Property Expo
×

အားလပ္ရက္အေပ်ာ္ခရီးထြက္ျခင္းက စိတ္အပန္းေျဖရုံသက္သက္မကဘဲ က်န္းမာေရး ပိုမိုတိုးတက္ေကာင္းမြန္ေစႏုိင္တာေၾကာင့္ မက်န္းမာသူေတြအတြက္ ေဆးညြန္းတစ္ခုလိုျဖစ္ေၾကာင္း ေလ့လာမႈတစ္ခုက ဆုိပါတယ္။ စူးစမ္းလုိစိတ္ ႏုိးဆြေပးတဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ ထိေတြ႔မႈရိွျခင္းက ကုိယ္ခံအားကို တစ္ဟုန္ထုိးျမွင့္တင္ေပးတယ္လုိ႔ ေလ့လာမႈအရ သိရပါတယ္။

ယင္းေလ့လာမႈအတြက္ သုေတသီေတြဟာ ကစားစရာအရုပ္အျပည့္ထည့္ထားတဲ့ ေလွာင္အိမ္ၾကီးတစ္ခုထဲ ၾကြက္ေတြကို ႏွစ္ပတ္ၾကာေနခုိင္းပါတယ္။ ဒီစိတ္လႈပ္ရွားဖြယ္ဝန္းက်င္က ကူးစက္ေရာဂါေတြ တြန္းလွန္ေပးတဲ့ ေသြးျဖဴဆဲလ္ေတြကို ျမင့္တင္ေပးပါတယ္။ ဘယ္ေဆးဝါးမွ ေကြ်းမထားေတာ့ အက်ဳိးသက္ေရာက္မႈက အံ့မခန္းပါပဲလုိ႔ လန္ဒန္ Queen Mary တကၠသိုလ္က ပါေမာကၡ Fulvio D'Acquisto က ေျပာဆိုခဲ့ပါတယ္။

ၾကြက္ေတြကို အပန္းေျဖေနရာတစ္ခုမွာ ၂ ပတ္ၾကာေစလႊတ္ျပီး ဝန္းက်င္သစ္ကို ထိေတြ႔ခံစားေစတာလုိ႔ ဆုိႏုိင္တယ္လုိ႔ D'Acquisto က ထပ္မံေျပာဆုိခဲ့ပါတယ္။ အားလပ္ရက္ေပ်ာ္ခရီးထြက္ျခင္းက ေနမေကာင္းသူေတြကို ပိုမိုလ်င္ျမန္စြာ နနလန္ထူေစႏုိင္ျပီး ရုံးဝန္ထမ္းေတြကို ေပ်ာ္ရႊင္ဖြယ္ဘဝသစ္တစ္ခုုေတာင္ ေဆာင္ၾကဥ္းပးႏုိင္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

အားလပ်ရက်အပျော်ခရီးထွက်ခြင်းက စိတ်အပန်းဖြေရုံသက်သက်မကဘဲ ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တာကြောင့် မကျန်းမာသူတွေအတွက် ဆေးညွန်းတစ်ခုလိုဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။ စူးစမ်းလိုစိတ် နိုးဆွပေးတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိခြင်းက ကိုယ်ခံအားကို တစ်ဟုန်ထိုးမြှင့်တင်ပေးတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ယင်းလေ့လာမှုအတွက် သုတေသီတွေဟာ ကစားစရာအရုပ်အပြည့်ထည့်ထားတဲ့ လှောင်အိမ်ကြီးတစ်ခုထဲ ကြွက်တွေကို နှစ်ပတ်ကြာနေခိုင်းပါတယ်။ ဒီစိတ်လှုပ်ရှားဖွယ်ဝန်းကျင်က ကူးစက်ရောဂါတွေ တွန်းလှန်ပေးတဲ့ သွေးဖြူဆဲလ်တွေကို မြင့်တင်ပေးပါတယ်။ ဘယ်ဆေးဝါးမှ ကျွေးမထားတော့ အကျိုးသက်ရောက်မှုက အံ့မခန်းပါပဲလို့ လန်ဒန် Queen Mary တက္ကသိုလ်က ပါမောက္ခ Fulvio D'Acquisto က ပြောဆိုခဲ့ပါတယ်။

ကြွက်တွေကို အပန်းဖြေနေရာတစ်ခုမှာ ၂ ပတ်ကြာစေလွှတ်ပြီး ဝန်းကျင်သစ်ကို ထိတွေ့ခံစားစေတာလို့ ဆိုနိုင်တယ်လို့ D'Acquisto က ထပ်မံပြောဆိုခဲ့ပါတယ်။ အားလပ်ရက်ပျော်ခရီးထွက်ခြင်းက နေမကောင်းသူတွေကို ပိုမိုလျင်မြန်စွာ နနလန်ထူစေနိုင်ပြီး ရုံးဝန်ထမ်းတွေကို ပျော်ရွှင်ဖွယ်ဘဝသစ်တစ်ခုုတောင် ဆောင်ကြဉ်းပးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top