Property Expo
×

ထိုင္းဘုရင္ ဘူမိေဘာဟာ သက္ေတာ္ ၈၈ ႏွစ္အ႐ြယ္မွာ ကံေတာ္ ကုန္သြားခဲ့ၿပီျဖစ္ေၾကာင္း ေတာ္ဝင္မိသားစုက ၾကာသပေတးေန႔မွာ ေၾကညာလုိက္ပါတယ္။

ဘုရင္ဘူမိေဘာဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေနထိုင္မေကာင္းျဖစ္ခဲ့ၿပီး က်န္းမာေရး မတည္မၿငိမ္ျဖစ္ေနတယ္လို႔ သတင္းထြက္ခဲ့ၿပီးေနာက္ အခု ေအာက္တိုဘာ ၁၃ ရက္ေန႔မွာ ကံေတာ္ကုန္သြားတာ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံရဲ႕သီရိရာဇ ေဆး႐ံုမွာ ေဆးကုသမႈ ခံယူရင္းကြယ္လြန္သြားတာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ႏွစ္တာအတြင္းမွာ ဘုရင္ဘူမိေဘာဟာ သီရိရာဇေဆး႐ံုမွာ ေဆးကုသမႈ အႀကိမ္ႀကိမ္ ခံယူခဲ့သူျဖစ္ကာ ယမန္ေန႔ကေတာ့ ဘုရင္ဟာ ေသြးေပါင္ခ်ိန္ က်ဆင္းေနၾကာင္း ေတာ္ဝင္မိသားစုက သတင္းထုတ္ျပန္ခဲ့ပါတယ္။ အသည္းဟာ ပံုမွန္အလုပ္မလုပ္ခဲ့ဘူးလို႔လည္း သိရပါတယ္။

ဘုရင္ဘူမိေဘာဟာ ကမၻာမွာ လက္ရွိနန္းသက္အရွည္ဆံုး ဘုရင္ျဖစ္ၿပီး ႏွစ္ေပါင္း ၇၀ တိတိ နန္းသက္ရခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ထိုင်းဘုရင် ဘူမိဘောဟာ သက်တော် ၈၈ နှစ်အရွယ်မှာ ကံတော် ကုန်သွားခဲ့ပြီဖြစ်ကြောင်း တော်ဝင်မိသားစုက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

ဘုရင်ဘူမိဘောဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေထိုင်မကောင်းဖြစ်ခဲ့ပြီး ကျန်းမာရေး မတည်မငြိမ်ဖြစ်နေတယ်လို့ သတင်းထွက်ခဲ့ပြီးနောက် အခု အောက်တိုဘာ ၁၃ ရက်နေ့မှာ ကံတော်ကုန်သွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့သီရိရာဇ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်းကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ဘုရင်ဘူမိဘောဟာ သီရိရာဇဆေးရုံမှာ ဆေးကုသမှု အကြိမ်ကြိမ် ခံယူခဲ့သူဖြစ်ကာ ယမန်နေ့ကတော့ ဘုရင်ဟာ သွေးပေါင်ချိန် ကျဆင်းနေကြာင်း တော်ဝင်မိသားစုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသည်းဟာ ပုံမှန်အလုပ်မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။

ဘုရင်ဘူမိဘောဟာ ကမ္ဘာမှာ လက်ရှိနန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပြီး နှစ်ပေါင်း ၇၀ တိတိ နန်းသက်ရခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top