Kantharyar Centre
×

 ရခိုင္ျပည္နယ္ တြင္ ျဖစ္ပြားေနသည့္ အၾကမ္း ဖက္မႈမ်ားႏွင့္ပတ္သက္၍ တရား ဥပေဒစိုးမိုးေရးေအာက္၌ မွ်မွ် တတ အေကာင္းဆံုးျဖစ္ေအာင္ ေျဖရွင္းမည္ျဖစ္ၿပီး အေထာက္အ ထားခိုင္လံုမွ စြပ္စြဲခ်က္တင္သင့္ လွ်င္ တင္မည္ျဖစ္ေၾကာင္း ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာၾကား သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေန ေသာ နယ္သာလန္ႏိုင္ငံျခားေရး ၀န္ႀကီး H.E. Mr. Bert Koenders  တို႔ ေအာက္တိုဘာ ၁၂ ရက္က  ေတြ႕ဆံုေဆြးေႏြးမႈအၿပီး ပူးတြဲ သ တင္းစာရွင္းလင္းပြဲ၌ ေမာင္ေတာ အၾကမ္းဖက္မႈမ်ားႏွင့္ ပတ္သက္ ၍ ႏိုင္ငံတကာသို႔ မည္သို႔သတင္း စကားပါးလိုေၾကာင္း သတင္း ေထာက္၏ ေမးျမန္းမႈအေပၚ ‘‘အ ေကာင္းဆံုးျဖစ္ေအာင္ ေျဖရွင္း သြားမယ္။ မွ်မွ်တတနဲ႔ တရားဥပေဒစိုးမိုးေရးေအာက္မွာပဲ ကြၽန္မတို႔အားလံုး လုပ္ေဆာင္သြားမယ္။ ဘာေတြက ဘယ္လိုျဖစ္ေနလဲဆိုတာ မရွင္းသေရြ႕ေတာ့ ဘယ္သူ႔ကိုမွ စြပ္စြဲမွာ မဟုတ္ဘူး။ အ ေထာက္အထားခိုင္လံုမွ စြပ္စြဲ ခ်က္တင္သင့္ရင္ တင္မွာျဖစ္ပါ တယ္’’ဟု ေျဖၾကားခဲ့သည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္ စပ္ေမာင္ေတာေဒသရွိ နယ္ျခား ေစာင့္ရဲစခန္းသံုးခုကို ေအာက္တို ဘာ ၉ ရက္တြင္ အၾကမ္းဖက္ တိုက္ခိုက္သူမ်ား ၀င္ေရာက္ စီး နင္းရာ ရဲတပ္ဖြဲ႕၀င္ကိုးဦးက်ဆံုးခဲ့ သည္။ ယင္းျဖစ္စဥ္အတြင္းအၾကမ္း ဖက္ တိုက္ခိုက္သူမ်ားဘက္ကရွစ္ ဦးေသဆံုးၿပီး ႏွစ္ဦးကို အရွင္ဖမ္း မိခဲ့သည္။

အၾကမ္းဖက္မႈမ်ားနွင့္ပတ္ သက္၍ ေဒၚေအာင္ဆန္းစုၾကည္ က တရားဥပေဒႏွင့္အညီ တံု႔ျပန္ ေဆာင္ရြက္ရန္ႏွင့္ သတိႀကီးစြာ ထားၿပီးေျဖရွင္းၾကရန္ ေအာက္တို ဘာ ၉ ရက္ကျပဳလုပ္ေသာအေရး ေပၚ အစည္းအေ၀းတြင္ မွာၾကား ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသည့် အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ တရား ဥပဒေစိုးမိုးရေးအောက်၌ မျှမျှ တတ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမည်ဖြစ်ပြီး အထောက်အ ထားခိုင်လုံမှ စွပ်စွဲချက်တင်သင့် လျှင် တင်မည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Bert Koenders  တို့ အောက်တိုဘာ ၁၂ ရက်က  တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲ သ တင်းစာရှင်းလင်းပွဲ၌ မောင်တော အကြမ်းဖက်မှုများနှင့် ပတ်သက် ၍ နိုင်ငံတကာသို့ မည်သို့သတင်း စကားပါးလိုကြောင်း သတင်း ထောက်၏ မေးမြန်းမှုအပေါ် ‘‘အ ကောင်းဆုံးဖြစ်အောင် ဖြေရှင်း သွားမယ်။ မျှမျှတတနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ ကျွန်မတို့အားလုံး လုပ်ဆောင်သွားမယ်။ ဘာတွေက ဘယ်လိုဖြစ်နေလဲဆိုတာ မရှင်းသရွေ့တော့ ဘယ်သူ့ကိုမှ စွပ်စွဲမှာ မဟုတ်ဘူး။ အ ထောက်အထားခိုင်လုံမှ စွပ်စွဲ ချက်တင်သင့်ရင် တင်မှာဖြစ်ပါ တယ်’’ဟု ဖြေကြားခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်မောင်တောဒေသရှိ နယ်ခြား စောင့်ရဲစခန်းသုံးခုကို အောက်တို ဘာ ၉ ရက်တွင် အကြမ်းဖက် တိုက်ခိုက်သူများ ဝင်ရောက် စီး နင်းရာ ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးခဲ့ သည်။ ယင်းဖြစ်စဉ်အတွင်းအကြမ်း ဖက် တိုက်ခိုက်သူများဘက်ကရှစ် ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်း မိခဲ့သည်။

အကြမ်းဖက်မှုများနှင့်ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် က တရားဥပဒေနှင့်အညီ တုံ့ပြန် ဆောင်ရွက်ရန်နှင့် သတိကြီးစွာ ထားပြီးဖြေရှင်းကြရန် အောက်တို ဘာ ၉ ရက်ကပြုလုပ်သောအရေး ပေါ် အစည်းအဝေးတွင် မှာကြား ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top