Kantharyar Centre
×

ငယ္ရြယ္လွပတဲ့ ဂ်ပန္အမ်ိဳးသမီးငယ္ ဆာကီ ကိုဇိုင္းဟာ ေအဂ်င္စီတခုက သူ႔ကို စံျပမယ္အျဖစ္ ကမ္းလွမ္းမႈဟာ သူ႔အတြက္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စတားတေယာက္ျဖစ္လာေစဖို႔ လမ္းစတခုျဖစ္တယ္လို႔ ထင္ေနခဲ့ပါတယ္။
အဲဒီအခ်ိန္က အသက္ ၂၄ ႏွစ္အရြယ္သာ ရွိေသးတဲ့ သူမဟာ စိတ္လႈပ္ရွားေနခဲ့ကာ အဲဒီေအဂ်င္စီနဲ႔ အျမန္ဆံုးပဲ သေဘာတူလက္မွတ္ထိုးလိုက္ၿပီး မၾကာခင္မွာပဲ အေရာင္းျမႇင့္တင္ေရး ႐ုပ္သံဗြီဒီယိုေတြနဲ႔အတူ ေအာင္ျမင္လာမယ္လို႔ ယံုၾကည္ေနခဲ့တာပါ။

တကယ္တမ္းမွာေတာ့ အဲဒီေအဂ်င္စီဟာ ေမာ္ဒယ္ေအဂ်င္စီတခုမဟုတ္ဘဲ သူ႔ရဲ႕ ပထမဆံုး အလုပ္စတင္တဲ့ေန႔မွာတင္ ကင္မရာေရွ႕မွာ လိင္ေဖ်ာ္ေျဖမႈ သ႐ုပ္ျပရမွာကို သိရွိခဲ့ရတာပါ။

“က်မရဲ႕အ၀တ္ေတြကို မခၽြတ္ခ်င္ခဲ့ဘူး။ ဒါေပမယ့္ က်မလုပ္ႏိုင္တာ အကုန္လံုးက ငိုတာပါပဲ” လို႔ ထြက္ေပါက္မရွိခဲ့တဲ့ အေျခအေနကို သူက ျပန္ေျပာင္းေျပာျပလုိက္တာပါ။

“က်မနဲ႔အတူ ေဘးမွာ အမ်ိဳးသမီး ၂၀ ေလာက္ ရွိေနခဲ့ၾကတယ္။ ဘယ္သူကမွ မလုပ္ႏုိင္ပါဘူးလို႔ မေျပာခဲ့ၾကပါဘူး။”

လက္ရွိမွာေတာ့ အသက္ ၃၀ အရြယ္ ရွိေနၿပီျဖစ္တဲ့ ကိုဇိုင္းဟာ ဂ်ပန္ႏိုင္ငံရဲ႕ လိင္ေဖ်ာ္ေျဖမႈလုပ္ငန္းထဲ ဖိအားေပးခိုင္းေစခံခဲ့ရမႈ အရိပ္ေအာက္ကေန လြတ္ျမာက္လုိသူတဦးအျဖစ္ ႀကီးျပင္းခဲ့ရတာပါ။

ဂ်ပန္ႏိုင္ငံမွာ အရြယ္ေရာက္ၿပီးသူေတြအတြက္ ရည္ရြယ္ထုတ္လုပ္တဲ့ လိင္ေဖ်ာ္ေျဖေရး ညစ္ညမ္းဗြီဒီယိုေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ရရွိႏိုင္ပါတယ္။

ဒါေပမယ့္ ဒီဗြီဒီယိုေတြ ဖန္တီးမႈေနာက္ကြယ္က အမွန္တရား ဒါမွမဟုတ္ အျခားတဘက္မွ အရိပ္ေတြထဲမွာ ပါ၀င္လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ရင္ေတာ့ ေဆြးေႏြးမႈ မရွိသေလာက္ပါပဲ။

အမ်ိဳးသမီးေပါင္းမ်ားစြာဟာ ၾကမ္းတမ္းတဲ့ လိင္ေဖ်ာ္ေျဖေရး ျပကြက္ေတြနဲ႔အတူ ဖိအားေပး ခိုင္းေစခံခဲ့ရၿပီး အလုပ္လုပ္ကိုင္ေနခဲ့ၾကရတာပါ။

ၿပီးခဲ့တဲ့ ဇြန္လတုန္းက တိုက်ိဳၿမိဳ႕မွ ေမာ္ဒယ္ေအဂ်င္စီ ၃ ခုကို ဖမ္းဆီးစစ္ေဆးရာကေန လိင္ေဖ်ာ္ေျဖမႈ ညစ္ညမ္းဗြီဒီယို ၁၀၀ ေက်ာ္မွာ ပါ၀င္ခဲ့ရတဲ့ အမ်ိဳးသမီးေတြကို ဖမ္းမိခဲ့တာပါ။

အမည္အေဖာ္လိုတဲ့ အမ်ိဳးသမီးတဦးက ကိုဇိုင္းလိုပဲ သူဟာ ဒီလုပ္ငန္းခြင္ကို အစတုန္းကေတာ့ ေမာ္ဒယ္လုပ္ငန္းခြင္လို႔ ထင္ခဲ့ေၾကာင္း ဆိုပါတယ္။

ေ၀ဖန္သူေတြကေတာ့ ဒီလုပ္ငန္းေတြဟာ ေက်ာ္ၾကားလိုတဲ့ အမ်ိဳးသမီးငယ္ေတြကို အေယာင္ျပ စီးပြားေရးလုပ္ငန္းေတြထဲ လွည့္ဖ်ားေခၚယူခဲ့ၾကတာလို႔ ဆိုပါတယ္။

အျခားတဘက္မွာလည္း ဒီလုပ္ငန္းခြင္ထဲ ေရာက္လာၾကသူ မိန္းကေလးတခ်ိဳ႕ဟာ ေပးရမယ့္ အေႂကြးေတြေၾကာင့္ ႐ုန္းမထြက္ႏိုင္ခဲ့တာလို႔ ဆိုပါတယ္။

ေအဂ်င္စီေတြကေတာ့ ဒီမိိ္န္းကေလးေတြကို အၾကမ္းဖက္ၿခိမ္းေျခာက္တာေတြ၊ မမွန္ကန္တဲ့ စာခ်ဳပ္စာတမ္းေတြနဲ႔အတူ ထိန္းသိမ္းထားခဲ့ၾကတာပါ။

ေအအက္ဖ္ပီသတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခဲ့တဲ့ အမည္မေဖာ္လိုတဲ့ မိန္းကေလးတဦးကေတာ့ သူ႔ကို အဆိုေတာ္ျဖစ္ေအာင္ ကူညီေပးမယ္ဆိုတဲ့ ကတိတခုနဲ႔ လိင္ေဖ်ာ္ေျဖမႈလုပ္ငန္းခြင္ထဲ ေရာက္ရွိလာခဲ့တာလို႔ ေျပာပါတယ္။

သူဟာ စာခ်ဳပ္ထဲမွာ သူလုပ္ေပးရမယ့္ အလုပ္သေဘာသဘာ၀ကို ရွင္းရွင္းလင္းလင္း မသိခဲ့ဘဲ လက္မွတ္ထိုးခဲ့တာလို႔ ဆိုပါတယ္။

“ေအဂ်င္စီဟာ က်မကို လေပါင္းမ်ားစြာ လိမ္ညာၿပီး ဖ်ားေယာင္းသိမ္းသြင္းခဲ့တာပါ။ က်မမွာ ေရြးခ်ယ္စရာမရွိပါဘူး” လို႔ အသက္ ၂၆ ႏွစ္အရြယ္ အဲဒီအမ်ိဳးသမီးက ေျပာပါတယ္။

အစပိုင္းမွာေတာ့ သူဟာ ျငင္းဆန္ေနခဲ့ေပမယ့္ ကိုဇိုင္းနဲ႔ တျခားအမ်ိဳးသမီးေတြလိုပဲ ေနာက္ဆံုးမွာေတာ့ အညံ့ခံခဲ့ရတာပါပဲ။

မီးျပတိုက္ အမည္ရတဲ့ ဂ်ပန္အေျခစိုက္ အစိုးရမဟုတ္တဲ့ လူကုန္ကူးမႈတိုက္ဖ်က္ေရး အဖြဲ႔အစည္းက ၂၀၁၆ ခုႏွစ္၊ ႏွစ္လယ္ကာလထိ ဒီလုပ္ငန္းေတြထဲက အမ်ိဳးသမီး ၆၀ ေက်ာ္ေလာက္ဟာ လြတ္ေျမာက္ဖို႔ ႀကိဳးပမ္းလာခဲ့ၾကတယ္လို႔ ေျပာပါတယ္။

အဆိုပါအဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရသူ အိုက္ကီ ဆီဂ၀ါက “သူတို႔ေတြ အမ်ားစုဟာ သူတို႔ရဲ႕ အမွားေၾကာင့္ ျဖစ္လာတဲ့ အရာေတြအေပၚ ေတြးရင္း မလံုမလဲစိတ္နဲ႔ ရွက္ရြံ႕မႈေတြ ခံစားေနၾကရတယ္” လို႔ ေျပာပါတယ္။

အမ်ိဳးသမီးအမ်ားစုဟာ အသက္ ၁၈ ႏွစ္ကေန ၂၅ ႏွစ္ၾကားအရြယ္မွာ တရား၀င္ စာခ်ဳပ္စာတမ္းေတြနဲ႔ ပတ္သက္တဲ့ အသိပညာ နည္းပါးၿပီး ခိုင္လံုတဲ့ ဥပေဒေၾကာင္းအရ သက္ေသမျပႏိုင္တဲ့ အမႈအခင္းေတြ ျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

လက္ရွိမွာေတာ့ ကိုဇိုင္းဟာ ကံေကာင္းေထာက္မစြာပဲ ေအဂ်င္စီကေန ထြက္လာခဲ့ၿပီးခ်ိန္မွာ သူ႔ရဲ႕ဘ၀ကို အသစ္တဖန္ ျပန္စႏိုင္ခဲ့ၿပီလို႔ ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ႏွစ္စဥ္ ဒီလို ညစ္ညမ္းဗြီဒီယိုေတြ ၃ ေသာင္းေလာက္ ထြက္ေနတယ္လို႔ လုပ္ငန္းခြင္တြင္း အခ်က္အလက္ေတြအရ သိရပါတယ္။

ကိုဇိုင္းက “က်မဟာ သာဓကတခုျဖစ္လာခဲ့ရင္ တျခားမိန္းကေလးေတြ ခုလို ျပႆနာအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ေနၾကခ်ိန္မွာ ကယ္တင္ႏိုင္မွာပါ” လို႔ ေျပာပါတယ္။

(ဘန္ေကာက္ပို႔စ္တြင္ ေအာက္တုိဘာ ၅ ရက္ေန႔က ေဖာ္ျပသည့္ သတင္းေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆုိပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ငယ်ရွယ်လှပတဲ့ ဂျပန်အမျိုးသမီးငယ် ဆာကီ ကိုဇိုင်းဟာ အေဂျင်စီတခုက သူ့ကို စံပြမယ်အဖြစ် ကမ်းလှမ်းမှုဟာ သူ့အတွက် အောင်မြင်ကျော်ကြားတဲ့ စတားတယောက်ဖြစ်လာစေဖို့ လမ်းစတခုဖြစ်တယ်လို့ ထင်နေခဲ့ပါတယ်။
အဲဒီအချိန်က အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ သူမဟာ စိတ်လှုပ်ရှားနေခဲ့ကာ အဲဒီအေဂျင်စီနဲ့ အမြန်ဆုံးပဲ သဘောတူလက်မှတ်ထိုးလိုက်ပြီး မကြာခင်မှာပဲ အရောင်းမြှင့်တင်ရေး ရုပ်သံဗွီဒီယိုတွေနဲ့အတူ အောင်မြင်လာမယ်လို့ ယုံကြည်နေခဲ့တာပါ။

တကယ်တမ်းမှာတော့ အဲဒီအေဂျင်စီဟာ မော်ဒယ်အေဂျင်စီတခုမဟုတ်ဘဲ သူ့ရဲ့ ပထမဆုံး အလုပ်စတင်တဲ့နေ့မှာတင် ကင်မရာရှေ့မှာ လိင်ဖျော်ဖြေမှု သရုပ်ပြရမှာကို သိရှိခဲ့ရတာပါ။

“ကျမရဲ့အဝတ်တွေကို မချွတ်ချင်ခဲ့ဘူး။ ဒါပေမယ့် ကျမလုပ်နိုင်တာ အကုန်လုံးက ငိုတာပါပဲ” လို့ ထွက်ပေါက်မရှိခဲ့တဲ့ အခြေအနေကို သူက ပြန်ပြောင်းပြောပြလိုက်တာပါ။

“ကျမနဲ့အတူ ဘေးမှာ အမျိုးသမီး ၂၀ လောက် ရှိနေခဲ့ကြတယ်။ ဘယ်သူကမှ မလုပ်နိုင်ပါဘူးလို့ မပြောခဲ့ကြပါဘူး။”

လက်ရှိမှာတော့ အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ ကိုဇိုင်းဟာ ဂျပန်နိုင်ငံရဲ့ လိင်ဖျော်ဖြေမှုလုပ်ငန်းထဲ ဖိအားပေးခိုင်းစေခံခဲ့ရမှု အရိပ်အောက်ကနေ လွတ်မြာက်လိုသူတဦးအဖြစ် ကြီးပြင်းခဲ့ရတာပါ။

ဂျပန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ လိင်ဖျော်ဖြေရေး ညစ်ညမ်းဗွီဒီယိုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါတယ်။

ဒါပေမယ့် ဒီဗွီဒီယိုတွေ ဖန်တီးမှုနောက်ကွယ်က အမှန်တရား ဒါမှမဟုတ် အခြားတဘက်မှ အရိပ်တွေထဲမှာ ပါဝင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင်တော့ ဆွေးနွေးမှု မရှိသလောက်ပါပဲ။

အမျိုးသမီးပေါင်းများစွာဟာ ကြမ်းတမ်းတဲ့ လိင်ဖျော်ဖြေရေး ပြကွက်တွေနဲ့အတူ ဖိအားပေး ခိုင်းစေခံခဲ့ရပြီး အလုပ်လုပ်ကိုင်နေခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက တိုကျိုမြို့မှ မော်ဒယ်အေဂျင်စီ ၃ ခုကို ဖမ်းဆီးစစ်ဆေးရာကနေ လိင်ဖျော်ဖြေမှု ညစ်ညမ်းဗွီဒီယို ၁၀၀ ကျော်မှာ ပါဝင်ခဲ့ရတဲ့ အမျိုးသမီးတွေကို ဖမ်းမိခဲ့တာပါ။

အမည်အဖော်လိုတဲ့ အမျိုးသမီးတဦးက ကိုဇိုင်းလိုပဲ သူဟာ ဒီလုပ်ငန်းခွင်ကို အစတုန်းကတော့ မော်ဒယ်လုပ်ငန်းခွင်လို့ ထင်ခဲ့ကြောင်း ဆိုပါတယ်။

ဝေဖန်သူတွေကတော့ ဒီလုပ်ငန်းတွေဟာ ကျော်ကြားလိုတဲ့ အမျိုးသမီးငယ်တွေကို အယောင်ပြ စီးပွားရေးလုပ်ငန်းတွေထဲ လှည့်ဖျားခေါ်ယူခဲ့ကြတာလို့ ဆိုပါတယ်။

အခြားတဘက်မှာလည်း ဒီလုပ်ငန်းခွင်ထဲ ရောက်လာကြသူ မိန်းကလေးတချို့ဟာ ပေးရမယ့် အကြွေးတွေကြောင့် ရုန်းမထွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အေဂျင်စီတွေကတော့ ဒီမိန်းကလေးတွေကို အကြမ်းဖက်ခြိမ်းခြောက်တာတွေ၊ မမှန်ကန်တဲ့ စာချုပ်စာတမ်းတွေနဲ့အတူ ထိန်းသိမ်းထားခဲ့ကြတာပါ။

အေအက်ဖ်ပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အမည်မဖော်လိုတဲ့ မိန်းကလေးတဦးကတော့ သူ့ကို အဆိုတော်ဖြစ်အောင် ကူညီပေးမယ်ဆိုတဲ့ ကတိတခုနဲ့ လိင်ဖျော်ဖြေမှုလုပ်ငန်းခွင်ထဲ ရောက်ရှိလာခဲ့တာလို့ ပြောပါတယ်။

သူဟာ စာချုပ်ထဲမှာ သူလုပ်ပေးရမယ့် အလုပ်သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မသိခဲ့ဘဲ လက်မှတ်ထိုးခဲ့တာလို့ ဆိုပါတယ်။

“အေဂျင်စီဟာ ကျမကို လပေါင်းများစွာ လိမ်ညာပြီး ဖျားယောင်းသိမ်းသွင်းခဲ့တာပါ။ ကျမမှာ ရွေးချယ်စရာမရှိပါဘူး” လို့ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးက ပြောပါတယ်။

အစပိုင်းမှာတော့ သူဟာ ငြင်းဆန်နေခဲ့ပေမယ့် ကိုဇိုင်းနဲ့ တခြားအမျိုးသမီးတွေလိုပဲ နောက်ဆုံးမှာတော့ အညံ့ခံခဲ့ရတာပါပဲ။

မီးပြတိုက် အမည်ရတဲ့ ဂျပန်အခြေစိုက် အစိုးရမဟုတ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့အစည်းက ၂၀၁၆ ခုနှစ်၊ နှစ်လယ်ကာလထိ ဒီလုပ်ငန်းတွေထဲက အမျိုးသမီး ၆၀ ကျော်လောက်ဟာ လွတ်မြောက်ဖို့ ကြိုးပမ်းလာခဲ့ကြတယ်လို့ ပြောပါတယ်။

အဆိုပါအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူ အိုက်ကီ ဆီဂဝါက “သူတို့တွေ အများစုဟာ သူတို့ရဲ့ အမှားကြောင့် ဖြစ်လာတဲ့ အရာတွေအပေါ် တွေးရင်း မလုံမလဲစိတ်နဲ့ ရှက်ရွံ့မှုတွေ ခံစားနေကြရတယ်” လို့ ပြောပါတယ်။

အမျိုးသမီးအများစုဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြားအရွယ်မှာ တရားဝင် စာချုပ်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးပြီး ခိုင်လုံတဲ့ ဥပဒေကြောင်းအရ သက်သေမပြနိုင်တဲ့ အမှုအခင်းတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ကိုဇိုင်းဟာ ကံကောင်းထောက်မစွာပဲ အေဂျင်စီကနေ ထွက်လာခဲ့ပြီးချိန်မှာ သူ့ရဲ့ဘဝကို အသစ်တဖန် ပြန်စနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီလို ညစ်ညမ်းဗွီဒီယိုတွေ ၃ သောင်းလောက် ထွက်နေတယ်လို့ လုပ်ငန်းခွင်တွင်း အချက်အလက်တွေအရ သိရပါတယ်။

ကိုဇိုင်းက “ကျမဟာ သာဓကတခုဖြစ်လာခဲ့ရင် တခြားမိန်းကလေးတွေ ခုလို ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြချိန်မှာ ကယ်တင်နိုင်မှာပါ” လို့ ပြောပါတယ်။

(ဘန်ကောက်ပို့စ်တွင် အောက်တိုဘာ ၅ ရက်နေ့က ဖော်ပြသည့် သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top