Property Expo
×

ယေန႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔တြင္ တ႐ုတ္ျပည္၊ မိန္းေမာဝ္းနယ္(ေရႊလီၿမိဳ႕)၊ ေဖြးဟိုင္းရြာအတြင္း႐ွိ အမ်ားစြန္႔ပစ္သည့္ အမိႈက္ပုံအနီး သ်ွမ္းကေလးငယ္ႏွစ္ဦးအား ခႏၶာကိုယ္အတြင္း ကလီစာမ်ားေဖာက္ယူလ်ွက္ စြန္႔ပစ္ထားေၾကာင္းသိရသည္။
၎ကေလးငယ္ႏွစ္ဦးသည္တ႐ုတ္ႏိုင္ငံဖြားသ်ွမ္းတိုင္းရင္းသားလူမ်ိဳးစုျဖစ္ၿပီးတစ္ဦးက ေယာက်ာၤးေလး၊ ေနာက္တစ္ဦးက မိန္းကေလးတစ္ဦးျဖစ္ေၾကာင္းမ်က္ျမင္သက္ေသမ်ားကဆိုသည္။"ကေလးႏွစ္ဦးကအတြင္းကလီစာေတြျဖစ္တဲ့ အသည္း၊ေက်ာက္ကပ္တစ္မ်ိဳးမ်ိဳး ေဖာက္ထုတ္ခံထားရပုံပဲ၊သူတို႔ဗိုက္ေတြရဲ႕ခ်ဳပ္႐ုိးကတစ္ခုခု
ခြဲစိတ္ယူၿပီးျပန္ခ်ဳပ္ထားတယ္ဆိုေတာ့ေလ၊ အေရးႀကီးအစိတ္အပိုင္းေတြကိုခြဲထုတ္ ယူလိုက္ေတာ့ ကေလးေတြအတြက္က အသက္႐ွင္လ်ွက္မဟုတ္ဘဲ အေသနဲ႔ပစ္ထားတာ ၊သတင္းအစအနကိုေတာ့ မသိရေသးေၾကာင္း" နန္းထြမ္းရင္ကဆိုသည္။

ကေလးငယ္ႏွစ္ဦး က်ား-၁၊မ-၁ သည္ ဝိသမေလာဘသားမ်ား၏ဖမ္းဆီးျခင္း၊ သို႔တည္းမဟုတ္ လူကုန္ကူးမႈ ခံရသူကေလးငယ္မ်ားျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကသည္ ။ တ႐ုတ္ႏိုင္ငံသည္ ႏွစ္စဥ္ ကေလးသူငယ္ ေပ်ာက္ဆုံးျခင္း၊ လူကုန္ကူးခံရျခင္း၊ ခႏၶာကိုယ္၏အစိတ္အပိုင္းမ်ား ခြဲထုတ္ခံရျခင္းႏႈန္းသည္ ထိန္းမႏိုင္ သိမ္းမရ အဆင့္ထိျမင့္မားလာေနေၾကာင္း နန္းထြမ္းရင္ကေျပာသည္။

ကေလးငယ္ေတြရဲ႕ေဘးမွာ ယူၾကဳံးမရ ေအာ္ငိုေနတဲ့ မိန္းမႀကီးတစ္ဦးလည္း ေတြ႕ရေၾကာင္း၊ သူတို႔မိဘမ်ားျဖစ္ႏိုင္ေၾကာင္း မ်က္ျမင္ေတြကေျပာဆိုေနၾကသည္။

၎သတင္း၏ အေသးစိပ္အခ်က္အလက္မ်ားအား နမ့္ခမ္းသတင္းစဥ္မွ လိုက္လံစုံစမ္းေသာ္လည္း ၿပီးျပည့္စုံသည့္ အခ်က္အလက္မ်ား မရ႐ွိခဲ့ေပ။ မိဘမ်ားအေနျဖင့္ မိမိကေလးငယ္မ်ားအား ေကာင္းမြန္စြာၾကည့္႐ႈ ဂ႐ုစိုက္ရန္၊ ေက်ာင္းသြား/ျပန္ သတိမျပတ္ေစာင့္ၾကည့္ရန္ အသိေပးသတင္းတစ္ပုဒ္မ်ွသာျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nam Kham News

#Unicode Version
 ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် တရုတ်ပြည်၊ မိန်းမောဝ်းနယ်(ရွှေလီမြို့)၊ ဖွေးဟိုင်းရွာအတွင်းရှိ အများစွန့်ပစ်သည့် အမှိုက်ပုံအနီး သျှမ်းကလေးငယ်နှစ်ဦးအား ခန္ဓာကိုယ်အတွင်း ကလီစာများဖောက်ယူလျှက် စွန့်ပစ်ထားကြောင်းသိရသည်။

၎င်းကလေးငယ်နှစ်ဦးသည်တရုတ်နိုင်ငံဖွားသျှမ်းတိုင်းရင်းသားလူမျိုးစုဖြစ်ပြီးတစ်ဦးက ယောကျာၤးလေး၊ နောက်တစ်ဦးက မိန်းကလေးတစ်ဦးဖြစ်ကြောင်းမျက်မြင်သက်သေများကဆိုသည်။"ကလေးနှစ်ဦးကအတွင်းကလီစာတွေဖြစ်တဲ့ အသည်း၊ကျောက်ကပ်တစ်မျိုးမျိုး ဖောက်ထုတ်ခံထားရပုံပဲ၊သူတို့ဗိုက်တွေရဲ့ချုပ်ရိုးကတစ်ခုခုခွဲစိတ်ယူပြီးပြန်ချုပ်ထားတယ်ဆိုတော့လေ၊ အရေးကြီးအစိတ်အပိုင်းတွေကိုခွဲထုတ် ယူလိုက်တော့ ကလေးတွေအတွက်က အသက်ရှင်လျှက်မဟုတ်ဘဲ အသေနဲ့ပစ်ထားတာ ၊သတင်းအစအနကိုတော့ မသိရသေးကြောင်း" နန်းထွမ်းရင်ကဆိုသည်။


ကလေးငယ်နှစ်ဦး ကျား-၁၊မ-၁ သည် ဝိသမလောဘသားများ၏ဖမ်းဆီးခြင်း၊ သို့တည်းမဟုတ် လူကုန်ကူးမှု ခံရသူကလေးငယ်များဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည် ။ တရုတ်နိုင်ငံသည် နှစ်စဉ် ကလေးသူငယ် ပျောက်ဆုံးခြင်း၊ လူကုန်ကူးခံရခြင်း၊ ခန္ဓာကိုယ်၏အစိတ်အပိုင်းများ ခွဲထုတ်ခံရခြင်းနှုန်းသည် ထိန်းမနိုင် သိမ်းမရ အဆင့်ထိမြင့်မားလာနေကြောင်း နန်းထွမ်းရင်ကပြောသည်။

ကလေးငယ်တွေရဲ့ဘေးမှာ ယူကြုံးမရ အော်ငိုနေတဲ့ မိန်းမကြီးတစ်ဦးလည်း တွေ့ရကြောင်း၊ သူတို့မိဘများဖြစ်နိုင်ကြောင်း မျက်မြင်တွေကပြောဆိုနေကြသည်။

၎င်းသတင်း၏ အသေးစိပ်အချက်အလက်များအား နမ့်ခမ်းသတင်းစဉ်မှ လိုက်လံစုံစမ်းသော်လည်း ပြီးပြည့်စုံသည့် အချက်အလက်များ မရရှိခဲ့ပေ။ မိဘများအနေဖြင့် မိမိကလေးငယ်များအား ကောင်းမွန်စွာကြည့်ရှု ဂရုစိုက်ရန်၊ ကျောင်းသွား/ပြန် သတိမပြတ်စောင့်ကြည့်ရန် အသိပေးသတင်းတစ်ပုဒ်မျှသာဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Nam Kham News 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top