Property Expo
×

 ပဲခူးတိုင္းေဒသႀကီး ျပည္ ၿမိဳ႕ ရြာဘဲရပ္ကြက္တြင္ အသက္ (၄)ႏွစ္အရြယ္ မိန္းကေလးငယ္ တစ္ဦးအားအဓမၼျပဳက်င့္မႈျဖင့္ အ သက္ (၅၆) ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦးကို ဖမ္းဆီးအေရးယူထား ေၾကာင္း ျပည္ခ႐ိုင္ရဲတပ္ဖြဲ႕မွ သ တင္းရရွိသည္။

အဆိုပါ အမ်ိဳးသားသည္ ေအာက္တိုဘာ ၃ ရက္က ၎၏ ေနအိမ္တြင္ ေခတၱအပ္ႏွံထားခဲ့သည့္ အသက္ (၄) ႏွစ္အရြယ္ မိန္းကေလးငယ္ကို ဓမၼတာႏွင့္ ဆန္႔က်င္ေသာ ကာမစပ္ယွက္မႈ ျပဳလုပ္ျခင္း၊ အဓမၼျပဳက်င့္ရန္ ႀကံစည္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ျပည္ခ႐ိုင္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။ ယင္းအမ်ိဳးသားကို ဓမၼတာ ႏွင့္ ဆန္႔က်င္ေသာ ကာမစပ္ယွက္မႈျပဳလုပ္ျခင္းျဖင့္ ရာဇသတ္ ႀကီးပုဒ္မ ၃၇၇၊ အဓမၼျပဳက်င့္ျခင္း ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ႏွင့္ အဓမၼျပဳက်င့္ရန္ ႀကံစည္ျခင္းရာဇ သတ္ႀကီးပုဒ္မ ၅၁၁ စသည့္ ပုဒ္မသံုးခုျဖင့္အမႈဖြင့္ကာ ျပည္ၿမိဳ႕မ ရဲစခန္းတြင္ ဖမ္းဆီးအေရးယူထားသည္။ ‘‘ကေလးရဲ႕မိခင္ျဖစ္သူနဲ႔ သားမယားျပဳက်င့္တဲ့ အမ်ိဳးသား က အရင္က လင္မယားေတြပါ။ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကတရား ၀င္ ကြာရွင္းထားတယ္။ အခု ကေလးက ေနာက္အိမ္ေထာင္နဲ႔ ရတဲ့ကေလးလို႔ သိရတယ္။ မိခင္ ျဖစ္သူနဲ႔ ကေလးက ေန႔ခင္း ၁  နာရီေလာက္မွာ ေစ်း၀ယ္သြား တယ္။ လမ္းမွာကြာရွင္းထားတဲ့ ေယာက္်ားနဲ႔ေတြ႕တယ္။ ေနက လည္း တအားပူေနေတာ့ ကေလး ကိုမေခၚခ်င္လို႔ ေခတၱအပ္ႏွံထားခဲ့ တယ္။ အခ်ိန္လည္း သိပ္မၾကာ ဘူး။ တစ္နာရီခြဲေလာက္ပဲၾကာ တယ္။ ျပန္ေခၚတယ္လို႔ သိရ တယ္။ အဲဒီအေတာအတြင္းမွာ ျဖစ္သြားခဲ့တာလို႔ သိရတယ္’’ဟု ရြာဘဲရပ္ကြက္အတြင္းေနထိုင္သူ တစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၇ ရက္ကလည္းျပည္ၿမိဳ႕ ၀က္ထီး ကန္ တိုက္နယ္တြင္ အသက္(၁၀) ႏွစ္အရြယ္ ပၪၥမတန္းေက်ာင္းသူ တစ္ဦးကို ေနအိမ္သို႔၀င္ထြက္ေန သည့္ ေဆြမ်ိဳးနီးစပ္ေတာ္သူက အဓမၼအျဖစ္ ျပဳက်င့္၍ ကေလး ငယ္မွာ ေဆး႐ံုတက္ကုသမႈခံယူ ခဲ့ၿပီး အဓမၼျပဳက်င့္သူကို အေရး ယူထားေၾကာင္းျပည္ခ႐ိုင္ရဲတပ္ ဖြဲ႕မွ သတင္းရရွိသည္။

‘‘သက္ငယ္မုဒိမ္းေတြ သ တင္းၾကားရရင္ အေတာ္စိတ္မ ေကာင္းျဖစ္မိတယ္။ သူတို႔ခမ်ာ ဘာမွမသိရွာဘဲ ခံရတာ။ အသိ တရားမရွိ ကိုယ္ခ်င္းစာတရား မရွိဘဲ မသိနားမလည္တဲ့ ကေလး ေတြကို မုဒိမ္းမႈက်ဴးလြန္ရင္ ထိ ေရာက္တဲ့ျပစ္ဒဏ္ ခ်မွတ္ရမယ္။ အနည္းဆံုး ေထာင္ဒဏ္တစ္သက္ ေတာ့ လုပ္သင့္တယ္။ အဲဒီလိုျပစ္ ဒဏ္ခ်မွတ္မွာကိုလည္း အသိ တရားမရွိတဲ့သူေတြ သိေအာင္ အသိပညာေပးတဲ့အေနနဲ႔ ဆိုင္း ဘုတ္ေတြေထာင္ၿပီး ေၾကညာေပး တာတို႔၊ သက္ငယ္ မုဒိမ္းက်င့္ပါက ေသဒဏ္ခ်မွတ္ခံမည္တို႔ စသျဖင့္ တာ၀န္ရွိသူေတြအေနနဲ႔ က်ယ္ က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ေပးဖို႔ လိုေနၿပီ’’ ဟု ျပည္ၿမိဳ႕ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပဲခူးတိုင်းဒေသကြီး ပြည် မြို့ ရွာဘဲရပ်ကွက်တွင် အသက် (၄)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအားအဓမ္မပြုကျင့်မှုဖြင့် အ သက် (၅၆) နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးအရေးယူထား ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါ အမျိုးသားသည် အောက်တိုဘာ ၃ ရက်က ၎င်း၏ နေအိမ်တွင် ခေတ္တအပ်နှံထားခဲ့သည့် အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်ကို ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု ပြုလုပ်ခြင်း၊ အဓမ္မပြုကျင့်ရန် ကြံစည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ယင်းအမျိုးသားကို ဓမ္မတာ နှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုပြုလုပ်ခြင်းဖြင့် ရာဇသတ် ကြီးပုဒ်မ ၃၇၇၊ အဓမ္မပြုကျင့်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် အဓမ္မပြုကျင့်ရန် ကြံစည်ခြင်းရာဇ သတ်ကြီးပုဒ်မ ၅၁၁ စသည့် ပုဒ်မသုံးခုဖြင့်အမှုဖွင့်ကာ ပြည်မြို့မ ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသည်။ ‘‘ကလေးရဲ့မိခင်ဖြစ်သူနဲ့ သားမယားပြုကျင့်တဲ့ အမျိုးသား က အရင်က လင်မယားတွေပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတရား ဝင် ကွာရှင်းထားတယ်။ အခု ကလေးက နောက်အိမ်ထောင်နဲ့ ရတဲ့ကလေးလို့ သိရတယ်။ မိခင် ဖြစ်သူနဲ့ ကလေးက နေ့ခင်း ၁  နာရီလောက်မှာ ဈေးဝယ်သွား တယ်။ လမ်းမှာကွာရှင်းထားတဲ့ ယောက်ျားနဲ့တွေ့တယ်။ နေက လည်း တအားပူနေတော့ ကလေး ကိုမခေါ်ချင်လို့ ခေတ္တအပ်နှံထားခဲ့ တယ်။ အချိန်လည်း သိပ်မကြာ ဘူး။ တစ်နာရီခွဲလောက်ပဲကြာ တယ်။ ပြန်ခေါ်တယ်လို့ သိရ တယ်။ အဲဒီအတောအတွင်းမှာ ဖြစ်သွားခဲ့တာလို့ သိရတယ်’’ဟု ရွာဘဲရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်းပြည်မြို့ ဝက်ထီး ကန် တိုက်နယ်တွင် အသက်(၁၀) နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ တစ်ဦးကို နေအိမ်သို့ဝင်ထွက်နေ သည့် ဆွေမျိုးနီးစပ်တော်သူက အဓမ္မအဖြစ် ပြုကျင့်၍ ကလေး ငယ်မှာ ဆေးရုံတက်ကုသမှုခံယူ ခဲ့ပြီး အဓမ္မပြုကျင့်သူကို အရေး ယူထားကြောင်းပြည်ခရိုင်ရဲတပ် ဖွဲ့မှ သတင်းရရှိသည်။

‘‘သက်ငယ်မုဒိမ်းတွေ သ တင်းကြားရရင် အတော်စိတ်မ ကောင်းဖြစ်မိတယ်။ သူတို့ခမျာ ဘာမှမသိရှာဘဲ ခံရတာ။ အသိ တရားမရှိ ကိုယ်ချင်းစာတရား မရှိဘဲ မသိနားမလည်တဲ့ ကလေး တွေကို မုဒိမ်းမှုကျူးလွန်ရင် ထိ ရောက်တဲ့ပြစ်ဒဏ် ချမှတ်ရမယ်။ အနည်းဆုံး ထောင်ဒဏ်တစ်သက် တော့ လုပ်သင့်တယ်။ အဲဒီလိုပြစ် ဒဏ်ချမှတ်မှာကိုလည်း အသိ တရားမရှိတဲ့သူတွေ သိအောင် အသိပညာပေးတဲ့အနေနဲ့ ဆိုင်း ဘုတ်တွေထောင်ပြီး ကြေညာပေး တာတို့၊ သက်ငယ် မုဒိမ်းကျင့်ပါက သေဒဏ်ချမှတ်ခံမည်တို့ စသဖြင့် တာဝန်ရှိသူတွေအနေနဲ့ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ လိုနေပြီ’’ ဟု ပြည်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top