Property Expo
×

ရွမ္းျပည္နယ္ေတာင္ပိုင္း ေအာင္ပန္းၿမိဳ႕လယ္မွာ ေအာင္ေက်ာ္လင္း ကုန္စံုဆုိင္ပိုင္ရွင္ကိုသတ္ၿပီး က်ပ္သိန္း ၂၀ ေက်ာ္ ယူေဆာင္မႈ ေအာက္တိုဘာလ ၁၄ ရက္ေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေအာင္ပန္းၿမိဳ႕ ရပ္ကြက္(၁) ဦးသန္႔လမ္းမွာရွိတဲ့ ေအာင္ေက်ာ္လင္းကုန္စံုဆုိင္္ပိုင္ရွင္ ကိုေအာင္ေက်ာ္လင္းကိုသတ္ၿပီး ဆုိင္အတြင္းက က်ပ္သိန္း ၂၀ ေက်ာ္ ယူေဆာင္သြားတဲ့သူကုိ လိုက္လံရွာေဖြေနတယ္လုိ႔ ေအာင္ပန္းၿမိဳ႕နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦး ကေျပာပါတယ္။

‘‘ဆုိင္မွာ သူတစ္ေယာက္ တည္းေနတာပါ။ မနက္ ၂ နာရီ ေလာက္မွာ အသတ္ခံရတာလုိ႔ သိရပါတယ္။ ဓားထိုးသြင္းဒဏ္ရာတစ္ခ်က္ ေတြ႕ပါတယ္။ တရားခံကိုေတာ့ ရွာေဖြဆဲပါ’’လို႔ ႔ ေအာင္ပန္းၿမိဳ႕နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦး ကေျပာပါတယ္။

ကုန္စံုဆိုင္ပိုင္ရွင္ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး ညီမျဖစ္သူ မငယ္ေထြးက ေအာင္ပန္းနယ္ေျမရဲ စခန္းမွာ ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္တုိင္ၾကား ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့လယ်မှာ အောင်ကျော်လင်း ကုန်စုံဆိုင်ပိုင်ရှင်ကိုသတ်ပြီး ကျပ်သိန်း ၂၀ ကျော် ယူဆောင်မှု အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောင်ပန်းမြို့ ရပ်ကွက်(၁) ဦးသန့်လမ်းမှာရှိတဲ့ အောင်ကျော်လင်းကုန်စုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်လင်းကိုသတ်ပြီး ဆိုင်အတွင်းက ကျပ်သိန်း ၂၀ ကျော် ယူဆောင်သွားတဲ့သူကို လိုက်လံရှာဖွေနေတယ်လို့ အောင်ပန်းမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

‘‘ဆိုင်မှာ သူတစ်ယောက် တည်းနေတာပါ။ မနက် ၂ နာရီ လောက်မှာ အသတ်ခံရတာလို့ သိရပါတယ်။ ဓားထိုးသွင်းဒဏ်ရာတစ်ချက် တွေ့ပါတယ်။ တရားခံကိုတော့ ရှာဖွေဆဲပါ’’လို့ အောင်ပန်းမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင် သေဆုံးမှုနဲ့ပတ်သက်ပြီး ညီမဖြစ်သူ မငယ်ထွေးက အောင်ပန်းနယ်မြေရဲ စခန်းမှာ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်တိုင်ကြား ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top