Kantharyar Centre
×

ၿဂဳိဟ္တုပုံရိပ္မ်ားအရ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားစမ္းသပ္စခန္းေနရာမွာ လႈပ္႐ွားမႈမ်ားေတြ႕ရၿပီးေနာက္ ႏ်ဴကလီးယားစမ္းသပ္မႈ အသစ္ျပဳလုပ္ရန္ သုိ႕မဟုတ္ ေနာက္ဆုံး စမ္းသပ္မႈရဲ႕ အခ်က္အလက္မ်ားကုိ စုေဆာင္းရန္ လုပ္ေဆာင္ေနတဲ့ လကၡဏာျဖစ္ေၾကာင္း အေမရိကန္အေျခစိုက္ ေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာပါတယ္။

ဂၽြန္ေဟာ့ပ္ကင္းစ္တကၠသုိလ္ရဲ႕ ႏုိင္ငံတကာေလ့လာေရးေက်ာင္းက တည္ေထာင္ထားတဲ့ 38 North အဖြဲ႕က ေျမာက္ကုိရီးယား ႏ်ဴကလီးယားစမ္းသပ္စခန္း Punggye-ri ႐ွိ ဥမင္လႈိင္ေခါင္းသုံးခုလုံးမွာ ေမာ္ေတာ္ယာဥ္ႀကီးမ်ားနဲ႕ လူမ်ား သြားလာလႈပ္႐ွားမႈေတြ ေတြ႕ရေၾကာင္း ဆုိပါတယ္။

စက္တင္ဘာ ၉ ရက္က ျပဳလုပ္ခဲ့တဲ့ ႏ်ဴကလီးယားစမ္းသပ္မႈမွ အခ်က္အလက္မ်ား စုေဆာင္းျခင္း သုိ႕မဟုတ္ ေနာက္ထပ္ ႏ်ဴကလီးယားစမ္းသပ္မႈအတြက္ ျပင္ဆင္ျခင္းလည္း ျဖစ္ႏုိင္ေၾကာင္း အဆုိပါ အဖြဲ႕က သုံးသပ္ပါတယ္။

ေျမာက္ကုိရီးယားႏိုင္ငံဟာ ေနာက္ထပ္ ႏ်ဴကလီးယားစမ္းသပ္မႈ ျပဳလုပ္ရန္ အဆင့္သင့္႐ွိေၾကာင္းနဲ႕ အလုပ္သမားပါတီ တည္ေထာင္မႈ ႏွစ္ပတ္လည္ေန႕ျဖစ္တဲ့ ေအာက္တုိဘာ ၁၀ ရက္မွာ အထိမ္းအမွတ္အျဖစ္ ႏ်ဴကီးယားစမ္းသပ္မႈ ျပဳလုပ္ႏိုင္ေၾကာင္း ခန္႕မွန္းမႈေတြလည္း ႐ွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဂြိုဟ်တုပုံရိပ်များအရ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်စခန်းနေရာမှာ လှုပ်ရှားမှုများတွေ့ရပြီးနောက် နျူကလီးယားစမ်းသပ်မှု အသစ်ပြုလုပ်ရန် သို့မဟုတ် နောက်ဆုံး စမ်းသပ်မှုရဲ့ အချက်အလက်များကို စုဆောင်းရန် လုပ်ဆောင်နေတဲ့ လက္ခဏာဖြစ်ကြောင်း အမေရိကန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ရဲ့ နိုင်ငံတကာလေ့လာရေးကျောင်းက တည်ထောင်ထားတဲ့ 38 North အဖွဲ့က မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်စခန်း Punggye-ri ရှိ ဥမင်လှိုင်ခေါင်းသုံးခုလုံးမှာ မော်တော်ယာဉ်ကြီးများနဲ့ လူများ သွားလာလှုပ်ရှားမှုတွေ တွေ့ရကြောင်း ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုမှ အချက်အလက်များ စုဆောင်းခြင်း သို့မဟုတ် နောက်ထပ် နျူကလီးယားစမ်းသပ်မှုအတွက် ပြင်ဆင်ခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါ အဖွဲ့က သုံးသပ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် အဆင့်သင့်ရှိကြောင်းနဲ့ အလုပ်သမားပါတီ တည်ထောင်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်မှာ အထိမ်းအမှတ်အဖြစ် နျူကီးယားစမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top