Property Expo
×

  ေအာင္လံၿမိဳ႕တြင္ အ သက္ (၁၈)ႏွစ္အရြယ္ ဒသမတန္း ေက်ာင္းသူကို (၁၇)ႏွစ္အရြယ္ အမ်ိဳးသားက ေဘာ္ဒါေဆာင္အ တြင္း ဝင္ေရာက္၍ ဓားျဖင့္ထိုးမႈ ေအာက္တုိဘာ ၄ ရက္က ျဖစ္ပြား ေၾကာင္း သတင္းရရွိသည္။

အဆုိပါ ေက်ာင္းသူႏွင့္ ယခင္အဆက္အသြယ္ရွိခဲ့ဖူးသူ အမ်ိဳးသားက ေဘာ္ဒါေဆာင္သို႔ လာေရာက္၍ ျပန္လည္ဆက္သြယ္ရန္ ေျပာၾကားရာ အမ်ိဳးသမီးက လက္မခံသျဖင့္ ပါလာသည့္ ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။

‘‘အေသးစိတ္စစ္ေဆးမႈ အ ေျခအေနကေတာ့ မေျပာႏုိင္ေသး ဘူး။ တရားလိုရဲ႕ ဦးေလးျဖစ္သူ က အမႈလာေရာက္ဖြင့္လွစ္ထား တယ္။ စစ္ေဆးေနဆဲပါပဲ။ ေကာင္မေလးကိုေတာ့ ေဆး႐ံုကို တင္ပို႔ထားတယ္’’ဟု ေအာင္လံ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးတာဝန္က် ရဲအရာရွိက ေျပာၾကားသည္။

အမ်ိဳးသမီးငယ္၏ ဝဲဘက္ တေတာင္ဆစ္၊ ဝဲဘက္နံေဘး၊ ေနာက္ေက်ာဘက္ႏွင့္ ဝမ္းဗိုက္တုိ႔ တြင္ ျပတ္ရွဒဏ္ရာငါးခ်က္ (မစိုး ရိမ္ရ)ရရွိၿပီး မိဘမ်ား၏ သေဘာဆႏၵအရ ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ံု ႀကီးသို႔ လႊဲေျပာင္းကုသေနေၾကာင္း ၎က ဆိုသည္။

အဆုိပါ ဓားျဖင့္ ထိုးခဲ့သူ အမ်ိဳးသားကို ေအာင္လံၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ အမႈအမွတ္က ရာဇသတ္ႀကီးပုဒ္မ  ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  အောင်လံမြို့တွင် အ သက် (၁၈)နှစ်အရွယ် ဒသမတန်း ကျောင်းသူကို (၁၇)နှစ်အရွယ် အမျိုးသားက ဘော်ဒါဆောင်အ တွင်း ဝင်ရောက်၍ ဓားဖြင့်ထိုးမှု အောက်တိုဘာ ၄ ရက်က ဖြစ်ပွား ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသူနှင့် ယခင်အဆက်အသွယ်ရှိခဲ့ဖူးသူ အမျိုးသားက ဘော်ဒါဆောင်သို့ လာရောက်၍ ပြန်လည်ဆက်သွယ်ရန် ပြောကြားရာ အမျိုးသမီးက လက်မခံသဖြင့် ပါလာသည့် ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘အသေးစိတ်စစ်ဆေးမှု အ ခြေအနေကတော့ မပြောနိုင်သေး ဘူး။ တရားလိုရဲ့ ဦးလေးဖြစ်သူ က အမှုလာရောက်ဖွင့်လှစ်ထား တယ်။ စစ်ဆေးနေဆဲပါပဲ။ ကောင်မလေးကိုတော့ ဆေးရုံကို တင်ပို့ထားတယ်’’ဟု အောင်လံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အမျိုးသမီးငယ်၏ ဝဲဘက် တတောင်ဆစ်၊ ဝဲဘက်နံဘေး၊ နောက်ကျောဘက်နှင့် ဝမ်းဗိုက်တို့ တွင် ပြတ်ရှဒဏ်ရာငါးချက် (မစိုး ရိမ်ရ)ရရှိပြီး မိဘများ၏ သဘောဆန္ဒအရ ပြည်မြို့ ပြည်သူ့ဆေးရုံ ကြီးသို့ လွှဲပြောင်းကုသနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဓားဖြင့် ထိုးခဲ့သူ အမျိုးသားကို အောင်လံမြို့မရဲတပ်ဖွဲ့စခန်းမှ အမှုအမှတ်က ရာဇသတ်ကြီးပုဒ်မ  ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top