Kantharyar Centre
×

ကနီၿမိဳ႕နယ္ မိေက်ာင္း တြင္းေက်းရြာအနီး ခ်င္းတြင္းျမစ္ အတြင္း ေအာင္စိုးမိုးေက်ာ္ ေရ ယာဥ္နစ္ျမဳပ္မႈေၾကာင့္ ေသဆံုးသူ ၃၁ ဦး၏ ႐ုပ္အေလာင္းမ်ားကို ေအာက္တုိဘာ ၁၇ ရက္တြင္ ထပ္မံဆယ္ယူရရွိခဲ့ေၾကာင္း စစ္ ကိုင္းတုိင္းေဒသႀကီးမီးသတ္ဦးစီး ဌာန႐ံုးမွ သတင္းရရွိသည္။

ေအာက္တုိဘာ ၁၅ ရက္က နစ္ျမဳပ္ခဲ့သည့္ ေအာင္စိုးမိုးေက်ာ္ ေရယာဥ္နစ္ျမဳပ္မႈေၾကာင့္ ေပ်ာက္ဆံုးေနသူမ်ားကို ကနီ၊ ဘုတလင္၊ ဆားလင္းႀကီး၊ မံုရြာ၊ ေခ်ာင္းဦး စသည့္ ခ်င္းတြင္းျမစ္႐ိုး တစ္ ေလွ်ာက္ ၿမိဳ႕နယ္မ်ားတြင္ ဆက္ လက္ရွာေဖြခဲ့ရာ ေအာက္တိုဘာ ၁၇ ရက္ ညေန ၅ နာရီအထိ ေသဆံုးသူအမ်ိဳးသားကိုးဦး၊ အမ်ိဳးသမီး ၂၂ ဦး စုစုေပါင္း ၃၁ ဦး၏႐ုပ္ အေလာင္းမ်ားကို ဆယ္ယူရရွိခဲ့ ေၾကာင္း တိုင္းေဒသႀကီးမီးသတ္ ဦးစီးဌာန ဒုတိယတိုင္းဦးစီးမွဴး ဦးမ်ဳိးထြဋ္ဦးက ေျပာသည္။

အဆိုပါေရယာဥ္နစ္ျမဳပ္မႈမွ ခရီးသည္ ၁၅၇ ဦးအား အသက္ ေဘးမွ ကယ္တင္ႏုိင္ခဲ့ၿပီး ေအာက္တိုဘာ ၁၅ ရက္တြင္ ေသဆံုးသူ ႐ုပ္အေလာင္း ေလးဦး၊ ေအာက္ တုိဘာ ၁၆ ရက္တြင္ ေသဆံုးသူ ႐ုပ္အေလာင္းေလးဦး၊ ေအာက္ တိုဘာ ၁၇ ရက္တြင္ ေသဆံုးသူ ႐ုပ္အေလာင္း ၃၁ ဦး ဆယ္ယူရရွိ ခဲ့သျဖင့္ လက္ရွိ အခ်ိန္ထိ စုစု ေပါင္း ေသဆံုးသူ ၃၉ ဦး၏ ႐ုပ္အေလာင္းမ်ားကို ဆယ္ယူထား ေၾကာင္း သတင္းရရွိသည္။

ေအာင္စိုးမိုးေက်ာ္ေရယာဥ္ သည္ မိေက်ာင္းတြင္းေက်းရြာအနီး အခင္းျဖစ္ပြားရာေနရာႏွင့္ ကိုက္ ၂၀ ခန္႔အကြာ ခ်င္းတြင္းျမစ္အ တြင္း နစ္ျမဳပ္ခဲ့ရာ တုိင္းေဒသႀကီး အစိုးရအဖြဲ႕၏ၫႊန္ၾကားခ်က္ျဖင့္ ရွာေဖြေရးႏွင့္ ျပန္လည္ဆယ္ယူ ေရးလုပ္ငန္းမ်ားကို ေအာက္တို ဘာ ၁၆ ရက္က စတင္ေဆာင္ ရြက္ေနသည္။

‘‘ပိုင္ရွင္ေတြ႕ၿပီးတဲ့အေလာင္းေတြ၊ ရဲက စစ္ခ်က္ယူၿပီးတဲ့ အေလာင္းေတြေတာ့ ေျမျမႇဳပ္လိုက္ၿပီ။ ဒီေန႔ ေမာ္ေတာ္ျမဳပ္တာ သံုးရက္ေျမာက္ေန႔ဆိုေတာ့ ေပ်ာက္ဆံုးေနသူေတြရဲ႕ အေလာင္းေတြ လည္း ေတြ႕တာ ပိုမ်ားလာၿပီ’’ ဟု ကနီၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာသည္။  ေရယာဥ္နစ္ျမဳပ္မႈေၾကာင့္ ေသဆံုးသူတို႔၏ ႐ုပ္အေလာင္း မ်ားဆယ္ယူေရး မီးသတ္တပ္ဖြဲ႕ ဝင္မ်ားႏွင့္အတူ မံုရြာ၊ ကနီ၊ ယင္းမာပင္၊ ဘုတလင္ႏွင့္ ဆားလင္း ႀကီးၿမိဳ႕နယ္တုိ႔မွ လူမႈကူညီေရး အသင္းမ်ားက ပူးေပါင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရွိရသည္။

‘‘ေရယာဥ္နစ္ျမဳပ္မႈေၾကာင့္ ေပ်ာက္ဆံုးေနသူေတြရဲ႕ စာရင္း ကို တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၊ တိုင္းေဒသႀကီး မီးသတ္တပ္ဖြဲ႕ မွဴး၊ တုိင္းေဒသႀကီးလူကယ္ျပန္ ဝန္ႀကီးဌာနက တာဝန္ရွိသူေတြ ေကာက္ယူတာ ရွိပါတယ္။ အဲဒီ အဖြဲ႕က ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ၊ နစ္ျမဳပ္ေနတဲ့ ေရယာဥ္ ဆယ္ယူေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနပါတယ္။ အသက္ရွင္က်န္ ခဲ့သူေတြကိုလည္း ေလွ်ာက္လႊာ တစ္ေစာင္စီေပးၿပီး ေရယာဥ္နစ္ျမဳပ္မႈနဲ႔ပတ္သက္တဲ့ အႀကံျပဳခ်င္ တာေတြကို စာနဲ႔ေရးၿပီး တင္ျပဖို႔ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ တိုက္တြန္းထားတယ္’’ ဟု စစ္ကိုင္းတုိင္းေဒ သႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ၏ကိုယ္ေရးအရာရွိ ဦးမ်ိဳးမင္းဦး က ေျပာသည္။

ကနီၿမိဳ႕နယ္ မိေက်ာင္းတြင္း ေက်းရြာအနီးတြင္ ေအာက္တုိဘာ ၁၅ ရက္ နံနက္ ၅ နာရီခန္႔က ေအာင္စိုးမိုးေက်ာ္ေရယာဥ္သည္ ခရီးသည္ ၁၈၀ ခန္႔ တင္ေဆာင္ လာစဥ္ ေက်ာက္ေဆာင္ကို တိမ္းေရွာင္ေမာင္းႏွင္ရာမွ အရွိန္မထိန္းႏိုင္ဘဲ ေရယာဥ္နစ္ျမဳပ္ခဲ့ေၾကာင္း တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ံုးက ေအာက္တိုဘာ ၁၅ ရက္တြင္ ထုတ္ျပန္သည္။

လက္ရွိတြင္ ေအာက္တိုဘာ ၁၇ ရက္အထိ ေရယာဥ္နစ္ျမဳပ္မႈမွ ေပ်ာက္ဆံုးသူ ၈၀ ဦးခန္႔ရွိေနေသး ေၾကာင္း တုိင္းမီးသတ္ဦးစီးဌာန က ခန္႔မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကနီမြို့နယ် မိကျောင်း တွင်းကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း အောင်စိုးမိုးကျော် ရေ ယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၁ ဦး၏ ရုပ်အလောင်းများကို အောက်တိုဘာ ၁၇ ရက်တွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း စစ် ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနရုံးမှ သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက်က နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူများကို ကနီ၊ ဘုတလင်၊ ဆားလင်းကြီး၊ မုံရွာ၊ ချောင်းဦး စသည့် ချင်းတွင်းမြစ်ရိုး တစ် လျှောက် မြို့နယ်များတွင် ဆက် လက်ရှာဖွေခဲ့ရာ အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီအထိ သေဆုံးသူအမျိုးသားကိုးဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၃၁ ဦး၏ရုပ် အလောင်းများကို ဆယ်ယူရရှိခဲ့ ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမျိုးထွဋ်ဦးက ပြောသည်။

အဆိုပါရေယာဉ်နစ်မြုပ်မှုမှ ခရီးသည် ၁၅၇ ဦးအား အသက် ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် သေဆုံးသူ ရုပ်အလောင်း လေးဦး၊ အောက် တိုဘာ ၁၆ ရက်တွင် သေဆုံးသူ ရုပ်အလောင်းလေးဦး၊ အောက် တိုဘာ ၁၇ ရက်တွင် သေဆုံးသူ ရုပ်အလောင်း ၃၁ ဦး ဆယ်ယူရရှိ ခဲ့သဖြင့် လက်ရှိ အချိန်ထိ စုစု ပေါင်း သေဆုံးသူ ၃၉ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူထား ကြောင်း သတင်းရရှိသည်။

အောင်စိုးမိုးကျော်ရေယာဉ် သည် မိကျောင်းတွင်းကျေးရွာအနီး အခင်းဖြစ်ပွားရာနေရာနှင့် ကိုက် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အ တွင်း နစ်မြုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ရှာဖွေရေးနှင့် ပြန်လည်ဆယ်ယူ ရေးလုပ်ငန်းများကို အောက်တို ဘာ ၁၆ ရက်က စတင်ဆောင် ရွက်နေသည်။

‘‘ပိုင်ရှင်တွေ့ပြီးတဲ့အလောင်းတွေ၊ ရဲက စစ်ချက်ယူပြီးတဲ့ အလောင်းတွေတော့ မြေမြှုပ်လိုက်ပြီ။ ဒီနေ့ မော်တော်မြုပ်တာ သုံးရက်မြောက်နေ့ဆိုတော့ ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေ လည်း တွေ့တာ ပိုများလာပြီ’’ ဟု ကနီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။  ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်း များဆယ်ယူရေး မီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူ မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ဘုတလင်နှင့် ဆားလင်း ကြီးမြို့နယ်တို့မှ လူမှုကူညီရေး အသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

‘‘ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူတွေရဲ့ စာရင်း ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ မှူး၊ တိုင်းဒေသကြီးလူကယ်ပြန် ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကောက်ယူတာ ရှိပါတယ်။ အဲဒီ အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ နစ်မြုပ်နေတဲ့ ရေယာဉ် ဆယ်ယူရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အသက်ရှင်ကျန် ခဲ့သူတွေကိုလည်း လျှောက်လွှာ တစ်စောင်စီပေးပြီး ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်တဲ့ အကြံပြုချင် တာတွေကို စာနဲ့ရေးပြီး တင်ပြဖို့ ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်တွန်းထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၏ကိုယ်ရေးအရာရှိ ဦးမျိုးမင်းဦး က ပြောသည်။

ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီးတွင် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က အောင်စိုးမိုးကျော်ရေယာဉ်သည် ခရီးသည် ၁၈၀ ခန့် တင်ဆောင် လာစဉ် ကျောက်ဆောင်ကို တိမ်းရှောင်မောင်းနှင်ရာမှ အရှိန်မထိန်းနိုင်ဘဲ ရေယာဉ်နစ်မြုပ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိတွင် အောက်တိုဘာ ၁၇ ရက်အထိ ရေယာဉ်နစ်မြုပ်မှုမှ ပျောက်ဆုံးသူ ၈၀ ဦးခန့်ရှိနေသေး ကြောင်း တိုင်းမီးသတ်ဦးစီးဌာန က ခန့်မှန်းထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top