Kantharyar Centre
×

အေမရိကန္ဆရာဝန္ႀကီး မ်ားက ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာ ေခါင္ကြဲ ကေလးငယ္မ်ားအား ဝိတုိရိယေဆး႐ံုတြင္ ၁၀ ရက္တိုင္ အခမဲ့ ခြဲစိတ္ကုသေပးမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္၊ မႏၲေလးအပါအဝင္ ဧရာဝတီတုိင္း၊ ပဲခူးတုိင္း၊ မြန္ ျပည္နယ္၊ ရခုိင္၊ စစ္ကိုင္း၊ ကခ်င္၊ေနျပည္ေတာ္ႏွင့္ ခ်င္းျပည္နယ္တုိ႔ မွ ေမြးရာပါႏႈတ္ခမ္းကြဲ၊ အာေခါင္ ကြဲကေလးငယ္မ်ားအား ေအာက္ တိုဘာ ၁၈ ရက္မွ ၂၈ ရက္အထိ အခမဲ့ခြဲစိတ္ကုသမႈေပးမည္ျဖစ္ ေၾကာင္း ဝိတိုရိယေဆး႐ံုႀကီးမွ အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္ တာေအးေအးစန္းက ေျပာသည္။

‘‘ကေလးငယ္တစ္ရာေက်ာ္ ကို အခမဲ့ခြဲေပးသြားမွာပါ။ နယ္ ေဝးကေန ေရာက္လာတဲ့ လူနာနဲ႔ လူနာရွင္ေတြအတြက္လည္း တည္းခိုဖို႔ေနရာေတြေရာ၊ စား စရိတ္ေတြေရာပဲ အကုန္အခမဲ့ ပါ။ ႏွစ္တုိင္းလုပ္ေပးဖို႔ရွိတယ္။ စမ္းသပ္ခ်င္တယ္ဆုိရင္လည္း လက္ခံေပးတယ္’’ဟု ၎က ေျပာ သည္။


ယင္းအစီအစဥ္ကို အေမရိ ကန္ႏုိင္ငံ Alliance for Smiles Organization မွ ဆရာဝန္ႀကီး မ်ားႏွင့္ ျမန္မာႏုိင္ငံမွ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကု ဆရာဝန္ႀကီးမ်ားက ခြဲစိတ္ကုသ မည္ျဖစ္သည္။

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲဆုိ သည္မွာ ေမြးရာပါႏႈတ္ခမ္း (သို႔ မဟုတ္) အာေခါင္တြင္ေသာ္ လည္းေကာင္း၊ ႏွစ္ခုစလံုးတြင္ ေသာ္လည္းေကာင္း အက္ကြဲ ေၾကာင္းရွိေနျခင္းျဖစ္သည္။ အဆုိပါႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးမ်ား ေမြးဖြားလာႏုိင္ေျခ မွာ ကေလးဦးေရ ၇၀၀ တြင္ တစ္ဦးႏႈန္းျဖစ္ၿပီး အာရွတိုက္ႏွင့္ အိႏၵိယ၊ အေမရိကန္မ်ိဳးႏြယ္စု ကေလးသူငယ္မ်ား၌ ပိုမိုအျဖစ္ မ်ားသည္။

အဆုိပါေရာဂါမ်ားသည္ မ်ိဳး႐ိုးလိုက္ျခင္း၊ ကိုယ္ဝန္ဆာင္စဥ္ ကာလတြင္ မိခင္က အရက္၊ ေဆး လိပ္၊ မူးယစ္ေဆးသံုးစြဲျခင္း၊ ကိုယ္ဝန္ေဆာင္စဥ္ မိခင္၌ ဗုိင္းရပ္စ္ပိုး၊ ဓာတုပစၥည္းမ်ား၊ ပိုးသတ္ေဆး၊ ခဲအဆိပ္သင့္ျခင္း၊ သတၱဳအဆိပ္ သင့္ျခင္း စသည္တုိ႔ေၾကာင့္ အာေခါင္ကြဲ၊ ႏႈတ္ခမ္းကြဲကေလးငယ္ မ်ား ေမြးဖြားလာႏုိင္ၿပီး အဆုိပါ ခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ ကေလးငယ္မ်ားတြင္ ေနာက္ဆက္တြဲဆုိး က်ိဳးအျဖစ္ အၾကားအာ႐ံုထိခိုက္ ၍ နားမၾကားသည္အထိ ျဖစ္ႏုိင္ ေၾကာင္း ဆရာဝန္ႀကီးမ်ားက ဆုိသည္။

‘‘သားဖြားဆရာမက ေျပာလို႔ ေရာက္လာတာပါ။ ကေလးက တစ္ႏွစ္နဲ႔ ေလးလပဲရွိေသးတယ္။ ေမြးကတည္းက ျဖစ္လာတာ။ ကိုယ့္ဘာသာကိုယ္ဆုိ ပိုက္ဆံက လည္း မရွိဘူးေလ။ အခုက အခမဲ့ ဆုိေတာ့ လာရတာေပါ့။ ဘာပဲ ေျပာေျပာ ကိုယ့္ကေလးျပန္ ေကာင္းမယ္။ ပိုက္ဆံလည္း မကုန္ဘူးဆိုေတာ့ ေပ်ာ္တာေပါ့။ ဝမ္း သာတယ္’’ဟု တုိက္ႀကီးၿမိဳ႕နယ္ ေန ႏႈတ္ခမ္းကြဲကေလးငယ္၏ မိခင္ ေဒၚသင္းသင္းဦးက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အမေရိကန်ဆရာဝန်ကြီး များက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာ ခေါင်ကွဲ ကလေးငယ်များအား ဝိတိုရိယဆေးရုံတွင် ၁၀ ရက်တိုင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်၊ ရခိုင်၊ စစ်ကိုင်း၊ ကချင်၊နေပြည်တော်နှင့် ချင်းပြည်နယ်တို့ မှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးငယ်များအား အောက် တိုဘာ ၁၈ ရက်မှ ၂၈ ရက်အထိ အခမဲ့ခွဲစိတ်ကုသမှုပေးမည်ဖြစ် ကြောင်း ဝိတိုရိယဆေးရုံကြီးမှ အမှုဆောင်အရာရှိချုပ် ဒေါက် တာအေးအေးစန်းက ပြောသည်။

‘‘ကလေးငယ်တစ်ရာကျော် ကို အခမဲ့ခွဲပေးသွားမှာပါ။ နယ် ဝေးကနေ ရောက်လာတဲ့ လူနာနဲ့ လူနာရှင်တွေအတွက်လည်း တည်းခိုဖို့နေရာတွေရော၊ စား စရိတ်တွေရောပဲ အကုန်အခမဲ့ ပါ။ နှစ်တိုင်းလုပ်ပေးဖို့ရှိတယ်။ စမ်းသပ်ချင်တယ်ဆိုရင်လည်း လက်ခံပေးတယ်’’ဟု ၎င်းက ပြော သည်။


ယင်းအစီအစဉ်ကို အမေရိ ကန်နိုင်ငံ Alliance for Smiles Organization မှ ဆရာဝန်ကြီး များနှင့် မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ကုသ မည်ဖြစ်သည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆို သည်မှာ မွေးရာပါနှုတ်ခမ်း (သို့ မဟုတ်) အာခေါင်တွင်သော် လည်းကောင်း၊ နှစ်ခုစလုံးတွင် သော်လည်းကောင်း အက်ကွဲ ကြောင်းရှိနေခြင်းဖြစ်သည်။ အဆိုပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများ မွေးဖွားလာနိုင်ခြေ မှာ ကလေးဦးရေ ၇၀၀ တွင် တစ်ဦးနှုန်းဖြစ်ပြီး အာရှတိုက်နှင့် အိန္ဒိယ၊ အမေရိကန်မျိုးနွယ်စု ကလေးသူငယ်များ၌ ပိုမိုအဖြစ် များသည်။

အဆိုပါရောဂါများသည် မျိုးရိုးလိုက်ခြင်း၊ ကိုယ်ဝန်ဆာင်စဉ် ကာလတွင် မိခင်က အရက်၊ ဆေး လိပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဗိုင်းရပ်စ်ပိုး၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး၊ ခဲအဆိပ်သင့်ခြင်း၊ သတ္တုအဆိပ် သင့်ခြင်း စသည်တို့ကြောင့် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲကလေးငယ် များ မွေးဖွားလာနိုင်ပြီး အဆိုပါ ချို့ယွင်းချက်များကြောင့် ကလေးငယ်များတွင် နောက်ဆက်တွဲဆိုး ကျိုးအဖြစ် အကြားအာရုံထိခိုက် ၍ နားမကြားသည်အထိ ဖြစ်နိုင် ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။

‘‘သားဖွားဆရာမက ပြောလို့ ရောက်လာတာပါ။ ကလေးက တစ်နှစ်နဲ့ လေးလပဲရှိသေးတယ်။ မွေးကတည်းက ဖြစ်လာတာ။ ကိုယ့်ဘာသာကိုယ်ဆို ပိုက်ဆံက လည်း မရှိဘူးလေ။ အခုက အခမဲ့ ဆိုတော့ လာရတာပေါ့။ ဘာပဲ ပြောပြော ကိုယ့်ကလေးပြန် ကောင်းမယ်။ ပိုက်ဆံလည်း မကုန်ဘူးဆိုတော့ ပျော်တာပေါ့။ ဝမ်း သာတယ်’’ဟု တိုက်ကြီးမြို့နယ် နေ နှုတ်ခမ်းကွဲကလေးငယ်၏ မိခင် ဒေါ်သင်းသင်းဦးက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top