Property Expo
×
Credit: Trend Myanmar
#Unicode Version
လူအမျိုးမျိုးက အရည်အသွေးအမျိုးမျိုး၊ ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးနဲ့ မွေးဖွားလာကြသလို အလုပ်အကိုင်တွေ၊ ပတ်သက်ဆက်နွှယ်မှုတွေကလည်း မတူညီကြပါဘူး။ အောက်တိုဘာလအတွက် ကံကြမ္မာဟောကိန်းက မှန်ကန်တဲ့ ခြေလှမ်းတွေ လှမ်းနိုင်ဖို့အတွက် မျှော်လင့်ချက်ပေးနိုင်သလို လမ်းညွှန်ချက်လေးတစ်ခုလည်း ဖြစ်နိုင်မှာပါ။ သင့်ရဲ့ အောက်တိုဘာလမှာ ကြုံတွေ့ရနိုင်တဲ့ အကြောင်းအရာတွေကို ကြိုပြီးသိထားနိုင်မယ်ဆိုရင် ဘယ်အချိန်မှာ ဘာလုပ်ရမယ် ဘာတွေရှောင်ရမလဲဆိုတာကို သိပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
မေထုန်( မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်းမွေးဖွားသူများ)
ပညာရေးနဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအကျိုးပေးနေပြီး ဖန်တီးနိုင်စွမ်းတွေအရမ်းကောင်းနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရည်မှန်းချက်ကို ပြောင်းလဲဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ သားသမီးမရှိသေးတဲ့ အိမ်ထောင်ရှင်မေထုန်ဖွားတို့ သားသမီးရနိုင်ပါတယ်။ အမြွှာသားသမီးမွေးဖွားနိုင်ချေများပါတယ်။
ကရကဋ်(ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၂ ရက်ကြားမွေးဖွားသူများ)
အသက်မွေးလုပ်ငန်းကို ခဏဘေးဖယ်ထားပြီး အိမ်တွင်းရေးအပူတွေကြုံရတဲ့ အခိုက်အတန့်ဖြစ်နေတတ်ပါတယ်။ အောက်တိုဘာ တတိယအပတ်ကုန်ချိန်မှာတော့ အလုပ်ရှာနေတဲ့ ကရကဋ်ရာသီဖွားတွေ အလုပ်ရရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ အစွဲအလန်းကြီးမှုတွေကို လျှော့ပစ်ဖို့ အရေးကြီးပါတယ်။
သိဟ်( ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၂ ရက်အတွင်းမွေးဖွားသူများ)
အောက်တိုဘာလလယ်အထိ ပညာရေးနဲ့ဆိုင်တဲ့ စိတ်ဝင်စားစရာတွေကြုံရမယ်။ အလုပ်အကိုင်၊ စီးပွားရေးအပြာင်းအလဲ ရှိနိုင်ပါတယ်။ ဝင်ငွေနည်းသွားနိုင်ပြီး ငွေစုနိုင်တဲ့ ပမာဏလည်း နည်းသွားမယ်။ အစားအသောက်စား တဲ့အခါသတိထားဖို့လိုပါတယ်။ အစာကြောင့် ကျန်းမာရေးထိခိုက်တတ်ပါတယ်။
ကန်( သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)
စိတ်ပိုင်းဆိုင်ရာလုပ်ငန်းတွေ လွှမ်းမိုးနေပါလိမ့်မယ်။ အတွေးတွေများပြီး စိတ်ကူးတွေယဉ်နေမိတတ်ပါတယ်။ မမျှော်လင့်တဲ့နေရာက ငွေတွေဝင်လာပါလိမ့်မယ် ။ ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် စိတ်ခံစားချက်တွေကို တည်ငြိမ်အောင်ထားဖု့ိလိုပါတယ်။ စိတ်အလိုမလိုက်မိပါစေနဲ့။ လုံ့လနဲ့ ဝီရိယ စိုက်ထုတ်မှအောင်မြင်နိုင်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top