Property Expo
×

လသာၿမိဳ႕နယ္တြင္ မိဘအုပ္ထိန္းမႈေအာက္ရွိ အမ်ိဳးသမီးငယ္ကုိ လက္ကုိင္ဖုန္း ၀ယ္ေပးမည္ဟုဆုိကာသားမယားျပဳက်င့္ခဲ့သည္ဆုိမႈ ေအာက္တုိဘာလ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့သည္။
အဆုိပါေန႔ ညေန ၄ နာရီခြဲအခ်ိန္တြင္ လသာၿမိဳ႕နယ္ေန အသက္ ၅၇ ႏွစ္အရြယ္ အမ်ိဳးသမီးႀကီးကသက္ဆုိင္ရာသုိ႔ တုိင္ၾကားရာတြင္ အိမ္အကူလုပ္ရန္ ေခၚယူထားသည့္ အသက္ ၁၅ ႏွစ္အရြယ္မိန္းကေလးငယ္ကုိ လမ္းတြင္းေန မိတ္ေဆြထံ ေခါင္းေလွ်ာ္ရည္ဘူး သြားယူခုိင္းခဲ့သည္။

ညေန ၆ နာရီအခ်ိန္ထိ ျပန္လည္ေရာက္မလာသျဖင့္ လုိက္လံရွာေဖြရာ ညေန ၆ နာရီခြဲအခ်ိန္တြင္၂၃ လမ္းအတြင္း အိမ္အကူမိန္းကေလးငယ္ကုိ ျပန္လည္ေတြ႔ရွိ၍ ေမးျမန္းခဲ့သည္။

ေခါင္းေလွ်ာ္ရည္ဘူး သြားယူစဥ္ လူျမင္လ်င္မွတ္မိသူ အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကလက္ကုိင္ဖုန္း၀ယ္ေပးမည္ဟု ေျပာဆုိကာ ၂၁ လမ္းရွိ တည္းခုိခန္းသုိ႔ေခၚယူကာ
သားမယားျပဳက်င့္ခဲ့ေၾကာင္း၊ ထုိ႔ေနာက္ ေနအိမ္သုိ႔ျပန္လာခဲ့ေၾကာင္း ေျပာျပသိရသျဖင့္
အဆုိပါ အမည္မသိ(စုံစမ္းဆဲ) အမ်ိဳးသားကုိ အေရးယူေပးရန္ တုိင္ၾကားခဲ့သည္။

လသာၿမိဳ႕မရဲစခန္းက(ပ)၂၀၂/၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၃/၃၇၆ အရ အမႈဖြင့္
အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times News

#Unicode Version
လသာမြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်ရှိ အမျိုးသမီးငယ်ကို လက်ကိုင်ဖုန်း ဝယ်ပေးမည်ဟုဆိုကာသားမယားပြုကျင့်ခဲ့သည်ဆိုမှု အောက်တိုဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၄ နာရီခွဲအချိန်တွင် လသာမြို့နယ်နေ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးကြီးကသက်ဆိုင်ရာသို့ တိုင်ကြားရာတွင် အိမ်အကူလုပ်ရန် ခေါ်ယူထားသည့် အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်ကို လမ်းတွင်းနေ မိတ်ဆွေထံ ခေါင်းလျှော်ရည်ဘူး သွားယူခိုင်းခဲ့သည်။

ညနေ ၆ နာရီအချိန်ထိ ပြန်လည်ရောက်မလာသဖြင့် လိုက်လံရှာဖွေရာ ညနေ ၆ နာရီခွဲအချိန်တွင်၂၃ လမ်းအတွင်း အိမ်အကူမိန်းကလေးငယ်ကို ပြန်လည်တွေ့ရှိ၍ မေးမြန်းခဲ့သည်။

ခေါင်းလျှော်ရည်ဘူး သွားယူစဉ် လူမြင်လျင်မှတ်မိသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကလက်ကိုင်ဖုန်းဝယ်ပေးမည်ဟု ပြောဆိုကာ ၂၁ လမ်းရှိ တည်းခိုခန်းသို့ခေါ်ယူကာ
သားမယားပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်သို့ပြန်လာခဲ့ကြောင်း ပြောပြသိရသဖြင့်
အဆိုပါ အမည်မသိ(စုံစမ်းဆဲ) အမျိုးသားကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လသာမြို့မရဲစခန်းက(ပ)၂၀၂/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆ အရ အမှုဖွင့်
အရေးယူထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top