Property Expo
×

 ေဆာင္း ရာသီ တြင္ ၿဖစ္တက္သည့္ ေျခဖေနာင့္ ကြဲအက္ျခင္း ........
ေၿခဖေနာင္႔ ကြဲအက္ၿခင္း သည္ အေရျပား အလြန္အမင္း ေျခာက္ေသြ႕ျခင္းေၾကာင့္ျဖစ္ရ တဲ့ လကၡဏာ တစ္ခု ျဖစ္ပါတယ္။ အက္ကြဲေၾကာင္းေတြ ဟာ ပိုၿပီး အရာထင္မႈ နက္႐ိႈင္း လာခဲ့ရင္ အေျခအေန ပိုဆိုး လာ ၿပီ ျဖစ္ ပါတယ္။ လူ အေတာ္မ်ားမ်ား ဟာ အေျခအေန ဆိုးတဲ့ အခါေရာက္မွ သာလွ်င္ ကုသမႈ ခံယူဖို႔ ၿပဳလုပ္ လာေလ့ရွိပါတယ္။

 ေတာ္႐ံုအက္ကြဲမႈ ဖေနာင့္ ကိုေတာ့ ေဘာက္ဆတ္ဆတ္ နင္းၿပီး ေလွ်ာက္လွမ္း လို႔ ေနေလ့ ရွိပါတယ္။ ဘာမွ မၿဖစ္ေသးပါဘူး ေလွ်ာက္လုိ ့ရပါတယ္ ဆုိၿပီး လမ္း ဆက္ေလွ်ာက္မယ္ ၿပဳလုပ္ႀကပါတယ္ ။

စတင္ၿဖစ္ေပၚလာၿခင္း ….
 ေျခာက္ေသြ႕မႈ မ်ားျခင္း၊ ဖေနာင့္ဟာ ပြတ္တိုက္မႈ မ်ားျခင္း၊ ဖေနာင့္ ရွိ အေရျပား မာမာ ထူထူ မ်ားဟာ အခ်ိန္ ရွိ သေရြ႕ ပြတ္တိုက္မႈ ခံေနရျခင္း၊ ဖိအား ခံေနရျခင္း၊ ဆီးခ်ိဳ  ရွိေနျခင္း၊ ယားနာ ရွိေနျခင္း၊ လမ္းေလွ်ာက္ ပံု၊ လမ္းေလွ်ာက္ နည္း မွန္ကန္မႈ မရွိျခင္း၊ ဝန္ပို ပစၥည္းမ်ား မၾကာခဏ သယ္ေဆာင္ရေလ့ ရွိျခင္း၊ ဖုန္မႈန္႔ သဲမ်ားႏွင့္ ထိေတြ႕မႈ မ်ားျခင္း၊ ေသြး လည္ပတ္စီးဆင္းမႈ အားနည္းျခင္း၊ အလုပ္ခြင္ မွာ ပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္ အခ်ိန္ၾကာေညာင္းစြာ ရပ္ေနရျခင္း တို႔ေၾကာင့္ပဲ ျဖစ္ပါတယ္။

လြဲမွားစြာ လုပ္ေဆာင္ၿခင္း ……
လြဲမွားစြာလုပ္ေဆာင္ခ်က္ေတြ လည္း ေတြ ့ရွိေနရပါတယ္ ေရခ်ဳိးသည့္ အခါ ကြဲေနေသာ ေၿခဖေနာင့္ေနရာ ကုိ ႀကမ္းတမ္းေသာ ႀကမ္းၿပင္ ၊ အုတ္ခဲက်ဳိး တုိ ့ၿဖင့္ ပြတ္တုိက္ၿခင္း ကုိ ၿပဳလုပ္ႀကပါတယ္ ။ ဒီလုိ လုပ္ေဆာင္ ခ်က္ေႀကာင့္ ဆုိးရြားေသာ အက်ဳိးဆက္ေတြၿဖစ္ေပၚေစပါတယ္ ။ အခုလုိ လုပ္ေဆာင္ပါက ကြဲေနေသာ ေနရာ တြင္ ေသြးစိမ္း မ်ား စိမ့္ထြက္ လာၿပီး ပုိး ကုိ အလြယ္ တစ္ကူ ဝင္ေရာက္ ေရာင္ရမ္း လာႏုိင္ပါေစတယ္ ။


 ကုသၿခင္း လည္း ႀကာၿပီး လမ္းေလွ်ာက္သည့္ အခါတြင္ ပုိမုိ ဆိုးရြားစြာ ခံစားမွဳ ့ၿဖစ္ေပၚေစၿပီး ေရာင္ရမ္း နာက်င္ လာေစပါတယ္ ။ ဒါကုိေတာ့ အထူး သတိၿဖင့္ ၿပဳလုပ္ရန္ မသင့္ေလွ်ာ္ေသာ လုပ္ေဆာင္ခ်က္ တစ္ရပ္ ၿဖစ္ပါတယ္ ။

ကုသနည္း ..........
အထိေရာက္ဆံုး ကုသနည္း ကေတာ့ ေျခေထာက္ကို moisturizer လိမ္းၿပီး ေျခအိတ္ စြပ္ထား တာပဲ ျဖစ္ ပါ တယ္။ မအိပ္ခင္ လည္း ဆီ လိမ္းၿပီး ေျခအိတ္ ထူထူေလး ဝတ္ေပးသင့္ ပါတယ္။ လိမ္းဆီ အျဖစ္ အလြယ္ဆံုး နဲ႔ ေစ်းအေပါဆံုး ဆီကေတာ့ အုန္းဆီ ပဲျဖစ္ပါတယ္။ ထပ္မံၿပီးေတာ့လည္း ပ်ားရည္ နဲ ႔ႏြားႏို႔ သံုးၿပီးေတာ့ လည္း ေျခဖေနာင့္ အက္တာကို ကုသႏိုင္ပါတယ္။

ပ်ားရည္ တစ္ခြက္၊ ႏြားႏို႔ႏွစ္ခြက္ေရာၿပီး ေျခေထာက္ ကို စိမ္ေပးရမွာ ျဖစ္ပါတယ္။ ၁၅ မိနစ္ခန္႔ စိမ္ေပး ၿပီး ေျခေထာက္ ကို ႏွိပ္နယ္ေပးပါ။ ေျခဖေနာင့္ ကြဲေနစဥ္မွာ တစ္ကယ္လို႔ ျဖစ္ႏိုင္ရင္ ေရကိုေန႔စဥ္ မခ်ိဳးပါနဲ႔။ တစ္ေန ႔ကို တစ္ႀကိမ္ထက္ လည္း ပိုမခ်ိဳးမိေစပါနဲ႔။

 ေရခ်ိဳးရင္ လည္း စိမ္ၿပီး မခ်ိဳးပါနဲ႔။ ခပ္သုတ္သုတ္ေလး ခ်ိဳးေပးပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကိုယ္ျပင္ ပရွိ ေရေတြ ဟာ ကိုယ္ခႏၶာေပၚ ရွိ အစိုဓာတ္ မ်ားကို ေဆးေၾကာသြားၿပီး အစုိဓာတ္ ကို ျပန္႔ လႊင့္ေစလို႔ျဖစ္ ပါတယ္။ ေျခ ဖေနာင့္ ကြဲတာဟာ အရမ္းျပင္းထန္ေနတယ္ ဆိုရင္ ေျခတံုးလံုး နဲ႔ လမ္းေလွ်ာက္ျခင္း ကို လံုးဝေရွာင္ ရွားေပး ရမွာ ျဖစ္ပါတယ္။

 ေန႔စဥ္ ျပဳလုပ္ေပးရမယ့္ နည္း ကေတာ့ ဆပ္ျပာ စိမ္ထားတဲ့ ေရေႏြးေႏြး ထဲမွာ ေျခေထာက္ ကို ၁၅ မိနစ္ခန္႔ စိမ္ေပးရမွာ ျဖစ္ပါတယ္။ အပ်င္း မႀကီးဘဲ အိပ္ရာ ဝင္ခါနီးတိုင္း ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။

ကာကြယ္ၿခင္း အဆင့္ .........
 ၿဖစ္ေပၚလာမွ ကုသၿခင္းထက္ ႀကိဳတင္ ကာကြယ္ထားတာ ပိုၿပီးေကာင္းမြန္ပါတယ္ လုိ ့လည္း ေၿပာပါရေစ ။ ေျခဖေနာင့္ ကြဲအက္ျခင္း ဟာ ကိုယ္တြင္း ရွိ အာဟာရဓာတ္ မ်ား ခ်ိဳ႕တဲ့ျခင္းေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အစား အေသာက္နည္းျခင္း၊ ခႏၶာကိုယ္ က လိုအပ္တဲ့ ဇင့္ဓာတ္ မရရွိျခင္း၊ မရွိမျဖစ္ အိုမီဂါ-၃ အက္ဆစ္ ခ်ိဳ႕ တဲ့ျခင္းတို႔ေၾကာင့္ ေျခဖေနာင့္ဟာ အက္ကြဲရတတ္ပါတယ္။

 ေဖာ္ၿပပါ ဓာတ္မ်ား ခ်ိဳ႕တဲ့ ပါက ေျခဖေနာင့္ အက္ကြဲျခင္း အျပင္ တစ္ၿခားေသာအသားရည္ ေျခာက္ေသြ႕ျခင္း မ်ား ပါ ျဖစ္ေပၚလာ တတ္ပါတယ္။

စားသင့္ေသာ အစား အေသာက္မ်ား ……………..
ဇင့္ဓာတ္ႂ ကြယ္ဝတဲ့ အစား အေသာက္မ်ားျဖစ္တဲ့ ပင္လယ္ခ႐ု၊ ၾကက္သား၊ ပဲ၊ ေထာပတ္၊ ဒိန္ခ်ဥ္ နဲ႔ ငါး တို႔ကို စားေသာက္ေပးရပါမယ္။ တစ္ၿ ခား အေရးႀကီးတဲ့ ဗီတာမင္ မ်ားနဲ႔ သတၱဳဓာတ္မ်ား ကေတာ့ ဗီတာမင္အီး၊ ကယ္လ္စီယမ္ ဓာတ္၊ သံဓာတ္ မ်ားကို ျပည့္ဝေအာင္ ျဖည့္တင္းေပးရမွာ ျဖစ္ပါတယ္။

ကယ္လ္စီယမ္ဓာတ္ ကိုေတာ့ ႏို႔ထြက္ ပစၥည္း ေတြမွာ အဓိက ေတြ႕ရွိႏိုင္ပါတယ္။ ဗီတာမင္အီး ကို အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ မ်ားနဲ႔ ဂ်ံဳထြက္ ပစၥည္းေတြမွာ ေတြ႕ရွိႏိုင္ပါတယ္။ အာဟာရ နဲ႔ ဗီတာမင္ ဓာတ္ေတြျပည့္ဝေအာင္ စားသံုးေပး႐ံု မက ေအာက္ပါ အခ်က္မ်ား ကိုလည္း ဂ႐ုတစ္စိုက္ နဲ႔ လိုက္နာဆင္ျခင္ ရင္ျဖင့္ ေျခဖေနာင့္ အက္ကြဲျခင္း ကို အထိေရာက္ဆံုး ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

 ေၿခေထာက္ကို အၿမဲ သန္႔ရွင္း စင္ၾကယ္ေနေစရန္ ဂ႐ုစိုက္ပါ။
 ေျခေထာက္ေလ့က်င့္ခန္းမွန္မွန္ျပဳလုပ္ေပးပါ။ ေျခေထာက္ပိုင္း ေသြးစီးဆင္းမႈ ေကာင္းမြန္ေစဖို႔ ျဖစ္ပါတယ္။
 ေန႔စဥ္ ေျခေထာက္ သန္႔ရွင္းေရး နဲ႔ အသားအေရ စုိၿပည္ေစဖို႔ ထိန္းသိမ္းပါ။
 ေျခေထာက္ ကို ေရေႏြးနဲ႔ တစ္လွည့္၊ ေရေအး နဲ႔ တစ္လွည့္ စိမ္ေပးပါ။
 ေရခ်ိဳးၿပီးတိုင္း ေျခေထာက္ ကို အလွဆီ (moisturizer ) နဲ႔ ပြတ္လိမ္းေပးရမွာ ျဖစ္ပါတယ္။ အေရျပား ေျခာက္ေသြ႕ အက္ကြဲျခင္း မ်ားသည္ ခႏၶာကိုယ္ ရွိ ေရဓာတ္ လံုေလာက္ျပည့္ဝမႈ မရွိျခင္းေၾကာင့္ လည္း ျဖစ္ေပရာ ေရဓာတ္ျပည့္ဝေနေစရန္ ေသာက္သံုး ထားေပးရပါမယ္။

 ေဆာင္းရာသီတြင္ ေရေသာက္နည္း တတ္ပါတယ္ ။ ဒါေႀကာင့္ ေရေသာက္ၿခင္း ကုိ မ်ားမ်ား ေသာက္ေပးပါ လုိ ့ အႀကံ ့ၿပဳ ့ေရးသားရင္း ….နာက်င္ မဲ့စြာ ေလွ်ာက္လွမ္းႏုိင္ေသာ ေၿခလွမ္းေလးမ်ား ၿဖစ္ႀကပါေစ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Inspire Myanmar


#Unicode Version ဆောင်း ရာသီ တွင် ဖြစ်တက်သည့် ခြေဖနောင့် ကွဲအက်ခြင်း ........
ခြေဖနောင့် ကွဲအက်ခြင်း သည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရ တဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အက်ကွဲကြောင်းတွေ ဟာ ပိုပြီး အရာထင်မှု နက်ရှိုင်း လာခဲ့ရင် အခြေအနေ ပိုဆိုး လာ ပြီ ဖြစ် ပါတယ်။ လူ အတော်များများ ဟာ အခြေအနေ ဆိုးတဲ့ အခါရောက်မှ သာလျှင် ကုသမှု ခံယူဖို့ ပြုလုပ် လာလေ့ရှိပါတယ်။

 တော်ရုံအက်ကွဲမှု ဖနောင့် ကိုတော့ ဘောက်ဆတ်ဆတ် နင်းပြီး လျှောက်လှမ်း လို့ နေလေ့ ရှိပါတယ်။ ဘာမှ မဖြစ်သေးပါဘူး လျှောက်လို့ရပါတယ် ဆိုပြီး လမ်း ဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။

စတင်ဖြစ်ပေါ်လာခြင်း ….
 ခြောက်သွေ့မှု များခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှု များခြင်း၊ ဖနောင့် ရှိ အရေပြား မာမာ ထူထူ များဟာ အချိန် ရှိ သရွေ့ ပွတ်တိုက်မှု ခံနေရခြင်း၊ ဖိအား ခံနေရခြင်း၊ ဆီးချို  ရှိနေခြင်း၊ ယားနာ ရှိနေခြင်း၊ လမ်းလျှောက် ပုံ၊ လမ်းလျှောက် နည်း မှန်ကန်မှု မရှိခြင်း၊ ဝန်ပို ပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ ရှိခြင်း၊ ဖုန်မှုန့် သဲများနှင့် ထိတွေ့မှု များခြင်း၊ သွေး လည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင် မှာ ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

လွဲမှားစွာ လုပ်ဆောင်ခြင်း ……
လွဲမှားစွာလုပ်ဆောင်ချက်တွေ လည်း တွေ့ရှိနေရပါတယ် ရေချိုးသည့် အခါ ကွဲနေသော ခြေဖနောင့်နေရာ ကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုး တို့ဖြင့် ပွတ်တိုက်ခြင်း ကို ပြုလုပ်ကြပါတယ် ။ ဒီလို လုပ်ဆောင် ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် ။ အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာ တွင် သွေးစိမ်း များ စိမ့်ထွက် လာပြီး ပိုး ကို အလွယ် တစ်ကူ ဝင်ရောက် ရောင်ရမ်း လာနိုင်ပါစေတယ် ။


 ကုသခြင်း လည်း ကြာပြီး လမ်းလျှောက်သည့် အခါတွင် ပိုမို ဆိုးရွားစွာ ခံစားမှု့ဖြစ်ပေါ်စေပြီး ရောင်ရမ်း နာကျင် လာစေပါတယ် ။ ဒါကိုတော့ အထူး သတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက် တစ်ရပ် ဖြစ်ပါတယ် ။

ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်း ကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထား တာပဲ ဖြစ် ပါ တယ်။ မအိပ်ခင် လည်း ဆီ လိမ်းပြီး ခြေအိတ် ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီ အဖြစ် အလွယ်ဆုံး နဲ့ ဈေးအပေါဆုံး ဆီကတော့ အုန်းဆီ ပဲဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ပျားရည် နဲ့နွားနို့ သုံးပြီးတော့ လည်း ခြေဖနောင့် အက်တာကို ကုသနိုင်ပါတယ်။

ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက် ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေး ပြီး ခြေထောက် ကို နှိပ်နယ်ပေးပါ။ ခြေဖနောင့် ကွဲနေစဉ်မှာ တစ်ကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ် မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက် လည်း ပိုမချိုးမိစေပါနဲ့။

 ရေချိုးရင် လည်း စိမ်ပြီး မချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ပြင် ပရှိ ရေတွေ ဟာ ကိုယ်ခန္ဓာပေါ် ရှိ အစိုဓာတ် များကို ဆေးကြောသွားပြီး အစိုဓာတ် ကို ပြန့် လွှင့်စေလို့ဖြစ် ပါတယ်။ ခြေ ဖနောင့် ကွဲတာဟာ အရမ်းပြင်းထန်နေတယ် ဆိုရင် ခြေတုံးလုံး နဲ့ လမ်းလျှောက်ခြင်း ကို လုံးဝရှောင် ရှားပေး ရမှာ ဖြစ်ပါတယ်။

 နေ့စဉ် ပြုလုပ်ပေးရမယ့် နည်း ကတော့ ဆပ်ပြာ စိမ်ထားတဲ့ ရေနွေးနွေး ထဲမှာ ခြေထောက် ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်း မကြီးဘဲ အိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း အဆင့် .........
 ဖြစ်ပေါ်လာမှ ကုသခြင်းထက် ကြိုတင် ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ် လို့လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်း ရှိ အာဟာရဓာတ် များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစား အသောက်နည်းခြင်း၊ ခန္ဓာကိုယ် က လိုအပ်တဲ့ ဇင့်ဓာတ် မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့ တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။

 ဖော်ပြပါ ဓာတ်များ ချို့တဲ့ ပါက ခြေဖနောင့် အက်ကွဲခြင်း အပြင် တစ်ခြားသောအသားရည် ခြောက်သွေ့ခြင်း များ ပါ ဖြစ်ပေါ်လာ တတ်ပါတယ်။

စားသင့်သော အစား အသောက်များ ……………..
ဇင့်ဓာတ်ြ ကွယ်ဝတဲ့ အစား အသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ် နဲ့ ငါး တို့ကို စားသောက်ပေးရပါမယ်။ တစ်ြ ခား အရေးကြီးတဲ့ ဗီတာမင် များနဲ့ သတ္တုဓာတ်များ ကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ် ဓာတ်၊ သံဓာတ် များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။

ကယ်လ်စီယမ်ဓာတ် ကိုတော့ နို့ထွက် ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။ ဗီတာမင်အီး ကို အစိမ်းရောင် ဟင်းသီးဟင်းရွက် များနဲ့ ဂျုံထွက် ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ အာဟာရ နဲ့ ဗီတာမင် ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံ မက အောက်ပါ အချက်များ ကိုလည်း ဂရုတစ်စိုက် နဲ့ လိုက်နာဆင်ခြင် ရင်ဖြင့် ခြေဖနောင့် အက်ကွဲခြင်း ကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 ခြေထောက်ကို အမြဲ သန့်ရှင်း စင်ကြယ်နေစေရန် ဂရုစိုက်ပါ။
 ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
 နေ့စဉ် ခြေထောက် သန့်ရှင်းရေး နဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။
 ခြေထောက် ကို ရေနွေးနဲ့ တစ်လှည့်၊ ရေအေး နဲ့ တစ်လှည့် စိမ်ပေးပါ။
 ရေချိုးပြီးတိုင်း ခြေထောက် ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အရေပြား ခြောက်သွေ့ အက်ကွဲခြင်း များသည် ခန္ဓာကိုယ် ရှိ ရေဓာတ် လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့် လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံး ထားပေးရပါမယ်။

 ဆောင်းရာသီတွင် ရေသောက်နည်း တတ်ပါတယ် ။ ဒါကြောင့် ရေသောက်ခြင်း ကို များများ သောက်ပေးပါ လို့ အကြံ့ပြု့ရေးသားရင်း ….နာကျင် မဲ့စွာ လျှောက်လှမ်းနိုင်သော ခြေလှမ်းလေးများ ဖြစ်ကြပါစေ ။


ဖိုးသူတော် (www.phothutaw.com)
Credit:Inspire Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top