Property Expo
×

ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက ၀ိကာလအခါမွာ အစာစားျခင္းမွ ေရွာင္ၾကဥ္တာကို လိုလားေတာ္မူပါတယ္။

ဒါေၾကာင့္ ၁၂-နာရီေက်ာ္ တဲ့အခါ အစာမစားျခင္းဟာ ဘုရားရွင္ရဲ႕အလိုေတာ္က်ျဖစ္ပါတယ္။

ဆြမ္းေတာ္ပြဲကို ဘုရားအေဆာင္မွာ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ၁၂-နာရီ ေက်ာ္တဲ့အထိ ထားမယ္ဆိုရင္ ဘုရားရွင္အလိုေတာ္က်မဟုတ္ေတာ့ပါဘူး။

ဘုရားရွင္ရဲ႕အလိုေတာ္က်ျဖစ္ေအာင္ ေန႔ ၁၂-နာရီမေက်ာ္ခင္ ဆြမ္းေတာ္စြန္႔တာက ပိုမိုေကာင္းမြန္ပါလိမ့္မယ္။

ဒါ့ျပင္ ဆြမး္ေတာ္ကို ေန႔၁၂-နာရီေက်ာ္လြန္လို႔ ညေနအခ်ိန္အထိ ထားမယ္ဆိုရင္ ယင္ေကာင္ေတြ၊ပုရြက္ဆိတ္ေတြနဲ႔ ဘုရားအေဆာင္ဟာ ရႈပ္ပြေနေတာ့မွာပါ။

ဒါဆုိရင္ေတာ့ ဘုရားရွင္ကို အဂါရ၀ မရိုေသရာလဲ ေရာက္ေန ပါတယ္။ အေကာင္းဆံုးကေတာ့ ၁၂ -နာရီမထိုးမီအခ်ိန္ေလးအထိသာ ထားၿပီး ဆြမ္းေတာ္စြန္႔က အေကာင္းဆံုးျဖစ္ပါတယ္။

ဒါေပမဲ့ အခက္အခဲအရမနက္အေစာႀကီးအလုပ္သြားရမယ္ဆိုရင္ေတာ့ ေန႔ ၁၂-နာရီအထိဆြမ္းကပ္ဖို႔က မျဖစ္ႏိူင္တဲ့အတြက္ အေကာင္းဆံုးအေနနဲ႔ အႀကံေပး ရမယ္ဆိုရင္ နံနက္ ေစာေစာအိပ္ရာကထတဲ့အက်င့္လုပ္ၿပီး၊ ေစာေစာဆြမ္းထခ်က္လို႔ရပါတယ္။

ျပီးရင္ နံနက္အရုဏ္ဆြမ္းအျဖင့္ နံနက္ ၆-နာရီေလာက္မွာ ဆြမ္းေတာ္ကပ္ၿပီး၊ နံနက္ ၆း၃၀-နာရီ သို႔မဟုတ္ ၇-နာရီေလာက္ ဆြမ္းေတာ္စြန္႔မယ္ဆိုရင္ေတာ့ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္ဆိုတာ ေျဖၾကားေပးလိုက္ပါတယ္။

ဗုဒၶဘာသာဝင္အားလံုးအသိဥာဏ္ပညာတိုးပြား၍အေကာင္းအဆိုးခြဲျခားနုိုင္ေစရန္ရည္သန္၍
တင္ျပအပ္ပါသည္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးေကာ၀ိဒ(ၿမိတ္)

#Unicode Version
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။

ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်ပါတယ်။

ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့အထိ ထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျမဟုတ်တော့ပါဘူး။

ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီမကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမိုကောင်းမွန်ပါလိမ့်မယ်။

ဒါ့ပြင် ဆွမ်းတော်ကို နေ့၁၂-နာရီကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။

ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံးကတော့ ၁၂ -နာရီမထိုးမီအချိန်လေးအထိသာ ထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ အခက်အခဲအရမနက်အစောကြီးအလုပ်သွားရမယ်ဆိုရင်တော့ နေ့ ၁၂-နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိူင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့်လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။

ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြင့် နံနက် ၆-နာရီလောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။


ဗုဒ္ဓဘာသာဝင်အားလုံးအသိဉာဏ်ပညာတိုးပွား၍အကောင်းအဆိုးခွဲခြားနိုင်စေရန်ရည်သန်၍

တင်ပြအပ်ပါသည်ခင်ဗျာ။


ဖိုးသူတော် (www.phothutaw.com)
Credit: ဦးကောဝိဒ(မြိတ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top