Kantharyar Centre
×

 ေခတ္ၾကပ္လွ်င္ အမ်ဳိးသမီး ျဖစ္ရတာ ကံထူးသည္ဟု သုေတသန ပညာရွင္မ်ားက ေျပာဆုိခဲ့သည္။

စီးပြားေရး အက်ပ္အတည္း ႀကံဳလွ်င္ မိဘမ်ားသည္ သားေယာက္်ား ေလးထက္ သမီး မိန္းကေလးကို ပိုမို အေလးေပးေလ့ ရွိေၾကာင္း ေလ့လာမႈ တစ္ခုတြင္ ေဖာ္ျပထားသည္။ ေခတ္က်ပ္လွ်င္ မိဘမ်ားသည္ ေသတမ္းစာ၌ သမီး မိန္းကေလးမ်ားအား စည္းစိမ္းဥစၥာ ပိုေပးေၾကာင္း ေရးသားခဲ့ေလ့ ရွိတတ္သည္ဟု ေကာ္လ္ဆန္ စီမံခန္႔ခဲြမႈ ေကာလိပ္ႏွင့္ ရက္ဂါစ္ စီးပြားေရး ေကာလိပ္တို႔မွ သုေတသန ပညာရွင္မ်ား၏ ေလ့လာမႈတြင္ ေဖာ္ျပထားသည္။

စီးပြားေရး က်ပ္တည္းပါက မိဘမ်ားသည္ သားေယာက်္ားေလးထက္ သမီး မိန္းကေလးမ်ား လူမႈဖူလံုေရး ခံစားခြင့္မ်ား ရရွိရန္ ပိုမိုလုိ လားတတ္ၾကၿပီး ပိုင္ဆုိင္မႈ အမ်ားစုကို သမီးျဖစ္သူကိုသာ ေပးတတ္ေၾကာင္း ေလ့လာမႈတြင္ ေဖာ္ျပထားသည္။

မိဘမ်ားသည္ သားသမီး တစ္ဦးထက္ အျခား တစ္ဦးကို ပိုခ်စ္ေလ့ မရွိေသာ္လည္း စီးပြားေရး က်ပ္တည္းမႈ၏ တြန္းအားေၾကာင့္ မသိစိတ္က သမီး မိန္းကေလးကို ပိုမို ဦးစားေပးခဲ့ျခင္း ျဖစ္ေၾကာင္း ရက္ဂါစ္ေကာလိပ္မွ ေစ်းကြက္ပညာ ပါေမာကၡ ခရစၥတီနာ ဒူရန္တဲက ေျပာဆုိခဲ့သည္။

ပညာရွင္မ်ားသည္ စမ္းသပ္မႈတြင္ ပါ၀င္သူ (၆၂၉) ဦးတုိ႔အား စီးပြားေရး ေကာင္းေနသည္၊ စီးပြားေရး ဆိုးေနသည္ႏွင့္ စီးပြားေရး သာမန္ အေျခအေနသာ ရွိသည္ဟု ေရးသားထား သည့္ ေဆာင္းပါးမ်ား အနက္ တစ္ေစာင္ေစာင္ကုိ ဖတ္ခိုင္းခဲ့သည္။

ယင္းေနာက္တြင္ ၄င္းတုိ႔အား စည္းစိမ္ဥစၥာမ်ားကို သားႏွင့္သမီး တို႔အတြက္ ခဲြျခမ္း ေပးထားသည့္ ေသတမ္းစာ တစ္ေစာင္ကိုလည္း ေရးသား ေစခဲ့သည္။ စီးပြားေရး က်ပ္တည္းေၾကာင္း ေရးသားထားသည့္ ေဆာင္းပါးကို ဖတ္႐ႈခဲ့သူမ်ားက ၄င္းတုိ႔၏ ပိုင္ဆုိင္မႈ (၆၀) ရာခိုင္ႏႈန္းကို သမီးမ်ားအတြက္ ခ်န္ထားခဲ့ေၾကာင္း ေသတမ္းစာတြင္ ေရးသားခဲ့သည္။

သမီးမ်ားသည္ သားမ်ားထက္ မ်ဳိးဆက္ ခ်န္ထားႏိုင္ေျခ ပိုမ်ားသည္ဟု မိဘမ်ားက ယူဆေသာေၾကာင့္ ပိုင္ဆိုင္မႈမ်ားကို အေမြအျဖစ္ ခ်န္ထားေပးခဲ့ရျခင္း ျဖစ္ေၾကာင္း ေလ့လာမႈတြင္ ပါ၀င္သူမ်ား ေျပာဆုိခဲ့သည္။ ေလ့လာမႈကို စားသံုးသူ သုေတသန ဂ်ာနယ္တြင္ ေဖာ္ျပမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
 ခေတ်ကျပ်လျှင် အမျိုးသမီး ဖြစ်ရတာ ကံထူးသည်ဟု သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

စီးပွားရေး အကျပ်အတည်း ကြုံလျှင် မိဘများသည် သားယောက်ျား လေးထက် သမီး မိန်းကလေးကို ပိုမို အလေးပေးလေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ခေတ်ကျပ်လျှင် မိဘများသည် သေတမ်းစာ၌ သမီး မိန်းကလေးများအား စည်းစိမ်းဥစ္စာ ပိုပေးကြောင်း ရေးသားခဲ့လေ့ ရှိတတ်သည်ဟု ကော်လ်ဆန် စီမံခန့်ခွဲမှု ကောလိပ်နှင့် ရက်ဂါစ် စီးပွားရေး ကောလိပ်တို့မှ သုတေသန ပညာရှင်များ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

စီးပွားရေး ကျပ်တည်းပါက မိဘများသည် သားယောကျ်ားလေးထက် သမီး မိန်းကလေးများ လူမှုဖူလုံရေး ခံစားခွင့်များ ရရှိရန် ပိုမိုလို လားတတ်ကြပြီး ပိုင်ဆိုင်မှု အများစုကို သမီးဖြစ်သူကိုသာ ပေးတတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

မိဘများသည် သားသမီး တစ်ဦးထက် အခြား တစ်ဦးကို ပိုချစ်လေ့ မရှိသော်လည်း စီးပွားရေး ကျပ်တည်းမှု၏ တွန်းအားကြောင့် မသိစိတ်က သမီး မိန်းကလေးကို ပိုမို ဦးစားပေးခဲ့ခြင်း ဖြစ်ကြောင်း ရက်ဂါစ်ကောလိပ်မှ ဈေးကွက်ပညာ ပါမောက္ခ ခရစ္စတီနာ ဒူရန်တဲက ပြောဆိုခဲ့သည်။

ပညာရှင်များသည် စမ်းသပ်မှုတွင် ပါဝင်သူ (၆၂၉) ဦးတို့အား စီးပွားရေး ကောင်းနေသည်၊ စီးပွားရေး ဆိုးနေသည်နှင့် စီးပွားရေး သာမန် အခြေအနေသာ ရှိသည်ဟု ရေးသားထား သည့် ဆောင်းပါးများ အနက် တစ်စောင်စောင်ကို ဖတ်ခိုင်းခဲ့သည်။

ယင်းနောက်တွင် ၎င်းတို့အား စည်းစိမ်ဥစ္စာများကို သားနှင့်သမီး တို့အတွက် ခွဲခြမ်း ပေးထားသည့် သေတမ်းစာ တစ်စောင်ကိုလည်း ရေးသား စေခဲ့သည်။ စီးပွားရေး ကျပ်တည်းကြောင်း ရေးသားထားသည့် ဆောင်းပါးကို ဖတ်ရှုခဲ့သူများက ၎င်းတို့၏ ပိုင်ဆိုင်မှု (၆၀) ရာခိုင်နှုန်းကို သမီးများအတွက် ချန်ထားခဲ့ကြောင်း သေတမ်းစာတွင် ရေးသားခဲ့သည်။

သမီးများသည် သားများထက် မျိုးဆက် ချန်ထားနိုင်ခြေ ပိုများသည်ဟု မိဘများက ယူဆသောကြောင့် ပိုင်ဆိုင်မှုများကို အမွေအဖြစ် ချန်ထားပေးခဲ့ရခြင်း ဖြစ်ကြောင်း လေ့လာမှုတွင် ပါဝင်သူများ ပြောဆိုခဲ့သည်။ လေ့လာမှုကို စားသုံးသူ သုတေသန ဂျာနယ်တွင် ဖော်ပြမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top