Property Expo
×





Credit:Mizzima

#Unicode Version
လက်ရှိအချိန်မှာအီတလီဘောလုံးလောကဟာတစ်ခြားဥရောပလိဂ်တွေနဲ့ယှဉ်လိုက်ရင်နောက်မှာ

 တော်တော်လေးကျန်နေရစ်ပါပြီ။ဒါပေမဲ့အီတလီတို့ဟာစည်းကမ်းပိုင်းမှာတော့ ရှေ့ဆောင်လမ်းပြအဖြစ်

 ဘောလုံးလောကရဲ့ ပထမဆုံးအစိမ်းကတ်ကို အသုံးပြုလိုက်ပါပြီ။

ဘောလုံးပွဲတွေမှာ အနီကတ်နဲ့ အဝါကတ်နှစ်မျိုးသာရှိပေမယ့် စီးရီးဘီပြိုင်ပွဲတွေမှာ အစိမ်းကတ်ကိုပါ စမ်းသပ်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အစိမ်းကတ်ရဲ့ သဘောကတော့ တရားမျှတစွာနဲ့ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးသမားတွေကို ပြသတာပါ။ ဥပမာ-လက်ထိသွားခဲ့ရင် ကစားသမားကိုယ်တိုင်က လက်ထိဘောအဖြစ် ဝန်ခံတာမျိုးပါ။ အစိမ်းကတ်က ပွဲအတွင်းမှာ ချက်ချင်းသက်ရောက်မှာမဟုတ်ပေမယ့်ပွဲပယ်ပြစ်ဒဏ်တွေချမှတ်ခံရချိန်မှာ ပြစ်ဒဏ်ပေါ့လျော့စေဖို့

 ပြန်လည်သုံးသပ်ပေးမှာ ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ ပထမဆုံးအစိမ်းကတ်ကို ဗာတက်စ်အန်တယ်လာနဲ့ ဗီဆင်ဇာတို့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးဘီပွဲစဉ်မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဂုဏ်ယူစရာ အစိမ်းကတ်ရရှိခဲ့သူကတော့ ဗီဆင်ဇာကစားသမား ဂါလာနိုဖြစ်ပါတယ်။ ဂါလာနိုက သူကန်လိုက်တဲ့ဘောလုံးဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ မထိခဲ့ဘဲ ဒိုင်က ထောင့်ကန်ဘောပေးခဲ့ရာမှာ ဂိုးလွန်ဘောသာပေးသင့်တယ်လို့ ဒိုင်ကို အကြံပေးခဲ့တာ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top