Kantharyar Centre
×

မဂၤလာေဆာင္ျပီးစ သူတို႔ဇနီးေမာင္ႏွံရဲ႕ဘဝကလူတိုင္းအားက်ဖို႔ေကာင္းေအာင္
 ေပ်ာ္ရႊင္မႈေတြနဲ႔ျပည့္ႏွက္ေနခဲ့တယ္။ သားတစ္ေယာက္ေမြးခဲ့ေပမယ့္ တစ္သားေမြးတစ္ေသြးလွဆိုသလို သူမ လွပေနခဲ့တယ္။ ခႏၶာကိုယ္အခ်ဳိးအစားကုိ အပ်ဳိေလးတစ္ေယာက္လို သူမ ထိန္းသိမ္းထားႏိုင္ခဲ့တယ္။ လင္ေယာက္်ားနဲ႔တဲြသြားသည့္တိုင္ ပုရိသတို႔ရဲ႕ အၾကည့္စက္ကြင္းမွာ သူမ,မလြတ္ခဲ့ဘူး။ အိမ္သူသက္ထားရဲ႕ ဆဲြေဆာင္မႈအျပည့္ရွိတဲ့အလွေၾကာင့္ အေပါင္းအသင္းေတြၾကားမွာ သူ လက္မေထာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ လင္နဲ႔မယား၊ လွ်ာနဲ႔သြား ဆိုသလို အိမ္ေထာင္သက္ရင့္လာတာနဲ႔အမွ် သူတို႔မွာ ကေတာက္ကဆတ္ေတြရွိလာခဲ့တယ္။ ေန႔လယ္အလုပ္မွာ သူ ပင္ပန္းခဲ့တယ္။ ညမွာ သူမ ကေလးျပဳစုေစာင့္ေရွာက္ရတယ္။ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ၾကားက ၾကင္နာယုယမႈေတြ တစ္ေန႔ထက္တစ္ေန႔ ေလွ်ာ့နည္းလာခဲ့တယ္။ သူတို႔ရဲ႕ဆက္ဆံမႈက တစ္ခါတေလမွာ ေရခဲမွတ္ထိေတာင္ ေအးစက္သြားခဲ့တယ္။

တစ္ေန႔ သူ႔ကို သူမ တစ္ခုေတာင္းဆိုခဲ့တယ္။

“ကြ်န္မတေလးတစားနဲ႔ တစ္ခုေလာက္ ေတာင္းဆိုခ်င္ပါတယ္”

“ဘာေတာင္းဆိုမွာလဲ” သူ စိတ္မရွည္စြာ ေမးတယ္။

“ကြ်န္မကို တစ္ေန႔တစ္မိနစ္ေလာက္ ေပြ႔ဖက္ပါ”

“လိုအပ္လို႔လား…” သူမကို သူတစ္ခ်က္ၾကည့္ျပီး ခနဲတဲ့တဲ့ေမးတယ္။

“လိုအပ္လို႔ ကြ်န္မေတာင္းဆိုတာပါ။ ရွင္က ကြ်န္မကို မယံုသကၤာနဲ႔ ျပန္ေမးတဲ့အတြက္ ပိုလို႔ လိုအပ္ပါတယ္”

“အၾကင္နာေတြကို ရင္ထဲမွာပဲ ထားတယ္.. ထုတ္ေဖာ္ ေျပာျပစရာမလိုပါဘူး”

“တကယ္လို႔ အရင္တုန္းက ခ်စ္တာကိုရွင္ထုတ္ေဖာ္မေျပာခဲ့ရင္ ကြ်န္မတို႔ ယူျဖစ္ၾကမယ္မထင္ဘူး”

“အရင္ကအရင္ေလ အခုဆိုရင္ ပိုတည္ျငိမ္သြားျပီ မဟုတ္လား”

“ထုတ္မေျပာတိုင္း ပုိတည္ျငိမ္သြားမွာမဟုတ္သလို ထုတ္ေျပာတိုင္းလည္း ဟန္ေဆာင္တာေတြ မဟုတ္ပါဘူး”

ႏွစ္ေယာက္သား သူတစ္ခြန္း ငါတစ္ခြန္းနဲ႔ စကားမ်ားၾကေတာ့တယ္။
ေနာက္ဆံုးေတာ့ စစ္ေအး မီးျငိမ္းေအာင္ သူပဲ အရင္အေလွ်ာ့ေပးလိုက္ပါတယ္။ အနားနားသြားျပီး သူမကို တစ္မိနစ္ၾကာ သူဖက္ထားလိုက္ပါတယ္။

“အဓိပၸာယ္မဲ့တဲ့ မိန္းမပဲ” သူမကိုေပြ႔ဖက္ျပီး သူရယ္က်ဲက်ဲ ေျပာတယ္။

“အခ်စ္နဲ႔ပတ္သက္လာရင္ မိန္းကေလးေတြက အဓိပၸာယ္မဲ့တတ္ၾကတာပဲ”

အဲဒီေနာက္ ေန႔တိုင္း သူမကို တစ္မိနစ္ေပြ႔ဖက္ဖို႔ သူအခ်ိန္ေပးခ့ဲရတယ္။

ေန႔တိုင္း တစ္ေယာက္ကိုတစ္ေယာက္ေပြ႔ဖက္ခ်ိန္မွာ သူတို႔ ဘာမွမေျပာဘဲ ႏုတ္ဆိတ္ေနခဲ့ၾကေပမယ့္ သူတို႔ရဲ႕ဆက္ဆံေရးက တျဖည္းျဖည္း သဟဇာတ ျဖစ္လာခဲ့တယ္။ ဒီလိုႏုတ္ဆိတ္ျခင္းက မေပြ႔ဖက္ခင္ ႏုတ္ဆိတ္ျခင္းနဲ႔
စိတ္ခံစားခ်က္ေရာ၊ အဓိပၸာယ္ပါ ကဲြျပားခဲ့ပါတယ္။

ဒီလိုနဲ႔တစ္ေန႔မွာ သူမ ခရီးေဝးသြားဖို႔ ၾကံဳလာခဲ့တယ္။ ရထားမထြက္ခင္ သူ႔ကို သူမက…

“ကြ်န္မကိုေပြ႔ဖက္ရမယ့္တာဝန္တစ္ခု ခဏေလာက္ေတာ့ ရွင္ကင္းလႊတ္သြားတာေပါ့ေနာ္”

“ဟင့္အင္း.. ငါ မင္းကိုဖက္ခ်င္ေနမွာ” သူရယ္ရင္းေျပာတယ္။

တကယ္ပဲ ေနာက္တစ္ရက္မွာ သူ႔ဆီကဖုန္းကို သူမ လက္ခံရခဲ့ပါတယ္။ ဖုန္းေျပာရင္း သူမရဲ႕မ်က္လံုးအိမ္မွာ မ်က္ရည္ေတြ ျပည့္လွ်ံေနခဲ့တယ္။

တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခင္ၾကင္နာခဲ့သူႏွစ္ဦးရဲ႕ေဒါသေတြ အခ်င္းခ်င္း ပြတ္တိုက္မိၾကျပီးဆိုရင္ အိမ္ေထာင္ေရးက ေတာသူမတစ္ေယာက္လို ဆဲြေဆာင္မႈ နည္းသြားတတ္ပါတယ္။

လူေတြက အိမ္ေထာင္သက္ရွည္လာတာနဲ႔အမွ် အၾကင္နာ၊ အယုယေတြ ေလွ်ာ့နည္းလာတတ္သလို၊ တစ္ေယာက္အေပၚတစ္ေယာက္ ယုယမႈေတြမလုိေတာ့ဘူးလို႔လည္း ထင္ျမင္လာတတ္ၾကတယ္။ မယူခင္ ႏွစ္ရွည္လၾကာ အရူးအမူးခ်စ္ၾကိဳက္ခဲ့တဲ့ အခ်စ္နဲ႔ခံစားခ်က္ကို တျဖည္းျဖည္း ေမ့ေလွ်ာ့ခဲ့လိုက္ၾကတယ္။ ခ်စ္စ၊ ၾကင္နာစကရွိခဲ့ဖူးတဲ့ ရင္ခုန္သံကို တစ္ေန႔တျခား ပ်က္စီးေအာင္ ဖ်က္ဆီးပစ္လိုက္ၾကတယ္။

တကယ္လို႔ အခ်စ္ကို တစ္ေန႔ထက္တစ္ေန႔ပိုတိုးပြားေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ရင္ ကြ်န္မတို႔ရဲ႕စိတ္ႏွလံုးထဲမွာရွိတဲ့အခ်စ္က ဘယ္ေတာ့မွ ေအးစက္ကုန္ဆံုး ပ်က္စီးသြားမွာ မဟုတ္ပါဘူး။

“ခ်စ္တယ္” “ေက်းဇူးတင္ပါတယ္” ဒါမွမဟုတ္ ေႏြးေထြးတဲ့ အျပဳအမူေလး တစ္ခုတည္းတင္ ကိုယ္ခ်စ္တဲ့သူရဲ႕ႏွလံုးသားကို ေပ်ာ္ရႊင္ၾကည္ႏူးေစႏိုင္သလို အဓိပၸာယ္အမ်ားၾကီး သက္ေရာက္ေအာင္လည္း ေပးႏိုင္စြမ္းပါတယ္။

ခ်စ္တတ္သူမ်ားအားလံုး အခ်စ္ခရီးလမ္းမွာ ေပ်ာ္ရႊင္သင္ယူမႈေတြနဲ႔
အၿမဲျပည့္ႏွက္ေနပါေစ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နုိင္းနုိင္းစေန


#Unicode Version
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက်မွေးခဲ့ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ်အချိုးအစားကို အပျိုလေးတစ်ယောက်လို သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ,မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစုစောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။

တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။

“ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်”

“ဘာတောင်းဆိုမှာလဲ” သူ စိတ်မရှည်စွာ မေးတယ်။

“ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ”

“လိုအပ်လို့လား…” သူမကို သူတစ်ချက်ကြည့်ပြီး ခနဲတဲ့တဲ့မေးတယ်။

“လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့ ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်”

“အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး”

“တကယ်လို့ အရင်တုန်းက ချစ်တာကိုရှင်ထုတ်ဖော်မပြောခဲ့ရင် ကျွန်မတို့ ယူဖြစ်ကြမယ်မထင်ဘူး”

“အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား”

“ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာမဟုတ်သလို ထုတ်ပြောတိုင်းလည်း ဟန်ဆောင်တာတွေ မဟုတ်ပါဘူး”

နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။
နောက်ဆုံးတော့ စစ်အေး မီးငြိမ်းအောင် သူပဲ အရင်အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်ပါတယ်။

“အဓိပ္ပာယ်မဲ့တဲ့ မိန်းမပဲ” သူမကိုပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။

“အချစ်နဲ့ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပာယ်မဲ့တတ်ကြတာပဲ”

အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။

နေ့တိုင်း တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်း သဟဇာတ ဖြစ်လာခဲ့တယ်။ ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့
စိတ်ခံစားချက်ရော၊ အဓိပ္ပာယ်ပါ ကွဲပြားခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက…

“ကျွန်မကိုပွေ့ဖက်ရမယ့်တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွှတ်သွားတာပေါ့နော်”

“ဟင့်အင်း.. ငါ မင်းကိုဖက်ချင်နေမှာ” သူရယ်ရင်းပြောတယ်။

တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့ပါတယ်။ ဖုန်းပြောရင်း သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ဒေါသတွေ အချင်းချင်း ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု နည်းသွားတတ်ပါတယ်။

လူတွေက အိမ်ထောင်သက်ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေမလိုတော့ဘူးလို့လည်း ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူးချစ်ကြိုက်ခဲ့တဲ့ အချစ်နဲ့ခံစားချက်ကို တဖြည်းဖြည်း မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစကရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်စီးအောင် ဖျက်ဆီးပစ်လိုက်ကြတယ်။

တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ပိုတိုးပွားအောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့အချစ်က ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်စီးသွားမှာ မဟုတ်ပါဘူး။

“ချစ်တယ်” “ကျေးဇူးတင်ပါတယ်” ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမူလေး တစ်ခုတည်းတင် ကိုယ်ချစ်တဲ့သူရဲ့နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို အဓိပ္ပာယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။

ချစ်တတ်သူများအားလုံး အချစ်ခရီးလမ်းမှာ ပျော်ရွှင်သင်ယူမှုတွေနဲ့
အမြဲပြည့်နှက်နေပါစေ….


ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top