Kantharyar Centre
×

ဂီတဖက္နဲ႕သရုပ္ေဆာင္ဖက္ ႏွစ္ခုစလံုးမွာ ဟန္ခ်က္ညီေအာင္ ၾကိဳးစားေလွ်ာက္လွမ္းေနသူေလးကေတာ့ စိုးျပည့္သဇင္ရယ္ပါ။ စိုးျပည့္ဟာ ကားရိုက္ၾကဲတဲ့အခ်ိန္မွာ သီခ်င္းဖက္နဲ႕ရိႈးဆိုတာကို ပိုဦးစားေပးၿပီးလုပ္ျဖစ္ေနသလုိ ၁၇ ရက္ေန႕မွာေျဖဆိုရမဲ့ ျမန္မာစာ ဒုတိယႏွစ္ စာေမးပြဲအတြက္လည္း စာေတြေလ့လာေနတယ္လို႕သိရပါတယ္။

လက္ရွိမွာ ခ်စ္မိေတာ့လဲ ဗီဒီယိုကားကို သရုပ္ေဆာင္ေနတဲ့ စိုးျပည့္သဇင္က "အခုက ကိုဟိန္းေ၀ယံနဲ႕ခ်စ္မိေတာ့လဲဆိုတဲ့ ကားေလးရုိက္ေနတယ္။ ဒီကားေလးထဲမွာ စိုးျပည့္က အရမ္းေမာက္မာၿပီး အရမ္းေခ်တဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ကာရုိက္တာကို သရုပ္ေဆာင္ထားပါတယ္။ ဒါၿပီးရင္ ကိုေျပတီနဲ႕ ေရႊမင္းသမီးဆိုတဲ့ရုပ္ရွင္ကားၾကီးတစ္ကားရုိက္ဖို႕ရွိပါတယ္"လို႕ ေျပာပါတယ္။

ဇာတ္ကားေတြအရိုက္က်ဲသြားတဲ့အေပၚမွာလဲ သူမက "စိုးျပည့္ ကားရုိက္က်ဲတဲ့အခ်ိန္မွာ သီခ်င္းေလးေတြလုပ္ျဖစ္တယ္။ ကားၾကီးတစ္ကားရုိက္တယ္။ ၿပီးေတာ့ အခုကစိုးျပည့္ ဒုတိယႏွစ္စာေမးပြဲေျဖရမွာဆိုေတာ့ စာေမးပြဲအတြက္လဲျပင္ဆင္ေနတယ္။ နယ္ရိႈးေလးေတြလဲလိုက္ဆိုျဖစ္တယ္။ ေနာက္ဒီဒီနဲ႕လဲ သီခ်င္းတစ္ပုဒ္လုပ္ထားတာေလးက လဲၿပီးေနၿပီဆိုေတာ့ မၾကာခင္အင္တာနက္ကေနတင္ေပးပါ့မယ္"တဲ့။

စိုးျပည့္သဇင္ဟာ ေနာက္လ ၁၇ရက္ေန႕မွာ ျမန္မာစာ အေ၀းသင္ ဒုတိယႏွစ္စာေမးပြဲအတြက္ စာေတြက်က္မွတ္ရင္း တစ္ဖက္မွာလည္းဇာတ္ကားေတြ ရိုက္ကူးျဖစ္ေနသလို ေဖ်ာ္ေျဖပြဲေတြလည္း ဆိုေပးသြားဖုိ႕ လက္ခံထားပါေသးတယ္။

အခ်စ္ေရးနဲ႕ပတ္သက္ရင္ တျခားအႏုပညာရွင္ေတြလို အသံသိပ္မထြက္တဲ့ သူမက အဲဒါနဲ႕ပတ္သက္ျပီး " စိုးျပည့္ေအးေအးေဆးေဆးပဲေနခ်င္လို႕ပါ။ တစ္ေယာက္တည္းေနရတာကိုပဲ စိုးျပည့္ႏွစ္သက္ပါတယ္။ အခုသီတင္းလဲကၽြတ္ၿပီးသြားၿပီဆိုေတာ့ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား အိမ္ ေထာင္ျပဳၾကတယ္။ မဂၤလာေတြေဆာင္ၾကတယ္။ အဲ့ဒီအတြက္လဲ စိုးျပည့္၀မ္းသာပါတယ္။ ဘ၀တစ္ခုကို အတူတူထူေထာင္ၿပီး တစ္ဘ၀လံုးစာခ်စ္ၿပီးလက္တြဲသြားႏုိင္ပါေစလို႕ဆုေတာင္းေပးခ်င္ပါတယ္။ စိုးျပည့္အခ်စ္ေရး သတင္းကေတာ့ လိုပါေသးတယ္။ ေနာက္ၿပီးေတာ့ စိုးျပည့္က ကံတရားအတုိင္းပဲ သြားပါတယ္။ ဘယ္အရာကိုမွၾကိဳၿပီးစဥ္းစားေလ့မရွိဘူးပါဘူး"လို႕ ဆိုသြားပါေသးတယ္။

စိုးျပည့္နဲ႕ပတ္သက္ရင္ ဟိုတေလာက စိုးျပည့္ေမးေစ့ခ်ြန္ထားတယ္ဆုိျပီး အသံေတြ ထြက္ေပၚလာခဲ့ေသးတာ အားလံုးမွတ္မိၾကမွာပါ။ ဒါနဲ႕ပတ္သက္ျပီး စိုးျပည့္ကို ထပ္ေမးၾကည့္ျဖစ္ေတာ့ "ပရိသတ္ေတြကေတာ့ သူတုိ႕အထင္ေျပာၾကတာေပါ့။ အဲ့ဒါေၾကာင့္လဲ စိုးျပည့္ျပန္ေျဖရွင္းထားေပးပါတယ္။ သူတို႕ကလဲ ပံုကိုၾကည့္ၿပီးအထင္နဲ႕ေျပာတာေပါ့ေလ။ ဒီေလာက္ကေတာ့ ကိစၥမရွိပါဘူး။ စိုးျပည့္ကိုယ္တုိင္က ျမန္မာျဖစ္တဲ့အတြက္ အဲ့ဒီလိုအရမ္းၾကီး ခၽြန္သြားတာမ်ိဳးကုိမၾကိဳက္ဘူး။ ၿပီးေတာ့ လွတာမလွတာထက္ သဘာ၀က ကိုယ့္ကံတရားအတိုင္းပါလာတဲ့ကိုယ့္ရဲ႕ပင္ကိုယ္ရုပ္ရည္ကိုပဲ သေဘာက်တယ္။ တခါတေလက်ရင္ လွေတာ့လွခ်င္တယ္။ ဒါေပမဲ့သဘာ၀ကို လြန္ဆန္ၿပီးေတာ့ ဘယ္အရာကိုမွလုပ္မွာမဟုတ္ဘူး။ အနိမ့္ဆံုးအသားျဖဴေဆးထိုးတာေသာက္တာကအစ စိုးျပည့္လုပ္ျဖစ္မွာမဟုတ္ပါဘူး" လို႕ ေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:TrendMyanmar

#Unicode Version
ဂီတဖက်နဲ့သရုပ်ဆောင်ဖက် နှစ်ခုစလုံးမှာ ဟန်ချက်ညီအောင် ကြိုးစားလျှောက်လှမ်းနေသူလေးကတော့ စိုးပြည့်သဇင်ရယ်ပါ။ စိုးပြည့်ဟာ ကားရိုက်ကြဲတဲ့အချိန်မှာ သီချင်းဖက်နဲ့ရှိုးဆိုတာကို ပိုဦးစားပေးပြီးလုပ်ဖြစ်နေသလို ၁၇ ရက်နေ့မှာဖြေဆိုရမဲ့ မြန်မာစာ ဒုတိယနှစ် စာမေးပွဲအတွက်လည်း စာတွေလေ့လာနေတယ်လို့သိရပါတယ်။

လက်ရှိမှာ ချစ်မိတော့လဲ ဗီဒီယိုကားကို သရုပ်ဆောင်နေတဲ့ စိုးပြည့်သဇင်က "အခုက ကိုဟိန်းဝေယံနဲ့ချစ်မိတော့လဲဆိုတဲ့ ကားလေးရိုက်နေတယ်။ ဒီကားလေးထဲမှာ စိုးပြည့်က အရမ်းမောက်မာပြီး အရမ်းချေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားပါတယ်။ ဒါပြီးရင် ကိုပြေတီနဲ့ ရွှေမင်းသမီးဆိုတဲ့ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်"လို့ ပြောပါတယ်။

ဇာတ်ကားတွေအရိုက်ကျဲသွားတဲ့အပေါ်မှာလဲ သူမက "စိုးပြည့် ကားရိုက်ကျဲတဲ့အချိန်မှာ သီချင်းလေးတွေလုပ်ဖြစ်တယ်။ ကားကြီးတစ်ကားရိုက်တယ်။ ပြီးတော့ အခုကစိုးပြည့် ဒုတိယနှစ်စာမေးပွဲဖြေရမှာဆိုတော့ စာမေးပွဲအတွက်လဲပြင်ဆင်နေတယ်။ နယ်ရှိုးလေးတွေလဲလိုက်ဆိုဖြစ်တယ်။ နောက်ဒီဒီနဲ့လဲ သီချင်းတစ်ပုဒ်လုပ်ထားတာလေးက လဲပြီးနေပြီဆိုတော့ မကြာခင်အင်တာနက်ကနေတင်ပေးပါ့မယ်"တဲ့။

စိုးပြည့်သဇင်ဟာ နောက်လ ၁၇ရက်နေ့မှာ မြန်မာစာ အဝေးသင် ဒုတိယနှစ်စာမေးပွဲအတွက် စာတွေကျက်မှတ်ရင်း တစ်ဖက်မှာလည်းဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ဖျော်ဖြေပွဲတွေလည်း ဆိုပေးသွားဖို့ လက်ခံထားပါသေးတယ်။

အချစ်ရေးနဲ့ပတ်သက်ရင် တခြားအနုပညာရှင်တွေလို အသံသိပ်မထွက်တဲ့ သူမက အဲဒါနဲ့ပတ်သက်ပြီး " စိုးပြည့်အေးအေးဆေးဆေးပဲနေချင်လို့ပါ။ တစ်ယောက်တည်းနေရတာကိုပဲ စိုးပြည့်နှစ်သက်ပါတယ်။ အခုသီတင်းလဲကျွတ်ပြီးသွားပြီဆိုတော့ အနုပညာရှင်တော်တော်များများ အိမ်ထောင်ပြုကြတယ်။ မင်္ဂလာတွေဆောင်ကြတယ်။ အဲ့ဒီအတွက်လဲ စိုးပြည့်ဝမ်းသာပါတယ်။ ဘဝတစ်ခုကို အတူတူထူထောင်ပြီး တစ်ဘဝလုံးစာချစ်ပြီးလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်။ စိုးပြည့်အချစ်ရေး သတင်းကတော့ လိုပါသေးတယ်။ နောက်ပြီးတော့ စိုးပြည့်က ကံတရားအတိုင်းပဲ သွားပါတယ်။ ဘယ်အရာကိုမှကြိုပြီးစဉ်းစားလေ့မရှိဘူးပါဘူး"လို့ ဆိုသွားပါသေးတယ်။

စိုးပြည့်နဲ့ပတ်သက်ရင် ဟိုတလောက စိုးပြည့်မေးစေ့ချွန်ထားတယ်ဆိုပြီး အသံတွေ ထွက်ပေါ်လာခဲ့သေးတာ အားလုံးမှတ်မိကြမှာပါ။ ဒါနဲ့ပတ်သက်ပြီး စိုးပြည့်ကို ထပ်မေးကြည့်ဖြစ်တော့ "ပရိသတ်တွေကတော့ သူတို့အထင်ပြောကြတာပေါ့။ အဲ့ဒါကြောင့်လဲ စိုးပြည့်ပြန်ဖြေရှင်းထားပေးပါတယ်။ သူတို့ကလဲ ပုံကိုကြည့်ပြီးအထင်နဲ့ပြောတာပေါ့လေ။ ဒီလောက်ကတော့ ကိစ္စမရှိပါဘူး။ စိုးပြည့်ကိုယ်တိုင်က မြန်မာဖြစ်တဲ့အတွက် အဲ့ဒီလိုအရမ်းကြီး ချွန်သွားတာမျိုးကိုမကြိုက်ဘူး။ ပြီးတော့ လှတာမလှတာထက် သဘာဝက ကိုယ့်ကံတရားအတိုင်းပါလာတဲ့ကိုယ့်ရဲ့ပင်ကိုယ်ရုပ်ရည်ကိုပဲ သဘောကျတယ်။ တခါတလေကျရင် လှတော့လှချင်တယ်။ ဒါပေမဲ့သဘာဝကို လွန်ဆန်ပြီးတော့ ဘယ်အရာကိုမှလုပ်မှာမဟုတ်ဘူး။ အနိမ့်ဆုံးအသားဖြူဆေးထိုးတာသောက်တာကအစ စိုးပြည့်လုပ်ဖြစ်မှာမဟုတ်ပါဘူး" လို့ ပြောပြသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top