Property Expo
×

 ေစာေစာ မထလိုျခင္းမွာ ပ်င္းေသာေၾကာင့္ မဟုတ္၊ မိ်ဳးဗီဇ၏ လႊမ္းမိုးမႈေၾကာင့္သာ ျဖစ္သည္ဟု ေလ့လာမႈ စစ္တမ္း တစ္ရပ္က ဆိုလိုက္သည္။ ထိုစစ္တမ္းအရ ထပ္မံ ေတြ႔ရိွရသည္မွာ ေစာေစာအိပ္၊ ေစာေစာထ သူမ်ားသည္ ပိုက်န္းမာ၊ ေပ်ာ္ရႊင္၊ ပိန္သြယ္ က်စ္လ်စ္ၾကသည္ဟူ၍ ျဖစ္သည္။

ညဥ့္နက္မွ အိပ္ရာ၀င္သည့္ ဇီးကြက္ လူသားမ်ားနွင့္ ေစာေစာ အိပ္ရာ၀င္ကာ ေစာေစာထသည့္ ငွက္ေစာ လူသားမ်ား၏ မိ်ဳးဗီဇမ်ားကို နိႈင္းယွဥ္ ေလ့လာထားခ်က္ အရ ေစာေစာထသူမ်ားတြင္ ပိန္သြယ္ က်စ္လ်စ္ေစေသာ မီ်ဳးဗီဇမ်ား ပိုေတြ႔ရသလို၊ ထိုသူမ်ားသည္ စိတ္က်ျခင္း၊ အိပ္မရျခင္း ေရာဂါမ်ား ခံစားရနိုင္ေျခလည္း နည္းပါးေၾကာင္း ေတြ႔ရိွခဲ့ရသည္။

စစ္တမ္းတြင္ လူေပါင္း (၉၀၀၀) ေက်ာ္ ပါ၀င္သည္။ လူတစ္ေယာက္ကို ဇီးကြက္ လူသားလား၊ ငွက္ေစာ လူသားလား သတ္မွတ္ ေပးနိုင္သည့္ မိ်ဳးဗီဇ ဂ်င္းန္ (၁၅) မိ်ဳးကို ပညာရွင္မ်ား ေဖာ္ထုတ္နိုင္ခဲ့သည္။ ေစာေစာအိပ္ ေစာေစာထက်င့္ရိွသူ ပမာဏသည္ အသက္ၾကီးလာေလ ပိုမ်ားလာေလဟု သိရသည္။ အသက္ (၆၀) တန္း သမားမ်ားထဲတြင္ အသက္ (၃၀) တန္း သမားမ်ားထက္ ေစာေစာအိပ္ ေစာေစာထသူ နွစ္ဆ ပိုမ်ားေၾကာင္းလည္း ေတြ႔ရသည္။

အမိ်ဳးသားမ်ားထက္ အမိ်ဳးသမီးမ်ားက မနက္ေစာေစာ ပိုထျဖစ္ၾကေၾကာင္းလည္း Nature Communications ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားေသာ စစ္တမ္းက ဆိုသည္။ ခႏၶာကိုယ္ ဇီ၀နာရီ စနစ္အေပၚ မိ်ဳးဗီဇဂ်င္းန္မ်ား၏ လႊမ္းမိုးမႈေပၚ မူတည္ျပီး လူတစ္ေယာက္သည္ ဇီးကြက္ လူသားလား၊ ငွက္ေစာလား ကဲြျပားသြားရသည္ဟု သုေတသီတို႔က ေတြ႔ရိွခဲ့သည္။

ကယ္လီဖိုးနီးယား အေျခစိုက္ 23andMe ကုမၸဏီက ေလ့လာ သုေတသန ျပဳထားျခင္း ျဖစ္သည္။ ငွက္ေစာသမားမ်ားသည္ ပိုက်န္းမာ၊ က်စ္လ်စ္ ဖ်တ္လတ္ေသာ္လည္း ဇီးကြက္သမားမ်ားက ဦးေနွာက္ စြမ္းေဆာင္ရည္ ပိုေကာင္းေၾကာင္းလည္း ေလ့လာ သုေတသနမ်ားက ေဖာ္ျပသည္။

ေလ့လာ သုေတသနမ်ားအရ ညသန္းေခါင္ေက်ာ္ျပီး (၂၉) မိနစ္ ေနာက္ပိုင္းမွ အိပ္ရာ၀င္သူမ်ားသည္ ဥာဏ္ေကာင္းသူမ်ား ျဖစ္ေၾကာင္း ေတြ႔ရသည္။ ည (၁၁) နာရီ (၄၁) မိနစ္ မတိုင္ခင္ အိပ္ရာ၀င္သူမ်ားကား ဉာဏ္အနည္းဆံုးသူမ်ား ျဖစ္ေၾကာင္းလည္း ေလ့လာမႈ စစ္တမ္း တစ္ရပ္က ေဖာ္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
 စောစော မထလိုခြင်းမှာ ပျင်းသောကြောင့် မဟုတ်၊ မျိုးဗီဇ၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်သည်ဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ထိုစစ်တမ်းအရ ထပ်မံ တွေ့ရှိရသည်မှာ စောစောအိပ်၊ စောစောထ သူများသည် ပိုကျန်းမာ၊ ပျော်ရွှင်၊ ပိန်သွယ် ကျစ်လျစ်ကြသည်ဟူ၍ ဖြစ်သည်။

ညဥ့်နက်မှ အိပ်ရာဝင်သည့် ဇီးကွက် လူသားများနှင့် စောစော အိပ်ရာဝင်ကာ စောစောထသည့် ငှက်စော လူသားများ၏ မျိုးဗီဇများကို နှိုင်းယှဉ် လေ့လာထားချက် အရ စောစောထသူများတွင် ပိန်သွယ် ကျစ်လျစ်စေသော မျီုးဗီဇများ ပိုတွေ့ရသလို၊ ထိုသူများသည် စိတ်ကျခြင်း၊ အိပ်မရခြင်း ရောဂါများ ခံစားရနိုင်ခြေလည်း နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။

စစ်တမ်းတွင် လူပေါင်း (၉၀၀၀) ကျော် ပါဝင်သည်။ လူတစ်ယောက်ကို ဇီးကွက် လူသားလား၊ ငှက်စော လူသားလား သတ်မှတ် ပေးနိုင်သည့် မျိုးဗီဇ ဂျင်းန် (၁၅) မျိုးကို ပညာရှင်များ ဖော်ထုတ်နိုင်ခဲ့သည်။ စောစောအိပ် စောစောထကျင့်ရှိသူ ပမာဏသည် အသက်ကြီးလာလေ ပိုများလာလေဟု သိရသည်။ အသက် (၆၀) တန်း သမားများထဲတွင် အသက် (၃၀) တန်း သမားများထက် စောစောအိပ် စောစောထသူ နှစ်ဆ ပိုများကြောင်းလည်း တွေ့ရသည်။

အမျိုးသားများထက် အမျိုးသမီးများက မနက်စောစော ပိုထဖြစ်ကြကြောင်းလည်း Nature Communications ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသော စစ်တမ်းက ဆိုသည်။ ခန္ဓာကိုယ် ဇီဝနာရီ စနစ်အပေါ် မျိုးဗီဇဂျင်းန်များ၏ လွှမ်းမိုးမှုပေါ် မူတည်ပြီး လူတစ်ယောက်သည် ဇီးကွက် လူသားလား၊ ငှက်စောလား ကွဲပြားသွားရသည်ဟု သုတေသီတို့က တွေ့ရှိခဲ့သည်။

ကယ်လီဖိုးနီးယား အခြေစိုက် 23andMe ကုမ္ပဏီက လေ့လာ သုတေသန ပြုထားခြင်း ဖြစ်သည်။ ငှက်စောသမားများသည် ပိုကျန်းမာ၊ ကျစ်လျစ် ဖျတ်လတ်သော်လည်း ဇီးကွက်သမားများက ဦးနှောက် စွမ်းဆောင်ရည် ပိုကောင်းကြောင်းလည်း လေ့လာ သုတေသနများက ဖော်ပြသည်။

လေ့လာ သုတေသနများအရ ညသန်းခေါင်ကျော်ပြီး (၂၉) မိနစ် နောက်ပိုင်းမှ အိပ်ရာဝင်သူများသည် ဉာဏ်ကောင်းသူများ ဖြစ်ကြောင်း တွေ့ရသည်။ ည (၁၁) နာရီ (၄၁) မိနစ် မတိုင်ခင် အိပ်ရာဝင်သူများကား ဉာဏ်အနည်းဆုံးသူများ ဖြစ်ကြောင်းလည်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top