Property Expo
×

ယခုေခတ္ၾကီးတြင္ ယခင္ကဲ့သို႔ အတြဲ(သမီးရည္းစား)မ်ား ခ်ိန္းေတြ႕ရာေနရာမွာပန္းၿခံမ်ားမဟုတ္ေတာ့Mini Cinema ၊ တည္းခုိခန္း၊ ဟုိတယ္၊ မုိတယ္စသည့္ျ ဖင့္ေယာက်္ားေလး၊ မိန္းကေလး ႏွစ္ေယာက္တည္းတံခါးပိတ္ ေဆြးေႏြးတုိင္ပင္ႏုိင္ေသာေနရာမ်ားမွာ တစ္စ တစ္စတိုးျမင့္ဖြင့္လွစ္လာျခင္းေၾကာင့္သမီးပ်ိဳမ်ား အတြက္ လက္ထပ္ထိမ္းျမားျခင္းမျပဳလုပ္ရေသးဘဲ အပ်ိဳဘ၀စြန္႔လႊတ္ရာေနရာ၊ ဘ၀ပ်က္ရာ ေနရာတစ္ခု ကဲ့သို႔ ျဖစ္လာႏုိင္သည္ဟု သမီး ရွိမိဘမ်ားက ေတြး ပူေနၾကၿပီ၊ တာ၀န္ရွိသူေတြကေရာ ဒီအတုိင္း ၾကည့္ေနၾကေတာ့မွာလား။

ေတြးပူတာနဲ႔တင္မၿပီးေသးပါဘူး၊ ျဖစ္စဥ္ေတြလည္းရွိေနပါတယ္၊ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕က မႏၲေလးၿမိဳ႕ေပၚကိုေရာက္ အလုပ္တစ္ခုမလုပ္မီမွာ ရည္းစားထား၊ အဆုိပါ ေနရာေတြကို သြားရတာ လြယ္ကူ တဲ့အတြက္ သြား၊ ကုိယ္၀န္ရ၊ ရတဲ့ကိုယ္၀န္နဲ႔ ပတ္သက္ၿပီး တာ၀န္ယူႏုိင္တဲ့ အေနအထားမရွိတဲ့ သူနဲ႔ ေတြ႕ၿပီး တဲ့ေနာက္ ကိုယ္၀န္ကိုလက္သိပ္ထုိးဖ်က္ခ်၊ ဆရာ၀န္မဟုတ္တဲ့သူက ကိုယ္၀န္ဖ်က္ခ်ေပးေတာ့ ေက်းရြာတစ္ခုက ကြမ္းေတာ္ကိုင္ပန္းေတာ္ကုိင္အသက္၂၁ႏွစ္ အရြယ္ မိန္းက ေလးတစ္ဦးမွာ အသက္မေသဆုံးသင့္ဘဲ ေသဆုံးခဲ့သည့္ျဖစ္စဥ္တစ္ခုနဲ႔ ပတ္သက္ၿပီး မိခင္ျဖစ္သူက ေျပာျပခဲ့ပါတယ္။

“ေဆး႐ုံျပဖို႔လုပ္တယ္၊ အမ်ဳိးသမီးေဆး႐ုံႀကီးကိုသြားမျပဘူးလို႔ အတင္းျငင္းတဲ့အတြက္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးကိုျပတယ္၊ ဟိုစစ္ဒီစစ္ေဆးေနၿပီး ဘာေရာဂါ မွ မေတြ႕ရွိပါဘူး၊ ဘာမွမျဖစ္ဘူးလို႔ ထင္တဲ့အတြက္ ရြာျပန္လာတယ္၊ ရြာေရာက္ေတာ့ အသားအေရမည္းေျခာက္ေနၿပီးဆရာ၀န္နဲ႔ကုမရလို႔ သားဖြားဆရာ၀န္မ တစ္ဦးကိုျပၾကည့္ရာမွ သားအိမ္ထဲမွ က်န္တဲ့ အသားက ပုတ္ေနၿပီ အျမန္ေဆး႐ုံပို႔လို႔ေျပာေပမယ့္ ပို႔တဲ့လမ္းမွာတင္အသက္ေသဆုံးသြားခဲ့ရပါတယ္”မ်က္ရည္မ ဆည္ႏုိင္ေအာင္ငိုေႂကြးထားေသာ မိခင္က သမီးျဖစ္စဥ္အား ရွင္းျပခဲ့သည္။

တကၠသိုလ္အနီး၀န္းက်င္မွာအတြဲေတြအတြက္ေလေအးစက္ပါတဲ႕အခန္းေတြကို တစန္ ာရီက်ပ္ႏွစ္ေထာင္၀န္းက်င္နဲ႔အတားအဆီးမရွိဖြင့္လွစ္ခြင့္ျပဳထားတာ။

ထို႔ျဖစ္စဥ္ျဖစ္ပြားရျခင္း အစပထမမွာအရွက္ကို ေရွ႕တန္းမတင္ဘဲ ေနာက္ပုိင္း ျပႆနာျဖစ္ပြားကာမွ အရွက္တရား ကို ေရွ႕တန္းတင္ ေဆး ကုသမႈမျပဳခဲ့ တာေၾကာင့္ အခုလိုအျဖစ္မ်ဳိးႀကဳံေတြ႕ခဲ့ရတာျဖစ္တဲ့အတြက္ မိဘေတြထိန္းသိမ္းဖို႔၊ ကာယကံရွင္ မိန္းမပ်ိဳေတြအေနနဲ႔လည္း ထိန္းသိမ္းဖို႔လုိလာေနၿပီဆုိတာကို သိသာထင္ရွားစြာ မီးေမာင္းထုိးျပလိုက္တာပါပဲ။သိသာထင္ရွားစြာေပၚလြင္လာတာနဲ႔အတူ လက္ရွိအေနအထားအရ အထက္ပါျဖစ္စဥ္လိုမ်ဳိး ဘယ္ႏွဦးေလာက္ျ ဖစ္ေနၿပီလဲဆုိတာကေတာ့ အတိအက်မသိရပါဘူး။

ဒါေပမဲ့ အေရအတြက္အရေတာ့မနည္းေတာ့ဘူးဆုိတာကေတာ့ ေတြးၾကည့္႐ုံနဲ႔သိသာပါတယ္။
အဲဒါေတြျဖစ္ပြားလာရတဲ့အေၾကာင္းအရင္းတစ္ခုအေနနဲ႔ကေတာ့ ေက်ာင္းပတ္၀န္းက်င္၊ တကၠသိုလ္နား၀န္က်င္မွာလည္းဟိုတယ္၊ မုိတယ္၊ Mini Cinema ေတြကိုမိႈလိုေပါက္ေအာင္ ဖြင့္လွစ္ခြင့္ျပဳထားတာေတြေၾကာင့္ အခ်ိန္ ပုိင္းအနားယူသြားအိပ္၊ဘ၀ပ်က္ၾကရတာေတြကလည္း ဒုနဲ႔ေဒးပါပဲ၊ စာေပပုိင္းဆုိင္ရာကို ေလ့လာမႈကေတာ့ မသိဘူး၊ ႏုိင္ငံတကာယဥ္ေက်းမႈကိုေတာ့ လုိက္ နာေနၾကတာကေတာ့ ေျမႀကီးလက္ခတ္မလြဲဘဲ ေတြ႕ျမင္ေနရတာပါပဲ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အသက္ ၂၄ ႏွစ္ အရြယ္မခင္ခင္က(အမည္လႊဲ) “နယ္ၿမိဳ႕ကလာတဲ့မိန္းကေလးေတြ အမ်ားဆးံု ၀န္ထမ္းအလုပ္လုပ္ၿပီး ၿမိဳ႕မွာေနထုိင္ ၾက တာမ်ားတယ္၊သူတုိ႔က ေငြကို အဓိကထားတယ္၊ ေ၀ဖန္တာမဟုတ္ပါဘူး၊ အျမင္ကုိေျပာတာျဖစ္ပါတယ္၊ အေဆာင္တစ္ခုမွာ မိန္းကေလး၃၀ဦး ေလာက္ ရွိမယ္ဆုိရင္ ငါးဦးနဲ႔ ရွစ္ဦးၾကားမွာျဖစ္ေနတယ္။ ကၽြန္မေနခဲ့တဲ့ အေဆာင္က အေနအထားကို ေျပာတာပါ၊အဲဒီထဲမွာ တခ်ဳိ႕ဗုိက္ေပၚလုိ႔ျပန္သြားတာ၊လက္သိပ္ ထုိးဖ်က္ခ်တာ မ်ိဳးစုံရွိပါတယ္၊အဓိကေတာ့အေလးမထားတာနဲ႔လြယ္လြယ္ကူကူ ျဖစ္ႏုိင္တဲ့ေနရာေတြေပါလာတာေၾကာင့္လို႔
ထင္တယ္၊ဒါတင္မကတစ္ေယာက္ နဲ႔တစ္ေယာက္ ဘယ္ဟုိတယ္၊ ဘယ္ေနရာက သန္႔တယ္ဆိုတာမ်ဳိးအထိ လမ္းၫႊန္လုပ္ေဆာင္လာၾကတာမ်ဳိး ျဖစ္လာေနၿပီ” ဟု ေျပာသည္။

ယင္းကဲ့သို႔ေသာေျပာင္းလဲမႈအျပင္မႏၲေလးၿမိဳ႕မွာ အခါႀကီးရက္ႀကီး အလည္ထြက္၊ ဘုရားဖူးသြားတဲ့ ေခတ္မ ဟုတ္ေတာ့ဘဲ ဟိုတယ္လူျပည့္တဲ့အထိစည္ ကား တဲ့ၿမိဳ႕၊မာဆတ္ေတြ ေတာင္ပုံရာပုံဖြင့္လွစ္ခြင့္ေပးအဲဒီမွာ ရရွိတ့ဲ ေငြေၾကးအနညး္ ငယ္ေၾကာင့္ဘ၀ပ်က္သြားရတဲ့ သမီးပ်ဳိေတြေနထုိင္တဲ့ၿမိဳ႕၊ အရက္ေသ စာေ သာက္စားဖုိ႔အတြက္လည္း အသက္၁၈ ႏွစ္ျပည့္ၿပီလားဆုိတာမၾကည့္၊ ေရာင္းခ်ဖို႔ရဖို႔အတြက္ အဓိကဦးစားေပးေနတဲ့ၿမိဳ႕ စသည့္ျဖင့္ ထိန္းခ်ဳပ္ကန္႔သတ္မႈမ ရွိေတာ့တဲ့ ၿမိဳ႕အျဖစ္ တျဖည္းျဖည္းပုံေျပာင္းလုိ႔လာေနပါၿပီ။

ထဘီေျခဖေနာက္ဖုံး၀တ္တဲ့ ယဥ္ေက်းမႈၿမိဳ႕ေတာ္ မႏၲေလးက မႏၲလာသူကေန ဒူးေအာက္မဆင္းအ၀တ္အစားေတြ၀တ္လာၿပီး ယဥ္ေက်းမႈျပယုဂ္ ႏြမ္းပါးလာတဲ့ ၿမိဳ႕အျဖစ္ တျဖည္းျဖည္း ပုံေျပာင္းစျပဳလာေနၿပီလို႔ ထင္တယ္။ ဒါေတြသာမက အမ်ိဳးသမီး မ်ားအေနျဖင့္ ယခင္ကလုိမ်ိဳး မိမိတစ္သက္ တာေပါင္း သင္းေနထုိင္ မည့္သူႏွင့္ ေနထုိင္ျခင္း ကိုအခ်ဳိ႕ေသာသူမ်ားက လုပ္ေဆာင္ ၾကေသာ္လည္း ယခုေခတ္တြင္ ယင္းကဲ့သို႔ ပုံစံမ်ိဳး မဟုတ္ဘဲ မည့္သည့္အေၾကာင္း အရင္းမွ် မသိ ရေသးေသာသူမ်ားႏွင့္ သမီးရည္းစားျဖစ္ကာ အေလးမထားဘဲ အတူတကြေနထုိင္ျခင္းေၾကာင့္ ယခုကဲ့သို႔ ျဖစ္ပြားမႈမ်ားရွိလာျခင္းျဖစ္ကာ အထက္ပါ ျဖစ္စဥ္ မ်ားကဲ့သို႔ အသက္ေသဆုံးသည့္အထိျဖစ္ေပၚလာျခင္းျဖစ္သည္ဟု အသက္ ၄၅ႏွစ္ရွိေဒၚေအးက သုံးသပ္ေျပာဆုိခဲ့သည္။

သုံးသပ္ခ်က္မ်ားအျပင္ လက္ရွိအခ်ိန္ကာလအား ဒီမုိကေရစီေခတ္ဟုဆုိကာေဖာ္ခြ်တ္ေမာ္ဒယ္မ်ား တျဖည္းျဖည္းတိုးတက္လာျခင္း၊ အမ်ိဳးသမီးမ်ားအရက္ေသ စာေသာက္စားမႈမ်ားကို ေပၚေပၚထင္ထင္ျပဳလုပ္လာၾကျခင္း၊ သမီးရည္း စားေနထုိင္မႈပုံစံ ပြင့္လင္းသထက္ ပြင့္လင္းလာျခင္းတို႔ေၾကာင့္ အတုျမင္ အတတ္သင္ လာႏုိင္ျခင္း၊ အြန္လိုင္းေပၚမွ အျပာေရာင္၀က္ဘ္ဆုိဒ္မ်ားအား အလြယ္တကူၾကည့္႐ႈလာကာမလုိလားအပ္ေသာ အတုယူမွားမ်ားကိုလူငယ္၊ လူရြယ္မ်ားမွ ရယူ လာျခင္းေၾကာင့္လည္း တျဖည္းျဖည္း ယခုကဲ့သို႔အသြင္ေျပာင္းလဲလာျခင္းျဖစ္သည္။

“မူးယစ္ေဆး၀ါးလက္တစ္ကမ္းမွာ၀ယ္ယူႏုိင္တဲ့အေနအထား၊ ဆယ္ေက်ာ္သက္မ်ား လိင္မႈဆုိင္ရာ စူးစမ္းမႈအေနထား၊၁၈+ကားမ်ား ဆုိင္မ်ားအား အလြယ္တ ကူ၀ယ္ယူႏုိင္သည့္ အေနအထားမ်ားေၾကာင့္အေနာက္တုိင္း ယဥ္ေက်းမႈ၀င္ေရာက္လာၿပီး၊လက္မထပ္မီအတူေနထုိင္ျခင္းေတြျဖစ္ေပၚတာပါ၊ဒါ့အျပင္သူမ်ားႏုိင္ ငံေတြလိုက်န္းမာေရးအသိစိတ္ဓာတ္၊ ေဆး၀ါးပုိင္းဆုိင္ရာအသိ စသည့္တုိ႔ကို သိရွိနားလည္ျခင္းမရွိတာေၾကာင့္ ဒီလုိေတြျဖစ္ကုန္တာ၊အဲလုိမ်ိဳးေတြမျဖစ္ေအာင္ အားလုံးကို သိရွိလုပ္ေဆာင္ေပးဖုိ႔ သက္ဆုိင္ရာမွာ တာ၀န္ရွိတယ္” ဟု ေဒၚေအးကေျပာသည္။

ယင္းအခ်က္အလက္မ်ားေၾကာင့္လက္ရွိအခ်ိန္တြင္ နင္အပ်ိဳစစ္ရဲ႕လားလို႔ေမးခြန္းပိုင္းဆုိင္ရာမွာအခုေခတ္လူငယ္ၾကားတြင္
ေျဖဆုိဖို႔မ၀ံ့မရဲတဲ့ျဖစ္စဥ္ေတြေတာ ေတာ္ မ်ားမ်ားျဖစ္လာခဲ့ေၾကာင္း ၊အားလုံးၿခံဳငံုသုံးသပ္ေျပာဆုိျခင္းေတာ့မဟုတ္ပါဘူး၊ လက္ရွိလူငယ္ေတြကို အဓိကထားဆုိျခင္းျဖစ္တယ္လို႔ အမ်ဳိးသမီးတစ္ ဦးကေျပာခဲ့ပါတယ္။

ထုိ႔ကဲ့သို႔ေသာျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ၀န္ထမ္းအမ်ဳိးသားတစ္ဦးျဖစ္သည့္ကိုေအး(အမည္လႊဲ) အား ထင္ျမင္ခ်က္ေမးျမန္းရာ “ ကၽြန္ေတာ္တုိ႔ ေယာက်္ားေ လးေတြက ကိုယ္တစ္သက္တာ လက္တြဲရမယ့္သူျဖစ္မယ့္မိန္းမေတြမွာ ရွိသင့္တဲ့အပ်ဳိဂုဏ္ ဆုိတာမ်ိဳးကို တန္ဖိုးထားေနၾကဆဲပါ၊အေဖာ္အခၽြတ္ေတြ ေပၚလာလို႔ လည္းေယာက်္ားျဖစ္တာေၾကာင့္ ၾကည့္တယ္၊အေလးထားမႈေတာ့မရွိပါဘူး”ဟု ေျပာဆုိသြားခဲ့ပါတယ္။

ဒါမ်ဳိးေတြမျဖစ္၊ သမီးပ်ဳိေတြကို ေ၀ဖန္ေန တာမ်ဳိးေတြရွိလာရတဲ့ အဓိက အခ်က္ကေတာ့ သက္ဆုိင္ရာကေန ထိန္းခ်ဳပ္မႈမျပဳတာ၊ လူငယ္လူရြယ္ေတြ ေနထုိင္ သြားလာမႈမ်ားတဲ့ ေက်ာင္း၊ တကၠသိုလ္ပတ္၀န္းက်င္မွာ အဲလိုမ်ိဳးဆုိင္ေတြကို ဖြင့္လွစ္ခြင့္ျပဳတာ၊ ဟိုတယ္ေတြမွာ ေက်ာင္းသား၊ လူငယ္ေတြကို တည္းခုိခြင့္ကို ၾကပ္မတ္လုပ္ေဆာင္တာ၊ အရက္ဆုိင္၊ ဘီယာဆုိင္မ်ားကိုဖြင့္လွစ္ခြင့္ကန္႔သတ္တာတို႔လုပ္ေဆာင္သင့္ပါတယ္။

ဒါေပမဲ့ လုပ္ေဆာင္ျခင္းကေတာ့ အခုထိထင္ထင္ရွားရွားမရွိေသးပါဘူး။ဥပမာအေနနဲ႔ေျပာရင္ တကၠသိုလ္
အနီး၀န္းက်င္မွာအတြဲေတြအတြက္ ေလေအး စက္ပါတဲ့ အခန္းေတြကိုတစ္နာရီက်ပ္ႏွစ္ေထာင္၀န္းက်င္နဲ႔ အတားအဆီးမရွိ ဖြင့္လွစ္ခြင့္ျပဳထားတာ၊ အဲဒီေနရာမွာ တစ္ေန႔ကို အတြဲေပါင္းရာဂဏန္း၀န္းက်င္ အထိေန႔စဥ္ လာေရာက္ၾကတာ၊အဲဒီထဲမွာ ဘယ္ေလာက္မ်ား သမီးပ်ဳိေလးေတြရဲ႕ ဘ၀ပ်က္စီးသြားရၿပီလဲဆုိတာကိုခ်င့္ခ်ိန္ေတြးေတာၾကည့္ႏုိင္ပါတယ္။ အျမင္ မတင့္တယ္သလို ဥပေဒအရလည္း ခြင့္ျပဳမယ္လို႔ မထင္ပါဘူး၊ ဒါေတြမျဖစ္ေအာင္သက္ဆုိင္ရာအေနနဲ႔ လ်စ္လ်ဴ႐ႈမေနပါန႔ဲလုိ႔ ေျပာခ်င္ပါတယ္။

ဒီအတုိင္းပဲ ၾကည္႕ေနၾကေတာ႕မွာလား….တကၠသိုလ္အနီး၀န္းက်င္မွာအတြဲေတြ
အတြက္ေလေအးစက္ပါတဲ႕အခန္းေတြကို တစ္နာရီက်ပ္ႏွစ္ေထာင္၀န္း က်င္နဲ႔အတား အဆီးမရွိဖြင့္လွစ္ခြင့္ျပဳထားတာ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima

#Unicode Version
ယခုခေတ်ကြီးတွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံများမဟုတ်တော့Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ြ ဖင့်ယောကျ်ားလေး၊ မိန်းကလေး နှစ်ယောက်တည်းတံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့်သမီးပျိုများ အတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘဝစွန့်လွှတ်ရာနေရာ၊ ဘဝပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီး ရှိမိဘများက တွေး ပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။

တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊ ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက် အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူ တဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနေအထားမရှိတဲ့ သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက်ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အသက်၂၁နှစ် အရွယ် မိန်းက လေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပြတယ်၊ ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့ ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာဝန်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမယ့် ပို့တဲ့လမ်းမှာတင်အသက်သေဆုံးသွားခဲ့ရပါတယ်”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။

တက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေအတွက်လေအေးစက်ပါတဲ့အခန်းတွေကို တစန် ာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့အတားအဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ။

ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ။သိသာထင်ရှားစွာပေါ်လွင်လာတာနဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ြ ဖစ်နေပြီလဲဆိုတာကတော့ အတိအကျမသိရပါဘူး။

ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူးဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။
အဲဒါတွေဖြစ်ပွားလာရတဲ့အကြောင်းအရင်းတစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာလည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေကြောင့် အချိန် ပိုင်းအနားယူသွားအိပ်၊ဘဝပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မိန်းကလေးတွေ အများဆးုံ ဝန်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။ ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွားတာ၊လက်သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့အလေးမထားတာနဲ့လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေပေါလာတာကြောင့်လို့
ထင်တယ်၊ဒါတင်မကတစ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။

ယင်းကဲ့သို့သောပြောင်းလဲမှုအပြင်မန္တလေးမြို့မှာ အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မ ဟုတ်တော့ဘဲ ဟိုတယ်လူပြည့်တဲ့အထိစည် ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့်ပေးအဲဒီမှာ ရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့်ဘဝပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့၊ အရက်သေ စာေ သာက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့်၊ ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့် ထိန်းချုပ်ကန့်သတ်မှုမ ရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်းပုံပြောင်းလို့လာနေပါပြီ။

ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအဝတ်အစားတွေဝတ်လာပြီး ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့် ယခင်ကလိုမျိုး မိမိတစ်သက် တာပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်း ကိုအချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိ ရသေးသောသူများနှင့် သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားမှုများရှိလာခြင်းဖြစ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။

သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့် အတုမြင် အတတ်သင် လာနိုင်ခြင်း၊ အွန်လိုင်းပေါ်မှ အပြာရောင်ဝက်ဘ်ဆိုဒ်များအား အလွယ်တကူကြည့်ရှုလာကာမလိုလားအပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာဝယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့်အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတွေဖြစ်ပေါ်တာပါ၊ဒါ့အပြင်သူများနိုင် ငံတွေလိုကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။

ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့မေးခွန်းပိုင်းဆိုင်ရာမှာအခုခေတ်လူငယ်ကြားတွင်
ဖြေဆိုဖို့မဝံ့မရဲတဲ့ဖြစ်စဉ်တွေတော တော် များများဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြောဆိုခြင်းတော့မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ် ဦးကပြောခဲ့ပါတယ်။

ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ဝန်ထမ်းအမျိုးသားတစ်ဦးဖြစ်သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောကျ်ားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်းမတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောကျ်ားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။

ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခွင့်ကန့်သတ်တာတို့လုပ်ဆောင်သင့်ပါတယ်။

ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေးပါဘူး။ဥပမာအနေနဲ့ပြောရင် တက္ကသိုလ်
အနီးဝန်းကျင်မှာအတွဲတွေအတွက် လေအေး စက်ပါတဲ့ အခန်းတွေကိုတစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ သမီးပျိုလေးတွေရဲ့ ဘဝပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နိုင်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအနေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။

ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား….တက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေ
အတွက်လေအေးစက်ပါတဲ့အခန်းတွေကို တစ်နာရီကျပ်နှစ်ထောင်ဝန်း ကျင်နဲ့အတား အဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ ။


ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top