Property Expo
×

႐ုတ္တရက္ ႏွလံုးတိုက္ခိုက္ ခံရျခင္း (Heart Attack)ေၾကာင့္ ေသဆံုးမႈေတြမ်ားလာတဲ့ေနာက္ အေမရိကန္ ႏွလံုးအဖြဲ႕အစည္းက ျပဳလုပ္ထား စစ္တမ္းအရ ႏွလံုး တိုက္ခိုက္မခံရရင္ တစ္လ ေလာက္အလိုမွာ ျပတတ္တဲ့ေရာ ဂါလကၡဏာေတြ ႀကိဳတင္သိထား ႏိုင္ေအာင္လို႔ ေဖာ္ျပေပးလိုက္ပါ တယ္။

ပင္ပန္းႏြမ္းနယ္ျခင္း - ပင္ပန္း တယ္ဆိုတာမ်ဳိးက ပံုမွန္လိုျဖစ္ ေလ့ရွိေပမယ့္ ေန႔စဥ္ျပဳလုပ္ေန က်ကိစၥေတြ လုပ္ရင္း သိသိသာ သာ ထူးထူးျခားျခားႀကီးကို တစ္ ကိုယ္လံုးကိုင္႐ိုက္ခံထားရသလို ႏံုးခ်ည့္ႏြမ္းနယ္ေနရင္ သတိထား ဖို႔ လိုလာပါၿပီ။

အသက္႐ွဴက်ပ္ျခင္း - ႏွလံုးတိုက္ ခိုက္မခံရခင္မွာ လူတိုင္းလိုလုိႀကံဳ ရတာက အသက္႐ွဴက်ပ္လာတာ ပါ။ အဆုတ္က လုိအပ္တဲ့ေသြး မရတဲ့အတြက္ ေသြးေၾကာေတြ ပိတ္လာကာ အသက္႐ွဴက်ပ္လာ တာမို႔ ဒီလိုထူးျခားတဲ့ ခံစားမႈရ တာနဲ႔ ဆရာဝန္ဆီကို အျမန္ဆံုး သြားပါ။

ရင္ဘတ္တစ္ခုလံုးတင္းက်ပ္၊ နာက်င္ျခင္း - ေနာက္ထပ္သိသာ တဲ့ လကၡဏာတစ္ခုက ရင္ဘတ္ တစ္ခုလံုး တင္းက်ပ္နာက်င္လာ ၿပီး တစ္ခါတစ္ရံမွာ လက္ေမာင္း ေတြ၊ လည္ေခ်ာင္း၊ လည္ပင္း၊ ေမး႐ိုး၊ ေနာက္ေက်ာနဲ႔ အစာအိမ္ ေတြတင္းၿပီး နာက်င္တာမ်ဳိးေတြ အနည္းဆံုး ၁၅ မိနစ္ေလာက္ျဖစ္ ေလ့ရွိပါတယ္။

ေမာပန္းျခင္း - ႂကြက္သားေတြဆီ ေသြးအလံုအေလာက္မရတဲ့အခါ မွာ အားနည္းၿပီး ေမာပန္းတဲ့ခံစား မႈမ်ဳိးကိုလည္း သတိထားပါ။

မူးေဝၿပီး ေခြၽးေစးမ်ားျပန္ျခင္း - ဦးေႏွာက္ဆီကို ေသြးေကာင္းစြာ မေရာက္တဲ့အတြက္ မူးေဝတဲ့ခံ စားမႈျဖစ္ေစသလို ေခြၽးေစးေတြ ျပန္တာဟာ ႏွလံုးတိုက္ခိုက္ခံရ ျခင္းရဲ႕ အႀကိဳလကၡဏာတစ္ခုပါ ပဲ။

အေအးမိ၊ တုပ္ေကြးျဖစ္ျခင္း - ေခ်ာင္းေတြအရမ္းဆိုး အေအးမိ လိုက္၊ ဖ်ားနာလိုက္ျဖစ္တာဟာ ခ်က္ခ်င္းဒုကၡေပးႏိုင္တဲ့ လကၡ ဏာရပ္မဟုတ္ေပမယ့္ ေပါ့ေပါ့ ဆဆမလုပ္ဘဲ သတိထားၿပီး ကုသဖို႔လိုပါတယ္။

အထက္ပါအခ်က္ေတြကို ႏွလံုးတိုက္ခိုက္မခံရခင္မွာ ျပ တတ္တဲ့လကၡဏာေတြမို႔ အၿမဲ သတိထားေနဖို႔ လိုအပ္သလို လူ တစ္ဦးနဲ႔တစ္ဦး ျဖစ္ပြားတဲ့ပံုစံမတူ တဲ့အတြက္ အသက္ရွည္က်န္းမာ စြာေနရေအာင္လို႔ မွတ္ထားဖို႔လို ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း (Heart Attack)ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရရင် တစ်လ လောက်အလိုမှာ ပြတတ်တဲ့ရော ဂါလက္ခဏာတွေ ကြိုတင်သိထား နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

ပင်ပန်းနွမ်းနယ်ခြင်း - ပင်ပန်း တယ်ဆိုတာမျိုးက ပုံမှန်လိုဖြစ် လေ့ရှိပေမယ့် နေ့စဉ်ပြုလုပ်နေ ကျကိစ္စတွေ လုပ်ရင်း သိသိသာ သာ ထူးထူးခြားခြားကြီးကို တစ် ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နုံးချည့်နွမ်းနယ်နေရင် သတိထား ဖို့ လိုလာပါပြီ။

အသက်ရှူကျပ်ခြင်း - နှလုံးတိုက် ခိုက်မခံရခင်မှာ လူတိုင်းလိုလိုကြုံ ရတာက အသက်ရှူကျပ်လာတာ ပါ။ အဆုတ်က လိုအပ်တဲ့သွေး မရတဲ့အတွက် သွေးကြောတွေ ပိတ်လာကာ အသက်ရှူကျပ်လာ တာမို့ ဒီလိုထူးခြားတဲ့ ခံစားမှုရ တာနဲ့ ဆရာဝန်ဆီကို အမြန်ဆုံး သွားပါ။

ရင်ဘတ်တစ်ခုလုံးတင်းကျပ်၊ နာကျင်ခြင်း - နောက်ထပ်သိသာ တဲ့ လက္ခဏာတစ်ခုက ရင်ဘတ် တစ်ခုလုံး တင်းကျပ်နာကျင်လာ ပြီး တစ်ခါတစ်ရံမှာ လက်မောင်း တွေ၊ လည်ချောင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျောနဲ့ အစာအိမ် တွေတင်းပြီး နာကျင်တာမျိုးတွေ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ် လေ့ရှိပါတယ်။

မောပန်းခြင်း - ကြွက်သားတွေဆီ သွေးအလုံအလောက်မရတဲ့အခါ မှာ အားနည်းပြီး မောပန်းတဲ့ခံစား မှုမျိုးကိုလည်း သတိထားပါ။

မူးဝေပြီး ချွေးစေးများပြန်ခြင်း - ဦးနှောက်ဆီကို သွေးကောင်းစွာ မရောက်တဲ့အတွက် မူးဝေတဲ့ခံ စားမှုဖြစ်စေသလို ချွေးစေးတွေ ပြန်တာဟာ နှလုံးတိုက်ခိုက်ခံရ ခြင်းရဲ့ အကြိုလက္ခဏာတစ်ခုပါ ပဲ။

အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း - ချောင်းတွေအရမ်းဆိုး အအေးမိ လိုက်၊ ဖျားနာလိုက်ဖြစ်တာဟာ ချက်ချင်းဒုက္ခပေးနိုင်တဲ့ လက္ခ ဏာရပ်မဟုတ်ပေမယ့် ပေါ့ပေါ့ ဆဆမလုပ်ဘဲ သတိထားပြီး ကုသဖို့လိုပါတယ်။

အထက်ပါအချက်တွေကို နှလုံးတိုက်ခိုက်မခံရခင်မှာ ပြ တတ်တဲ့လက္ခဏာတွေမို့ အမြဲ သတိထားနေဖို့ လိုအပ်သလို လူ တစ်ဦးနဲ့တစ်ဦး ဖြစ်ပွားတဲ့ပုံစံမတူ တဲ့အတွက် အသက်ရှည်ကျန်းမာ စွာနေရအောင်လို့ မှတ်ထားဖို့လို ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top