Property Expo
×

ကုိယ္ကာယပုိင္းက်န္းမာေရးႏွင့္ ႏိႈင္းယွဥ္၍ စိတ္က်န္းမာေရး သည္ မၾကာခဏဆုိသလို ဥေပကၡာျပဳခံေနရသည္။ စိတ္က်န္းမာေရး ေကာင္းမြန္ပါက ေန႔စဥ္ႀကံဳေတြ႕ေနရသည့္ အေျခအေနမ်ားကို ေကာင္းမြန္စြာ ျဖတ္သန္းလုပ္ေဆာင္ႏုိင္မည္ျဖစ္ကာ ႐ုတ္တရက္ အေျပာင္းအလဲမ်ားျဖစ္ျခင္းေၾကာင့္ ထိခိုက္ေစမည္မဟုတ္ေပ။

စိတ္က်န္းမာေရးကို ထိန္းသိမ္းရန္ လက္ေတြ႕က်ေသာ နည္း လမ္းမ်ားကုိ ဆာဂန္ဂါရမ္ေဆး႐ံုမွ စိတ္က်န္းမာေရးအတုိင္ပင္ခံ ေဒါက္တာရာဂ်က္ခ်္ဂုိယယ္က ေျပာၾကားထားသည္။

အိပ္ရာထခ်ိန္မွ စားေသာက္ခ်ိန္၊ အိပ္စက္ခ်ိန္အထိ ေန႔စဥ္ ေဆာင္ရြက္စရာမ်ားကုိ ႀကိဳးစားၿပီး စာရင္းျပဳလုပ္ထားသင့္သည္။ ပံုမွန္ျပဳလုပ္ေနက်အရာမ်ား အစီအစဥ္တက်လုပ္ေဆာင္သူမ်ား သည္ စိတ္အေျခအေနအရ၊ ႐ုပ္ပုိင္းဆုိင္ရာအရ ပိုက်န္းမာေၾကာင္း ေလ့ လာေတြ႕ရိွထားသည္။

ယင္းအေလ့အထသည္ နာမက်န္းျဖစ္မႈ အားလံုးအတြက္ ေကာင္းမြန္ေသာ အေလ့အထျဖစ္သည္။ သီတင္းတစ္ပတ္တြင္ အနည္းဆံုးငါးႀကိမ္ေလ့က်င့္ခန္းလုပ္သင့္သည္။ ကုိယ္လက္လႈပ္ရွားမႈ ရိွျခင္းမွာ စိတ္က်န္းမာေရးအတြက္ အဓိကက်ေသာ ေသာ့ခ်က္ျဖစ္ၿပီး ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္းေၾကာင့္ ေပ်ာ္ရႊင္ေစေသာ ေဟာ္မုန္းမ်ား ထုတ္လႊတ္ေပးသည္။

သစ္သီးႏွင့္ ဟင္းသီးဟင္းရြက္မ်ား ပါ၀င္သည့္ က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ားကုိ ပံုမွန္စားေသာက္ရန္လုိသည္။ စိတ္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစရန္ အုန္းသီးရည္ႏွင့္ ငွက္ ေပ်ာသီးတို႔ကဲ့သုိ႔ ပုိတက္ဆီယမ္ႂကြယ္၀ေသာ အစားအစာမ်ား စား ေပးသင့္ၿပီး အနက္ေရာင္ေခ်ာကလက္ စားေပးသင့္သည္။

နံေဘးရိွေနသူမ်ားႏွင့္ ခုိင္မာေသာ ဆက္ဆံေရးကုိ ထိန္းသိမ္းထားရန္ အလြန္အေရးႀကီးသည္။ မိသားစု၀င္မ်ား၊ မိတ္ေဆြမ်ား၊ လုပ္ေဖာ္ကုိင္ဖက္မ်ားႏွင့္ ဆက္ဆံေရးကုိ ထိန္းသိမ္းရန္ အေရး ႀကီးသည္။

ယေန႔ေခတ္တြင္ နည္းပညာပစၥည္းမ်ားသည္ အာ႐ံု႐ႈပ္ေထြးမႈ အျဖစ္ေစဆံုး ပစၥည္းမ်ားျဖစ္ေနသည့္ စမတ္ဖုန္းမ်ားကဲ့သို႔ ပစၥည္း မ်ားေၾကာင့္ အျခားလူမ်ားႏွင့္ အျပန္အလွန္ဆက္ဆံမႈကုိ အေႏွာင့္ အယွက္ျဖစ္ေစၿပီး အခ်ိန္ၾကာၾကာႏုိးၾကားေနေစႏုိင္ေသာေၾကာင့္ အိပ္ရာမ၀င္မီ အနည္းဆံုးတစ္နာရီႀကိဳ၍ ယင္းပစၥည္းမ်ားအသံုး ျပဳျခင္းကုိ ရပ္နားထားရန္လိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ကိုယ်ကာယပိုင်းကျန်းမာရေးနှင့် နှိုင်းယှဉ်၍ စိတ်ကျန်းမာရေး သည် မကြာခဏဆိုသလို ဥပေက္ခာပြုခံနေရသည်။ စိတ်ကျန်းမာရေး ကောင်းမွန်ပါက နေ့စဉ်ကြုံတွေ့နေရသည့် အခြေအနေများကို ကောင်းမွန်စွာ ဖြတ်သန်းလုပ်ဆောင်နိုင်မည်ဖြစ်ကာ ရုတ်တရက် အပြောင်းအလဲများဖြစ်ခြင်းကြောင့် ထိခိုက်စေမည်မဟုတ်ပေ။


စိတ်ကျန်းမာရေးကို ထိန်းသိမ်းရန် လက်တွေ့ကျသော နည်း လမ်းများကို ဆာဂန်ဂါရမ်ဆေးရုံမှ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဒေါက်တာရာဂျက်ချ်ဂိုယယ်က ပြောကြားထားသည်။

အိပ်ရာထချိန်မှ စားသောက်ချိန်၊ အိပ်စက်ချိန်အထိ နေ့စဉ် ဆောင်ရွက်စရာများကို ကြိုးစားပြီး စာရင်းပြုလုပ်ထားသင့်သည်။ ပုံမှန်ပြုလုပ်နေကျအရာများ အစီအစဉ်တကျလုပ်ဆောင်သူများ သည် စိတ်အခြေအနေအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ပိုကျန်းမာကြောင်း လေ့ လာတွေ့ရှိထားသည်။

ယင်းအလေ့အထသည် နာမကျန်းဖြစ်မှု အားလုံးအတွက် ကောင်းမွန်သော အလေ့အထဖြစ်သည်။ သီတင်းတစ်ပတ်တွင် အနည်းဆုံးငါးကြိမ်လေ့ကျင့်ခန်းလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းမှာ စိတ်ကျန်းမာရေးအတွက် အဓိကကျသော သော့ချက်ဖြစ်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ပျော်ရွှင်စေသော ဟော်မုန်းများ ထုတ်လွှတ်ပေးသည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည့် ကျန်းမာရေးနှင့်ညီသော အစားအစာများကို ပုံမှန်စားသောက်ရန်လိုသည်။ စိတ် ကျန်းမာရေးကို အထောက်အကူဖြစ်စေရန် အုန်းသီးရည်နှင့် ငှက် ပျောသီးတို့ကဲ့သို့ ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာများ စား ပေးသင့်ပြီး အနက်ရောင်ချောကလက် စားပေးသင့်သည်။

နံဘေးရှိနေသူများနှင့် ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် အလွန်အရေးကြီးသည်။ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် အရေး ကြီးသည်။

ယနေ့ခေတ်တွင် နည်းပညာပစ္စည်းများသည် အာရုံရှုပ်ထွေးမှု အဖြစ်စေဆုံး ပစ္စည်းများဖြစ်နေသည့် စမတ်ဖုန်းများကဲ့သို့ ပစ္စည်း များကြောင့် အခြားလူများနှင့် အပြန်အလှန်ဆက်ဆံမှုကို အနှောင့် အယှက်ဖြစ်စေပြီး အချိန်ကြာကြာနိုးကြားနေစေနိုင်သောကြောင့် အိပ်ရာမဝင်မီ အနည်းဆုံးတစ်နာရီကြို၍ ယင်းပစ္စည်းများအသုံး ပြုခြင်းကို ရပ်နားထားရန်လိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top