Property Expo
×

စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ႕ သလႅာရပ္ကြက္၊ နယ္ေျမအမွတ္(၆)၊ ဗိုလ္ခ်ဳပ္လမ္းရွိ ဦးျမင္႔ေမာင္ အမည္ရွိ လက္ဘက္ရည္ဆိုင္တြင္ ေအာက္တိုဘာ ၂၄ ရက္ည ၉ နာရီခြဲအခ်ိန္ခန္႔႕ အုပ္စု လူငယ္တစ္စု ဆိုင္အတြင္း ခိုက္ရန္ျဖစ္ပြားခဲ႔ရာ ဆိုင္ရွိပစၥည္းအခ်ိဳ႕ ပ်က္စီးသြားေၾကာင္း မံုရြာနယ္ေျမရဲစခန္းမွ သိရသည္။

'' လွည္႔ကင္းအဖြဲ႔ကို ေစလႊတ္ျပီး ခိုက္ရန္ျဖစ္ပြားတဲ႔သူေတြကို တရားဥပေဒအရ ေျဖရွင္ေဆာင္ရြက္နိုင္ရန္ အခုဘဲလုပ္ေဆာင္ေနပါတယ္ .." ဟု ရဲစခန္းမွဴး ရဲအုပ္ ရဲေအာင္က ေျပာသည္။

အဆိုပါ ခိုက္ရန္ျဖစ္ပြားမႈေၾကာင္႔ ဆိုင္အတြင္းရွိ 125 ဆိုင္ကယ္တစ္စီး ဒူးကာက်ိဳးပဲ႔ပ်က္စီး၊ ဓာတ္ဗူး(၁၀)လံုးပ်က္စီး၊ ပလပ္စတစ္ထိုင္ခံု(၅)လံုး၊ ေရေႏြးေသာက္ ပန္းကန္(၅)လံုး၊ အခ်ိဳရည္ပန္းကန္(၅)လံုတို႔ပ်က္စီးသြားခဲ႔သျဖင္႔ ဆိုင္ရွင္ ဦးျမင္႔ေမာင္က မံုရြာနယ္ေျမရဲစခန္းသို႔သြားေရာက္၍ အမႈေရးဖြင္႔တိုင္တန္းခဲ႔သည္။

အဆိုပါ တိုင္တန္းခ်က္အား မံုရြာနယ္ေျမရဲစခန္း(ပ) ၇၄၇/၂၀၁၆ ရာဇသတ္ၾကီး ပုဒ္မ ၄၅၂/၄၂၇/၁၁၄ အရ အမႈဖြင္႔ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:KoToe ChinDween

#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သလ္လာရပ်ကွက်၊ နယ်မြေအမှတ်(၆)၊ ဗိုလ်ချုပ်လမ်းရှိ ဦးမြင့်မောင် အမည်ရှိ လက်ဘက်ရည်ဆိုင်တွင် အောက်တိုဘာ ၂၄ ရက်ည ၉ နာရီခွဲအချိန်ခန့့် အုပ်စု လူငယ်တစ်စု ဆိုင်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဆိုင်ရှိပစ္စည်းအချို့ ပျက်စီးသွားကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

'' လှည့်ကင်းအဖွဲ့ကို စေလွှတ်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့သူတွေကို တရားဥပဒေအရ ဖြေရှင်ဆောင်ရွက်နိုင်ရန် အခုဘဲလုပ်ဆောင်နေပါတယ် .." ဟု ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆိုင်အတွင်းရှိ 125 ဆိုင်ကယ်တစ်စီး ဒူးကာကျိုးပဲ့ပျက်စီး၊ ဓာတ်ဗူး(၁၀)လုံးပျက်စီး၊ ပလပ်စတစ်ထိုင်ခုံ(၅)လုံး၊ ရေနွေးသောက် ပန်းကန်(၅)လုံး၊ အချိုရည်ပန်းကန်(၅)လုံတို့ပျက်စီးသွားခဲ့သဖြင့် ဆိုင်ရှင် ဦးမြင့်မောင်က မုံရွာနယ်မြေရဲစခန်းသို့သွားရောက်၍ အမှုရေးဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါ တိုင်တန်းချက်အား မုံရွာနယ်မြေရဲစခန်း(ပ) ၇၄၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၄၂၇/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:KoToe ChinDween




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top