Shwe Zabu River View Condominium Promotion
×

ကမာၻ႔သက္တမ္း အရင့္ဆံုးနဲ႔ အႀကီးမားဆံုး သစ္ပင္တစ္ပင္ကုိ ကယ္လီဖုိးနီးယား၊ ဆီရာရာ နီေဗဒါ အေနာက္ဘက္ ဆင္ေျခေလွ်ာ သစ္ေတာအတြင္းမွာ အမ်ိဳးသား ပထဝီဝင္ေလ့လာရွာေဖြသူ ဓာတ္ပံုဆရာေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။


ထင္းရႈးမ်ိဳးစိပ္သစ္ပင္တစ္ပင္လုိ႔ ယူဆရၿပီး ႀကီးမားလြန္းတဲ့ဧရာမ သစ္ပင္ကုိယ္ထည္ အျမင့္ေၾကာင့္မုိ႔လုိ႔ The President လုိ႔ အမည္ ေပးထားပါတယ္။ ႏွစ္ေပါင္း ၃၂၀၀ ေက်ာ္ သက္တမ္းရွိႏုိင္မယ္လုိ႔ ခန္႔မွန္းထားရၿပီး ၄၅,၀၀၀ ကုဗေပရွိၿပီးေတာ့ အကုိင္းအခတ္အ လက္ေပါင္း ၂ ဘီလ်ံထိ ေပါက္ေရာက္ေနတယ္လုိ႔ ခန္႔မွန္းတုိင္း ထြာရပါတယ္။

 သစ္ပင္ရဲ႕အျမင့္က ပင္လယ္ေရျပင္အျမင့္ ေပ ေပါင္း ၅၀၀၀- ၈၀၀၀ အထိ ရွိႏုိင္ၿပီးေတာ့ ႏွစ္စဥ္တုိင္းလုိလုိမွာ ပုိပုိၿပီး ႀကီးထြားလာႏုိင္တယ္လုိ႔ သုေတသနျပဳ ရွာေဖြေတြ႔ရွိခဲ့ပါ တယ္။

ဆီရာရာ နီေဗဒါ အေနာက္ဘက္ ဆင္ေျခေလွ်ာ ေနရာေတြမွာ ဒီသစ္ပင္မ်ိဳးစိပ္မ်ားစြာကုိ ေတြ႔ရွိႏုိင္ၿပီးေတာ့ အျခားေသာ အရြယ္ အစား၊အျမင့္နဲ႔ ပံုသ႑ာန္ေတြရွိတဲ့ သစ္ပင္ေတြကုိလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ကမာၻ႔အလ်င္ျမန္ဆံုး ႀကီးထြားဖြံ႔ၿဖိဳးတဲ့ သစ္ပင္မ်ိဳးစိပ္ လုိ႔လည္း စာရင္းသတ္မွတ္ျခင္းခံထားရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ကမ္ဘာ့သက်တမ်း အရင့်ဆုံးနဲ့ အကြီးမားဆုံး သစ်ပင်တစ်ပင်ကို ကယ်လီဖိုးနီးယား၊ ဆီရာရာ နီဗေဒါ အနောက်ဘက် ဆင်ခြေလျှော သစ်တောအတွင်းမှာ အမျိုးသား ပထဝီဝင်လေ့လာရှာဖွေသူ ဓာတ်ပုံဆရာတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထင်းရှုးမျိုးစိပ်သစ်ပင်တစ်ပင်လို့ ယူဆရပြီး ကြီးမားလွန်းတဲ့ဧရာမ သစ်ပင်ကိုယ်ထည် အမြင့်ကြောင့်မို့လို့ The President လို့ အမည် ပေးထားပါတယ်။ နှစ်ပေါင်း ၃၂၀၀ ကျော် သက်တမ်းရှိနိုင်မယ်လို့ ခန့်မှန်းထားရပြီး ၄၅,၀၀၀ ကုဗပေရှိပြီးတော့ အကိုင်းအခတ်အ လက်ပေါင်း ၂ ဘီလျံထိ ပေါက်ရောက်နေတယ်လို့ ခန့်မှန်းတိုင်း ထွာရပါတယ်။

 သစ်ပင်ရဲ့အမြင့်က ပင်လယ်ရေပြင်အမြင့် ပေ ပေါင်း ၅၀၀၀- ၈၀၀၀ အထိ ရှိနိုင်ပြီးတော့ နှစ်စဉ်တိုင်းလိုလိုမှာ ပိုပိုပြီး ကြီးထွားလာနိုင်တယ်လို့ သုတေသနပြု ရှာဖွေတွေ့ရှိခဲ့ပါ တယ်။

ဆီရာရာ နီဗေဒါ အနောက်ဘက် ဆင်ခြေလျှော နေရာတွေမှာ ဒီသစ်ပင်မျိုးစိပ်များစွာကို တွေ့ရှိနိုင်ပြီးတော့ အခြားသော အရွယ် အစား၊အမြင့်နဲ့ ပုံသဏ္ဍာန်တွေရှိတဲ့ သစ်ပင်တွေကိုလည်း တွေ့ရှိ ခဲ့ကြပါတယ်။ ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားဖွံ့ဖြိုးတဲ့ သစ်ပင်မျိုးစိပ် လို့လည်း စာရင်းသတ်မှတ်ခြင်းခံထားရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top