Kantharyar Centre
×

သတ္မွတ္ကာလအတြင္း မျပီးတာေၾကာင့္ ေျမရွင္ေတြက ကန္ထရိုက္တာေတြကို တရားစြဲဆိုမႈေတြဟာ လစဥ္ျမင့္တက္ေနတယ္လို႔ သိရပါတယ္။ တရားစြဲတာဟာ လစဥ္ ငါးဦးကေန ဆယ္ဦးထိရွိေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ ပင္သာယာေရးေကာ္မတီ အင္ ဂ်င္နီယာႏွင့္ အေဆာက္အအုံ ဌာန တာဝန္ရွိသူတစ္ဦးက ေျပာၾကားထားပါတယ္။  ၾကိဳပြိဳင့္ေတြက အခန္းမထြက္တာေၾကာင့္ ကန္ထရိုက္တာေတြဘက္က ဆက္ေဆာက္ဖို႔ ေငြမရွိဘဲ ရပ္လိုက္ကာ ေျမရွင္ေတြဘက္ကလည္း သတ္မွတ္ခ်ိန္မွာ မျပီးတာေၾကာင့္ အခက္အခဲေတြ ရွိကုန္တာ ျဖစ္ပါတယ္။

ေျမရွင္နဲ႔ အခန္းႀကိဳတင္ ဝယ္ယူထားသူေတြ ၾကားမွာလည္း တရားစြဲဆိုမႈေတြ ျမင့္တက္ေနၿပီး အရပ္စာခ်ဳပ္နဲ႔ ဝယ္ယူထားတာေတြေၾကာင့္ တရားစြဲဆိုမႈေတြျဖစ္ခဲ့ရင္ တစ္ဖက္နဲ႔တစ္ဖက္ ခိုင္လံုမႈမရွိဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအးျမင့္က ေျပာၾကားထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

တည္ေဆာက္ျပီးစီးေပမဲ့ အခန္းဝယ္ယူထားသူ အခ်ိဳ႕က လူေနခြင့္မက်ေသးတာ၊  လွ်ပ္စစ္မီး မရေသးတာေတြေၾကာင့္ ျပန္လည္ေရာင္းခ်ဖို႔လည္း အခက္အခဲအခ်ိဳ႕ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version

သတ်မှတ်ကာလအတွင်း မပြီးတာကြောင့် မြေရှင်တွေက ကန်ထရိုက်တာတွေကို တရားစွဲဆိုမှုတွေဟာ လစဉ်မြင့်တက်နေတယ်လို့ သိရပါတယ်။ တရားစွဲတာဟာ လစဉ် ငါးဦးကနေ ဆယ်ဦးထိရှိနေတယ်လို့ ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အင် ဂျင်နီယာနှင့် အဆောက်အအုံ ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။  ကြိုပွိုင့်တွေက အခန်းမထွက်တာကြောင့် ကန်ထရိုက်တာတွေဘက်က ဆက်ဆောက်ဖို့ ငွေမရှိဘဲ ရပ်လိုက်ကာ မြေရှင်တွေဘက်ကလည်း သတ်မှတ်ချိန်မှာ မပြီးတာကြောင့် အခက်အခဲတွေ ရှိကုန်တာ ဖြစ်ပါတယ်။

မြေရှင်နဲ့ အခန်းကြိုတင် ဝယ်ယူထားသူတွေ ကြားမှာလည်း တရားစွဲဆိုမှုတွေ မြင့်တက်နေပြီး အရပ်စာချုပ်နဲ့ ဝယ်ယူထားတာတွေကြောင့် တရားစွဲဆိုမှုတွေဖြစ်ခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် ခိုင်လုံမှုမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တည်ဆောက်ပြီးစီးပေမဲ့ အခန်းဝယ်ယူထားသူ အချို့က လူနေခွင့်မကျသေးတာ၊  လျှပ်စစ်မီး မရသေးတာတွေကြောင့် ပြန်လည်ရောင်းချဖို့လည်း အခက်အခဲအချို့ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top