Property Expo
×

အေမရိကန္ ရက္ပ္အဆုိေတာ္ ေဒါက္တာ ဒေရးက ၎၏ရည္းစားေဟာင္း ကို ႐ိုက္ႏွက္သူအျဖစ္ ပံုေဖာ္႐ိုက္ ကူးထားေသာ ႐ုပ္သံဇာတ္လမ္း သာ ထုတ္လႊင့္ျပသပါ က တရားစြဲမည္ဟု ရွင္းရွင္းလင္းလင္း ေျပာ ၾကားလိုက္သည္။

Sony Pictures ကုမၸဏီက ''Surviving Comption: Dre, Suge & Michel'le'' အမည္ရ ဇာတ္ကားကုိ လာမည့္သီတင္း ပတ္တြင္ ထုတ္လႊင့္ျပသရန္ စီ စဥ္ထားသည္။ ယင္းဇာတ္လမ္း သည္ ေဒါက္တာဒေရးအား အမ်ဳိး သမီးတစ္ဦးကို  ႐ိုက္ႏွက္သူ တစ္ဦးအျဖစ္ ပံုေဖာ္႐ိုက္ကူးထားသည္။

ေဒါက္တာဒေရး၏ ေရွ႕ေန အဖြဲ႕က ယင္းကိစၥႏွင့္ပတ္သက္၍ တရား႐ံုးသို႔ တင္ျပထားၿပီး ဆိုနီ ကုမၸဏီသည္ တရားစြဲဆိုမခံလိုပါက ယင္းဇာတ္ကားထုတ္ လႊင့္ျပသမည့္ အစီအစဥ္ကို ႐ုတ္သိမ္းရန္ သတိေပးေတာင္း ဆိုစာ ပို႔ထားသည္။

ယင္းစာတြင္ ဒေရးက ခ်စ္သူမီခ်ဲလ္လီအေပၚ ေစာ္ကားခဲ့သည္ ဆိုျခင္းကို ျငင္းဆိုထားၿပီး လြန္ခဲ့ ေသာ   ႏွစ္(၃၀)က  ခ်စ္ႀကိဳက္ခဲ့စဥ္ မီခ်ဲလ္လီက ဒေရး၏ ေစာ္ကားျခင္း (သို႔မဟုတ္) အၾကမ္းဖက္ခံခဲ့ရသည္ဟု  ေျပာၾကားခဲ့ ျခင္းမရွိေၾကာင္း  ေဖာ္ျပထား သည္။ ထို႔အျပင္ မီခ်ဲလ္လီသည္ ေဆးကုသမႈ ခံယူခဲ့ရျခင္း (သို႔ မဟုတ္) ရဲတပ္ဖြဲ႕သို႔ တိုင္ၾကားခဲ့ ျခင္းမရွိဟု ယင္းစာ၌ ေဖာ္ျပထား သည္။ အဆိုပါ ဇာတ္လမ္းတြင္ ေဒါက္တာဒေရးကို အလြန္ အၾကမ္းဖက္တတ္သူအျဖစ္ ပံုေဖာ္ထားၿပီး မီခ်ဲလ္လီကို ဆံပင္ဆြဲကာ မ်က္ ႏွာကို လက္သီးျဖင့္ ထုိးၿပီး ေသနတ္ျဖင့္ ထုတ္ခ်ိန္ပံုမ်ားပါဝင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အမေရိကန် ရက်ပ်အဆိုတော် ဒေါက်တာ ဒရေးက ၎င်း၏ရည်းစားဟောင်း ကို ရိုက်နှက်သူအဖြစ် ပုံဖော်ရိုက် ကူးထားသော ရုပ်သံဇာတ်လမ်း သာ ထုတ်လွှင့်ပြသပါ က တရားစွဲမည်ဟု ရှင်းရှင်းလင်းလင်း ပြော ကြားလိုက်သည်။

Sony Pictures ကုမ္ပဏီက ''Surviving Comption: Dre, Suge & Michel'le'' အမည်ရ ဇာတ်ကားကို လာမည့်သီတင်း ပတ်တွင် ထုတ်လွှင့်ပြသရန် စီ စဉ်ထားသည်။ ယင်းဇာတ်လမ်း သည် ဒေါက်တာဒရေးအား အမျိုး သမီးတစ်ဦးကို  ရိုက်နှက်သူ တစ်ဦးအဖြစ် ပုံဖော်ရိုက်ကူးထားသည်။

ဒေါက်တာဒရေး၏ ရှေ့နေ အဖွဲ့က ယင်းကိစ္စနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြထားပြီး ဆိုနီ ကုမ္ပဏီသည် တရားစွဲဆိုမခံလိုပါက ယင်းဇာတ်ကားထုတ် လွှင့်ပြသမည့် အစီအစဉ်ကို ရုတ်သိမ်းရန် သတိပေးတောင်း ဆိုစာ ပို့ထားသည်။

ယင်းစာတွင် ဒရေးက ချစ်သူမီချဲလ်လီအပေါ် စော်ကားခဲ့သည် ဆိုခြင်းကို ငြင်းဆိုထားပြီး လွန်ခဲ့ သော   နှစ်(၃၀)က  ချစ်ကြိုက်ခဲ့စဉ် မီချဲလ်လီက ဒရေး၏ စော်ကားခြင်း (သို့မဟုတ်) အကြမ်းဖက်ခံခဲ့ရသည်ဟု  ပြောကြားခဲ့ ခြင်းမရှိကြောင်း  ဖော်ပြထား သည်။ ထို့အပြင် မီချဲလ်လီသည် ဆေးကုသမှု ခံယူခဲ့ရခြင်း (သို့ မဟုတ်) ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ ခြင်းမရှိဟု ယင်းစာ၌ ဖော်ပြထား သည်။ အဆိုပါ ဇာတ်လမ်းတွင် ဒေါက်တာဒရေးကို အလွန် အကြမ်းဖက်တတ်သူအဖြစ် ပုံဖော်ထားပြီး မီချဲလ်လီကို ဆံပင်ဆွဲကာ မျက် နှာကို လက်သီးဖြင့် ထိုးပြီး သေနတ်ဖြင့် ထုတ်ချိန်ပုံများပါဝင်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top