားရတာ အောင်စိုးမိုး မိန်းမ ဘိုမကိုလည်း ဆွဲထားရတာ၊ ကြာဖော ကိုလည်း ဆွဲထားဆိုပြီးတော့ ကျမတို့ကတော့ မိတဲ့သူကို ဆွဲထားရတာပေါ့။ ကြာဖော က ကျမကို ပြောတယ်။ လိုက်မှာပဲတဲ့။

ကျမက နင့်ကလေး သတ်ထားတဲ့လူ နောက်ကို လိုက်မှာလား။ နင် စိတ်မထိခိုက်ဘူးလားလို့ မေးလိုက်တယ်။ မေးလိုက်တော့ သူ့တို့ကိုယ် စားမယ့်၊ ဝါးမယ့်အကောင်တဲ့၊ ကျမတို့ ဝမ်းမနည်းဘူးတဲ့။ အဲ့ဒါနဲ့ တခါတည်း ကျမ ဆံပင်ကို ဆောင့်ဆွဲ ပြီးတော့ သူသိလား၊ မသိလားတော့ ကျမ မသိဘူး။ သွား … ဦးတင်အောင် အိမ်သွား ငါနင့်ကို အပါမခံနိုင်ဘူးပြောပြီး ဦးတင်မောင်အိမ်ဆီ ကျမလွတ်လိုက်တာ။ ညကလည်း ဦးတင်မောင်အိမ်မှာပဲ သွားအိပ်တာပေါ့။

မေး ။ ။ အဲဒီတော့ ဘာတွေ ဆက်ဖြစ်သေးလဲ။

ဖြေ ။ ။ အဲဒီတော့ စက်လှေလည်း ထွက်သွားပြီ။ ပယောဂ ဆရာလည်း ပါသွားပြီ ဆိုတော့ ဒီဇာတ်လမ်း ဒီနားမှာ ရပ်ဖို့ ကိုယ့်ကလေးတွေ သေသွားပြီ၊ သူများမေးရင် ဘယ်လိုဖြေမလဲ ရှိသေးတယ်နော်လို့၊ နင်တို့ သေသေချာချာ စဉ်းစားဦးလို့၊ အဲဒီတော့ အကုန်လုံး ဦးဆောင်မယ့်သူကလည်း မရှိ အဲလို ဖြစ်နေတာ။ ကိုယ်လည်း ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ပြန်အိပ်လည်းရတယ်။ ကျမစိတ်ထဲမှာ အဲဒီလိုမျိုး မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေး ၃ ယောက် ဘာကြောင့် ဘယ်လိုသေတာလဲ ဆိုတာကို တော်တော်လေး သိချင်နေတာ။

မေး ။ ။ ပယောဂ ဆရာကို ဘယ်လိုဖမ်းလိုက်တာလဲ။

ဖြေ ။ ။ ကလေးတွေက အကောင်းကြီးကနေ သေတယ်ဆိုတာလည်း သိနေတယ်၊ မဖြစ်ဘူးဆိုပြီးတော့ ကျမဖုန်းဆက် လိုက်တယ်၊ စက်လှေတစီး ငှားလိုက်တယ်။ ငါ့ ပဲ့တောင် သူများခိုးသွားလို့ ညဘက်ကြီး မကြာသေးဘူး ထွက်သွားတယ်ပေါ့။ အဲ့လိုပြောမှလည်း စက်လှေမြန်မြန်လာအောင် လိမ်ပြောတာပေါ့၊ ကိုယ့်ကိုယ် ကူညီမယ်ဆိုပြီး စက်လှေကလည်း မကြာဘူး၊ အေး … အေး … လာမယ်တဲ့၊ စက်လှေ သမားကလာတော့ ဘယ်သွားရမှာလဲဆိုတော့ မိုင် ၂၀ ကိုသွားလို့၊ ကျော်စွာကို ပြောလိုက်တယ်၊ နင်တို့ သွားခေါ်လာတဲ့ အိမ်ကိုသွား၊ နင်တို့ခေါ်လာတဲ့သူ ရှိမယ်ဆိုရင် ဒီကိုပြန်ပြီး အကြောင်းပြန်လာကြားလို့ တခါတည်း တို့ စီစဉ်မယ်ဆိုပြီးတော့ ကျမတခါတည်း ဆရာဝန်ကို သွားခေါ်လိုက်တယ်။ သွားခေါ်လိုက်တော့ ဆရာဝန်က လာတယ်။

အဲဒီ ဆရာကို သွားခေါ်ပြီးတော့ ဆရာကလည်း ဘာဖြစ်လို့လဲဆိုတော့ ဆရာရယ် အဖြစ်အပျက်လေးတွေက ဒီလိုပါပဲ၊ ဆရာ့ကို အကြံဉာဏ်တောင်းချင်တယ်လို့။ ဘာလုပ်ရင် ကောင်းမလဲလို့ ဆရာတချက်တော့ ကူညီပါလို့၊ အဲဒီတော့ သူကလည်း လိုက်လာတယ်၊ လိုက်လာပြီးတော့ ကျမတို့ အိမ်ရှေ့မှာ တအောင့်လေးနေတယ်၊ နောက် ကျော်စွာလည်း ပြန်လာတယ် ရှိတယ်တဲ့။ ရှိနေတယ်ဆိုတော့ ဆရာဝန်ကလည်း သွားမယ်တဲ့၊ ရာအိမ်မှူးအိမ်ကို သွားမယ်တဲ့ ဦးစိန်ထွေးကို သွားခေါ်တယ်။

မိုင် ၂၀ က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို ခေါ်ပြီးတော့ ပယောဂဆရာ နေတဲ့အိမ်ကို ကျမတို့သွားခဲ့တယ်၊ သွားခဲ့တဲ့အခါကျတော့ အိမ်ပေါ်ရောက်တော့ သူ့ကို အိမ်ဦးခန်းနေရာမှာ ကောင်းကောင်းမွန်မွန် သိပ်ထားတာပေါ့၊ ခြင်ထောင်လေးနဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ခေါ်ပြီးတော့ ဆရာလားဆိုတော့ သူကလည်း အင်း … တဲ့။ ဘာဆရာလဲ မေးတော့ ကလေးတွေ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို ထုတ်ပေးတာပေါ့။ သွားမယ်ပေါ့ သက်ဆိုင်ရာကို သွားမယ်ဆိုပြီးတော့ သူ့ကို ကြိုးလေးပဲ ချည်ထားတာ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့အတူ ကျမကိုယ်တိုင်ပဲ အဲဒီညမှာပဲ ရဲစခန်းကို ပို့လိုက်တယ်။

သူ့ကိုယ်ဖမ်းတော့ သူ့ကိုယ် လိုက်ရှင်းပေးတဲ့ အဲဒီ အိမ်ရှင်ကို ပြောတယ်။ ကျမတို့ကတော့ သက်ဆိုင်ရာကနေပဲ ရှင်းတော့မယ်ပေါ့။ ရဲစခန်းက ဘာပြောလဲဆိုတော့ ကျမကတော့ အပြင်မှာပဲ နေခဲ့ရတယ်၊ အဲဒီ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးပဲ လိုက်သွားတယ်။ အထဲကိုဝင်ပြီးတော့ တော်တော်ကြာမှ ကျမတို့က အထဲကိုဝင်ရတာ။ အထဲကို ဝင်သွားပြီးတော့ ကျမက ဒဏ်ရာရနေတဲ့ ကလေးလေးကို ဆေးရုံကို လိုက်ပို့တယ်။ ပြန်လာတော့မှ ကျမကိုမေးတယ်။ ကျမကိုမေးတော့ ကျမတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ ပြောပြတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top