Property Expo
×

  ဒဂုံၿမိဳ႕နယ္ ဦး၀ိစာရလမ္း န၀ရတ္ရိပ္သာ၀င္းအတြင္းရွိ အထပ္ျမင့္တုိက္ခန္း ေခါင္မိုးေပၚမွ အသက္(၂၉)ႏွစ္အရြယ္ ၾသစေၾတးလ်ႏုိင္ငံသားတစ္ဦး ျပဳတ္က်ေသဆုံးခ့ဲေၾကာင္း သတင္းရရွိသည္။

ဒဂုံၿမိဳ႕နယ္ ဦး၀ိစာရလမ္း န၀ရတ္ရိပ္သာ၀င္းအတြင္းရွိ ေလးလႊာ တုိက္ေခါင္မိုးေပၚမွ  ေအာက္တိုဘာ ၂၇ ရက္ ည ၁၁ နာရီခဲြခန္႔တြင္ ျပဳတ္က်ေသဆုံးခဲ့ၿပီး အဆုိပါ ႏုိင္ငံျခားသားသည္ တုိက္ေခါင္မိုးေပၚသို႔ မည္သည့္အတြက္ ေရာက္ရွိေနျခင္းကို စစ္ေဆးေနဆဲျဖစ္ေၾကာင္း ဒဂုံၿမိဳ႕မရဲစခန္းမွရဲအရာရွိတစ္ဦးကေျပာသည္။


‘‘သူက အဲဒီတုိက္မွာေနတာ မဟုတ္ဘူး။ ဘာလာလုပ္တယ္။ တုိက္ေပၚကို ဘာတက္လုပ္လဲဆို တာေတြ ကြၽန္ေတာ္တုိ႔စစ္ေဆးရ ဦးမယ္။ အခု သူေသေတာ့မွသာ ေသတယ္ဆုိၿပီးသိတာ။ အခုေလာေလာဆယ္ေတာ့ ၾသစေၾတးလ်သံ႐ုံးနဲ႔ ခ်ိတ္ၿပီးစုံစမ္းေနတယ္။ က်န္တာေတြက စစ္ေဆးတုန္းပဲ’’ဟု ၎ကဆုိသည္။

တုိက္ ၉၇၊ ေလးလႊာေခါင္မိုးေပၚမွ ျပဳတ္က်သူသည္ ၾသစေၾတးလ်ႏုိင္ငံသား Mr.Rhodes Lachlan William ျဖစ္ၿပီး ညာ နဖူးေပါက္ၿပဲဒဏ္ရာ၊ ဦးေခါင္း ေနာက္ေစ့စုတ္ၿပဲဒဏ္ရာ၊ ညာ လက္ဖ်ံ ညိဳမည္းဒဏ္ရာမ်ားရရွိ သျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး သိ႔ု ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း ၎ကေျပာၾကားသည္။

ျပဳတ္က်သည့္ ဒဏ္ရာမ်ား ျဖင့္ ၎သည္  ေအာက္တိုဘာ ၂၈ ရက္ နံနက္ ၂ နာရီတြင္ ေသဆုံးခဲ့သျဖင့္ ဒဂုံၿမိဳ႕မရဲစခန္းက ေသမႈေသခင္းျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ဒဂုံၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ဒဂုံမြို့နယ် ဦးဝိစာရလမ်း နဝရတ်ရိပ်သာဝင်းအတွင်းရှိ အထပ်မြင့်တိုက်ခန်း ခေါင်မိုးပေါ်မှ အသက်(၂၉)နှစ်အရွယ် သြစတြေးလျနိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် ဦးဝိစာရလမ်း နဝရတ်ရိပ်သာဝင်းအတွင်းရှိ လေးလွှာ တိုက်ခေါင်မိုးပေါ်မှ  အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီခွဲခန့်တွင် ပြုတ်ကျသေဆုံးခဲ့ပြီး အဆိုပါ နိုင်ငံခြားသားသည် တိုက်ခေါင်မိုးပေါ်သို့ မည်သည့်အတွက် ရောက်ရှိနေခြင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးကပြောသည်။


‘‘သူက အဲဒီတိုက်မှာနေတာ မဟုတ်ဘူး။ ဘာလာလုပ်တယ်။ တိုက်ပေါ်ကို ဘာတက်လုပ်လဲဆို တာတွေ ကျွန်တော်တို့စစ်ဆေးရ ဦးမယ်။ အခု သူသေတော့မှသာ သေတယ်ဆိုပြီးသိတာ။ အခုလောလောဆယ်တော့ သြစတြေးလျသံရုံးနဲ့ ချိတ်ပြီးစုံစမ်းနေတယ်။ ကျန်တာတွေက စစ်ဆေးတုန်းပဲ’’ဟု ၎င်းကဆိုသည်။

တိုက် ၉၇၊ လေးလွှာခေါင်မိုးပေါ်မှ ပြုတ်ကျသူသည် သြစတြေးလျနိုင်ငံသား Mr.Rhodes Lachlan William ဖြစ်ပြီး ညာ နဖူးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်း နောက်စေ့စုတ်ပြဲဒဏ်ရာ၊ ညာ လက်ဖျံ ညိုမည်းဒဏ်ရာများရရှိ သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သိ့ု ပို့ဆောင်ကုသပေးခဲ့ကြောင်း ၎င်းကပြောကြားသည်။

ပြုတ်ကျသည့် ဒဏ်ရာများ ဖြင့် ၎င်းသည်  အောက်တိုဘာ ၂၈ ရက် နံနက် ၂ နာရီတွင် သေဆုံးခဲ့သဖြင့် ဒဂုံမြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဒဂုံမြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top