Kantharyar Centre
×

 ေမာ္ေတာ္ယာဥ္ေမာင္း ႏွင္စဥ္ ယာဥ္ေမာင္းသူမ်ားႏွင့္ လိုက္ပါ စီးနင္းသူမ်ား ထိုင္ခံု ခါးပတ္ မပတ္ျခင္းကို ႏုိ၀င္ဘာ ၁ ရက္ကစ၍ စစ္ေဆးအေရးယူ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အ မွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕မွဴး ႐ံုးမွ သတင္းရရွိသည္။

‘‘ယာဥ္ေမာင္းေနစဥ္အတြင္း ခါးပတ္မပတ္တာနဲ႔ပတ္သက္လို႔ အစီအမံလုပ္ေနတဲ့အထဲမွာ အခု ပညာေပးအေနနဲ႔ လိုက္ေျပာေန တယ္။ အခုေတာ့ မဖမ္းေသးဘူး။ ႏုိ၀င္ဘာ ၁ ရက္ကစၿပီး စဖမ္း ေတာ့မယ္။ အေ၀းေျပးကားေတြ ေရာ၊ အိမ္စီးကားေရာ၊ ကားေပၚ မွာ စီးနင္းလိုက္ပါတဲ့သူေတြ အ ကုန္လံုး ခါးပတ္မပတ္ရင္ အေရး ယူဒဏ္႐ိုက္သြားမယ္’’ဟု အမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ခဲြမွဴး႐ံုးမွ ဒုတိယရဲမွဴးႀကီး ေအာင္ကိုဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအ တြင္း ကိုယ္ပိုင္ ယာဥ္ေမာင္းသူ မ်ားႏွင့္ လိုက္ပါစီးနင္းသူမ်ား၊ အ ငွားယာဥ္ေမာင္းသူမ်ား၊ အေ၀း ေျပး ယာဥ္လိုင္းေမာင္းႏွင္သူမ်ား ခါးပတ္မပတ္ပါက ဒဏ္ေၾကးေငြ အျဖစ္ သံုးေသာင္းက်ပ္မွ သံုး သိန္းက်ပ္အတြင္း တရား႐ံုး၏  အမိန္႔အရ ေကာက္ခံအေရးယူ မည္ျဖစ္သည္။

‘‘ခါးပတ္ပတ္ၿပီး ေမာင္းတဲ့့ သူက အၿမဲတမ္း ခါးပတ္ပတ္ ေမာင္းတဲ့အက်င့္ျဖစ္သြားတယ္။ ခါးပတ္ပတ္ပါဆိုတာက ျပည္သူ ေတြအတြက္ ေျပာတာျဖစ္တယ္။ ထိခိုက္ဒဏ္ရာရတဲ့ႏႈန္းထားေတြ ေလ်ာ့နည္း က်ဆင္းေစဖို႔နဲ႔ အ သက္အႏၲရာယ္ဒဏ္ရာရတာေတြ ေလ်ာ့နည္းေစဖို႔ပါ။ လက္ရွိမွာ ေတာ့ ယာဥ္ေမာင္းအမ်ားစု ခါး ပတ္ပတ္ၿပီး မေမာင္းၾကဘူး’’ ဟု ဒုတိယရဲမွဴးႀကီး ေအာင္ကိုဦးက ေျပာသည္။

ျမန္မာႏုိင္ငံတစ္၀န္းလံုးတြင္ ၂၀၁၅ ၌ ယာဥ္မေတာ္တဆျဖစ္ ပြားမႈေၾကာင့္ အသက္ေသဆံုးသူ ၂,၁၉၅ ဦးရွိၿပီး ယာဥ္ေမာင္းသူ မ်ားႏွင့္ လိုက္ပါ စီးနင္းသူမ်ား ထိုင္ခံုခါးပတ္ အသံုးျပဳမႈမရွိျခင္း ေၾကာင့္ ေသဆံုးမႈ အမ်ားဆံုးျဖစ္ ေၾကာင္း အမ်ိဳးသား ယာဥ္အႏၲ ရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္း ေရးေကာင္စီက ထုတ္ျပန္ထား သည္။

 ‘‘ယာဥ္ေမာင္း အမ်ားစုက လည္း ထိုင္ခံုခါးပတ္  ပတ္ၿပီး ေမာင္းတဲ့အက်င့္မရွိသလို လုိက္ ပါစီးနင္းသူေတြကလည္း ခါးပတ္ ပတ္ၿပီး စီးရေကာင္းမွန္းမသိၾက တာမ်ားပါတယ္။ ယာဥ္မေတာ္ တဆမႈျဖစ္ပြားရင္ ခါးပတ္မပတ္ ထားတဲ့သူေတြအမ်ားစု ထိခိုက္ ဒဏ္ရာ ရၾကတာခ်ည္း ေတြ႕ရ တယ္။ တစ္ကမၻာလံုးက ထုတ္တဲ့ ကားေတြမွာလည္း တကယ္လို အပ္လို႔ ထိုင္ခံုခါးပတ္ေတြ တပ္ ဆင္ေပးထားတာပါ’’ဟု ဗုိလ္တ ေထာင္ၿမိဳ႕နယ္မွ ကိုၿဖိဳးေလးက ေျပာသည္။

 ႏုိ၀င္ဘာ ၁ ရက္က စ၍ ကညနတြင္လည္း ကနဦးမွတ္ပံု တင္ယာဥ္မ်ား စစ္ေဆးရာ၌ ထိုင္ခံုခါးပတ္မ်ားအျပည့္အစံုပါရွိေသာ ယာဥ္မ်ားကိုသာ မွတ္ပံုတင္လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ခြင့္ေပးမည္ျဖစ္ေၾကာင္း  သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မော်တော်ယာဉ်မောင်း နှင်စဉ် ယာဉ်မောင်းသူများနှင့် လိုက်ပါ စီးနင်းသူများ ထိုင်ခုံ ခါးပတ် မပတ်ခြင်းကို နိုဝင်ဘာ ၁ ရက်ကစ၍ စစ်ဆေးအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်မောင်းနေစဉ်အတွင်း ခါးပတ်မပတ်တာနဲ့ပတ်သက်လို့ အစီအမံလုပ်နေတဲ့အထဲမှာ အခု ပညာပေးအနေနဲ့ လိုက်ပြောနေ တယ်။ အခုတော့ မဖမ်းသေးဘူး။ နိုဝင်ဘာ ၁ ရက်ကစပြီး စဖမ်း တော့မယ်။ အဝေးပြေးကားတွေ ရော၊ အိမ်စီးကားရော၊ ကားပေါ် မှာ စီးနင်းလိုက်ပါတဲ့သူတွေ အ ကုန်လုံး ခါးပတ်မပတ်ရင် အရေး ယူဒဏ်ရိုက်သွားမယ်’’ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ကိုယ်ပိုင် ယာဉ်မောင်းသူ များနှင့် လိုက်ပါစီးနင်းသူများ၊ အ ငှားယာဉ်မောင်းသူများ၊ အဝေး ပြေး ယာဉ်လိုင်းမောင်းနှင်သူများ ခါးပတ်မပတ်ပါက ဒဏ်ကြေးငွေ အဖြစ် သုံးသောင်းကျပ်မှ သုံး သိန်းကျပ်အတွင်း တရားရုံး၏  အမိန့်အရ ကောက်ခံအရေးယူ မည်ဖြစ်သည်။

‘‘ခါးပတ်ပတ်ပြီး မောင်းတဲ့ သူက အမြဲတမ်း ခါးပတ်ပတ် မောင်းတဲ့အကျင့်ဖြစ်သွားတယ်။ ခါးပတ်ပတ်ပါဆိုတာက ပြည်သူ တွေအတွက် ပြောတာဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့နှုန်းထားတွေ လျော့နည်း ကျဆင်းစေဖို့နဲ့ အ သက်အန္တရာယ်ဒဏ်ရာရတာတွေ လျော့နည်းစေဖို့ပါ။ လက်ရှိမှာ တော့ ယာဉ်မောင်းအများစု ခါး ပတ်ပတ်ပြီး မမောင်းကြဘူး’’ ဟု ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၅ ၌ ယာဉ်မတော်တဆဖြစ် ပွားမှုကြောင့် အသက်သေဆုံးသူ ၂,၁၉၅ ဦးရှိပြီး ယာဉ်မောင်းသူ များနှင့် လိုက်ပါ စီးနင်းသူများ ထိုင်ခုံခါးပတ် အသုံးပြုမှုမရှိခြင်း ကြောင့် သေဆုံးမှု အများဆုံးဖြစ် ကြောင်း အမျိုးသား ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီက ထုတ်ပြန်ထား သည်။

 ‘‘ယာဉ်မောင်း အများစုက လည်း ထိုင်ခုံခါးပတ်  ပတ်ပြီး မောင်းတဲ့အကျင့်မရှိသလို လိုက် ပါစီးနင်းသူတွေကလည်း ခါးပတ် ပတ်ပြီး စီးရကောင်းမှန်းမသိကြ တာများပါတယ်။ ယာဉ်မတော် တဆမှုဖြစ်ပွားရင် ခါးပတ်မပတ် ထားတဲ့သူတွေအများစု ထိခိုက် ဒဏ်ရာ ရကြတာချည်း တွေ့ရ တယ်။ တစ်ကမ္ဘာလုံးက ထုတ်တဲ့ ကားတွေမှာလည်း တကယ်လို အပ်လို့ ထိုင်ခုံခါးပတ်တွေ တပ် ဆင်ပေးထားတာပါ’’ဟု ဗိုလ်တ ထောင်မြို့နယ်မှ ကိုဖြိုးလေးက ပြောသည်။

 နိုဝင်ဘာ ၁ ရက်က စ၍ ကညနတွင်လည်း ကနဦးမှတ်ပုံ တင်ယာဉ်များ စစ်ဆေးရာ၌ ထိုင်ခုံခါးပတ်များအပြည့်အစုံပါရှိသော ယာဉ်များကိုသာ မှတ်ပုံတင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း  သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top