Kantharyar Centre
×


ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ပုဂံေရွးေဟာင္း ေစတီပုထိုးမ်ားအနက္ သာမန္ ပ်က္စီးမႈမ်ား ျဖစ္ပြားခဲ့သည့္ ေစတီပုထုိးအငယ္မ်ားကို အလွဴရွင္မ်ားအား ျပဳျပင္တည္ေဆာက္ လွဴဒါန္းခြင့္ေပးမည္ျဖစ္ၿပီး ထု ထည္ဉာဏ္ေတာ္ ႀကီးမားသည့္ နာမည္ႀကီး ေစတီပုထုိးမ်ားကို ႏိုင္ငံေတာ္အစိုးရက တာဝန္ယူ ျပဳျပင္ တည္ေဆာက္မည္ျဖစ္ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး သူရဦးေအာင္ကိုက ေျပာ ၾကားသည္။

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီး သြားေသာ ပုဂံေရွးေဟာင္းၿမိဳ႕ရွိ ေစတီပုထုိးမ်ား ျပဳျပင္ရန္ အလွဴေငြေပးအပ္သည့္ အခမ္းအနား ကို ေအာက္တုိဘာ ၂၉ ရက္က ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ရာ အဆုိပါပြဲ၌ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက အထက္ပါ အတိုင္း ေျပာၾကားခဲ့သည္။

ၾသဂုတ္ ၂၄ ရက္က လႈပ္ ခတ္ခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ေရွးေဟာင္းပုဂံၿမိဳ႕ရွိ ထုထည္ ဉာဏ္ေတာ္ႀကီးမားသည့္ ေစတီ ပုထုိး ၄၀ ေက်ာ္ ထိခိုက္ပ်က္စီး ၿပီး သာမန္ပ်က္စီးမႈမ်ား ျဖစ္ပြား သည့္ ေစတီပုထုိးအငယ္ ၄၀၀ ခန္႔ ရွိသည္။

‘‘ယူနက္စကိုနဲ႔ က်န္တဲ့ပညာ ရွင္ေတြနဲ႔ ေအာက္တုိဘာ ၂၇ ရက္က အစည္းအေဝး လုပ္ၾကပါ တယ္။ ေနာက္ဆံုး ေလ့လာေတြ႕ရွိတဲ့ အေနအထားေတြကို ေလ့လာဆံုး ျဖတ္ပါတယ္။ သာမန္ပ်က္ စီးတဲ့ ေစတီပုထိုးအငယ္ေတြကို အထူးသျဖင့္ေတာ့ တစ္ဆူခ်င္း (သို႔မဟုတ္) ႏွစ္ဆူ၊ သံုးဆူေပါ့။ ႏိုင္ သေလာက္ အလွဴရွင္မ်ားက ေတာင္းဆိုတာရွိပါတယ္။ ေစတီ ေတာ္တစ္ဆူကို သတ္သတ္မွတ္ မွတ္ ျပင္ပါရေစဆိုၿပီးေပါ့။ ေစတီေတာ္ရဲ႕ နံပါတ္ကို တပ္ၿပီးေတာ့ လွဴႏိုင္ေၾကာင္း ေၾကညာမွာျဖစ္ ပါတယ္။ သံုးတဲ့ အုတ္ကလည္း အတုိင္းအတာ၊ အေရာင္အေသြးကအစ ေရွးေဟာင္းအုတ္ပံုစံျဖစ္ေအာင္ နည္းပညာရွင္မ်ားက ညႇိႏိႈင္းသတ္မွတ္ေပးမွာ ျဖစ္ပါတယ္။ ျပင္ေတာ့လည္း မူလပံုစံ မပ်က္ေအာင္၊ မျမင့္ေအာင္ ျပဳျပင္ေပးရမွာျဖစ္ပါတယ္။ အဲဒါကို ခြင့္ျပဳမွာျဖစ္ပါတယ္။ ထုထည္ဉာဏ္ေတာ္ ႀကီးမားျမင့္မားတဲ့ နာမည္ႀကီးေစတီေတာ္ေတြကို ျမန္မာႏိုင္ငံ ေရွးေဟာင္းက ပညာရွင္ေတြနဲ႔ ႏိုင္ငံတကာပညာရွင္ေတြ ပူးေပါင္းၿပီး အခ်ိန္ယူၿပီးမွ အေသးစိတ္ျပင္ဆင္မွာ ျဖစ္ပါတယ္’’ဟု သူရဦးေအာင္ကိုက ေျပာသည္။

ပုဂံၿမိဳ႕ရွိ ေစတီပုထုိးမ်ား ျပဳျပင္ရန္ အလွဴရွင္မ်ားထံမွ အလွဴေငြ ေလးဘီလီယံေက်ာ္ ရရွိထားေၾကာင္း ဝန္ႀကီးက ဆက္လက္ ေျပာသည္။

‘‘ျပင္ခ်င္တဲ့ ပုဂၢိဳလ္ေတြသည္ပုဂံသာသနာေရး႐ံုးမွာ ဖြင့္ထားတဲ့ ဓမၼစင္တာဆိုတာ ရွိပါတယ္။ အဲဒီမွာ ဆရာေတာ္အရွင္ေဆကိႏၵရဲ႕ ေက်ာင္းေတာ္မွာ ယဥ္ေက်းမႈနဲ႔ ဌာနက ဝန္ထမ္းေတြရွိပါတယ္။ အခါအားေလ်ာ္စြာ ယူနက္စကိုကေပါ့။ ႏုိင္ငံတကာက ဗိသုကာပညာရွင္ေတြရွိပါတယ္။ တစ္ဆူခ်င္းျပင္ခ်င္တဲ့ ပုဂၢိဳလ္ေတြကို အဲဒီ႐ံုးမွာ သြားၿပီးေတာ့ စာရင္းေပးရမယ္။  ေစတီအမွတ္ ဘာညာသိရင္လည္းေစတီအမွတ္နဲ႔ တင္ျပရပါမယ္။ ေစတီနာမည္သိရင္လည္း အဲဒီနာမည္ေပါ့။ နာမည္စာရင္းေပးႏုိင္ပါတယ္’’ဟု ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။

ေစတီပုထိုးမ်ားကို ပ်က္စီးသြားသည့္အတုိင္းသာ ထိန္းသိမ္းျပဳျပင္မည္ျဖစ္ၿပီး အလွဴရွင္မ်ားကို ေစတီပုထိုးမ်ား ျပဳျပင္တည္ေဆာက္ လွဴဒါန္းခြင့္ ေပးမည္မဟုတ္ေၾကာင္း ေရွးေဟာင္းသုေတသနဦးစီးတာဝန္ရွိသူမ်ားက ငလ်င္လႈပ္ခတ္ၿပီး ေနာက္တစ္ရက္တြင္ ေျပာၾကားထားသည္။

ငလ်င္ဒဏ္ၾကာင့္ ပ်က္စီး သြားေသာ ေရွးေဟာင္းပုဂံၿမိဳ႕ ေတာ္ရွိ ေစတီပုထုိးမ်ား ျပန္လည္ ျပဳျပင္မႈကို ၂၀၁၇ ဇန္နဝါရီ ၁ ရက္တြင္ စတင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတိုက္ ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။

လက္ရွိတြင္ အေရးေပၚ ထိန္းသိမ္းမႈအပိုင္းမ်ား ျပဳလုပ္ေနၿပီး ျပန္လည္ျပဳျပင္မႈကို ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ားႏွင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံရှေးဟောင်း စေတီပုထိုးများအနက် သာမန် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် စေတီပုထိုးအငယ်များကို အလှူရှင်များအား ပြုပြင်တည်ဆောက် လှူဒါန်းခွင့်ပေးမည်ဖြစ်ပြီး ထု ထည်ဉာဏ်တော် ကြီးမားသည့် နာမည်ကြီး စေတီပုထိုးများကို နိုင်ငံတော်အစိုးရက တာဝန်ယူ ပြုပြင် တည်ဆောက်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံရှေးဟောင်းမြို့ရှိ စေတီပုထိုးများ ပြုပြင်ရန် အလှူငွေပေးအပ်သည့် အခမ်းအနား ကို အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ရာ အဆိုပါပွဲ၌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

သြဂုတ် ၂၄ ရက်က လှုပ် ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံမြို့ရှိ ထုထည် ဉာဏ်တော်ကြီးမားသည့် စေတီ ပုထိုး ၄၀ ကျော် ထိခိုက်ပျက်စီး ပြီး သာမန်ပျက်စီးမှုများ ဖြစ်ပွား သည့် စေတီပုထိုးအငယ် ၄၀၀ ခန့် ရှိသည်။

‘‘ယူနက်စကိုနဲ့ ကျန်တဲ့ပညာ ရှင်တွေနဲ့ အောက်တိုဘာ ၂၇ ရက်က အစည်းအဝေး လုပ်ကြပါ တယ်။ နောက်ဆုံး လေ့လာတွေ့ရှိတဲ့ အနေအထားတွေကို လေ့လာဆုံး ဖြတ်ပါတယ်။ သာမန်ပျက် စီးတဲ့ စေတီပုထိုးအငယ်တွေကို အထူးသဖြင့်တော့ တစ်ဆူချင်း (သို့မဟုတ်) နှစ်ဆူ၊ သုံးဆူပေါ့။ နိုင် သလောက် အလှူရှင်များက တောင်းဆိုတာရှိပါတယ်။ စေတီ တော်တစ်ဆူကို သတ်သတ်မှတ် မှတ် ပြင်ပါရစေဆိုပြီးပေါ့။ စေတီတော်ရဲ့ နံပါတ်ကို တပ်ပြီးတော့ လှူနိုင်ကြောင်း ကြေညာမှာဖြစ် ပါတယ်။ သုံးတဲ့ အုတ်ကလည်း အတိုင်းအတာ၊ အရောင်အသွေးကအစ ရှေးဟောင်းအုတ်ပုံစံဖြစ်အောင် နည်းပညာရှင်များက ညှိနှိုင်းသတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ပြင်တော့လည်း မူလပုံစံ မပျက်အောင်၊ မမြင့်အောင် ပြုပြင်ပေးရမှာဖြစ်ပါတယ်။ အဲဒါကို ခွင့်ပြုမှာဖြစ်ပါတယ်။ ထုထည်ဉာဏ်တော် ကြီးမားမြင့်မားတဲ့ နာမည်ကြီးစေတီတော်တွေကို မြန်မာနိုင်ငံ ရှေးဟောင်းက ပညာရှင်တွေနဲ့ နိုင်ငံတကာပညာရှင်တွေ ပူးပေါင်းပြီး အချိန်ယူပြီးမှ အသေးစိတ်ပြင်ဆင်မှာ ဖြစ်ပါတယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။

ပုဂံမြို့ရှိ စေတီပုထိုးများ ပြုပြင်ရန် အလှူရှင်များထံမှ အလှူငွေ လေးဘီလီယံကျော် ရရှိထားကြောင်း ဝန်ကြီးက ဆက်လက် ပြောသည်။

‘‘ပြင်ချင်တဲ့ ပုဂ္ဂိုလ်တွေသည်ပုဂံသာသနာရေးရုံးမှာ ဖွင့်ထားတဲ့ ဓမ္မစင်တာဆိုတာ ရှိပါတယ်။ အဲဒီမှာ ဆရာတော်အရှင်ဆေကိန္ဒရဲ့ ကျောင်းတော်မှာ ယဉ်ကျေးမှုနဲ့ ဌာနက ဝန်ထမ်းတွေရှိပါတယ်။ အခါအားလျော်စွာ ယူနက်စကိုကပေါ့။ နိုင်ငံတကာက ဗိသုကာပညာရှင်တွေရှိပါတယ်။ တစ်ဆူချင်းပြင်ချင်တဲ့ ပုဂ္ဂိုလ်တွေကို အဲဒီရုံးမှာ သွားပြီးတော့ စာရင်းပေးရမယ်။  စေတီအမှတ် ဘာညာသိရင်လည်းစေတီအမှတ်နဲ့ တင်ပြရပါမယ်။ စေတီနာမည်သိရင်လည်း အဲဒီနာမည်ပေါ့။ နာမည်စာရင်းပေးနိုင်ပါတယ်’’ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

စေတီပုထိုးများကို ပျက်စီးသွားသည့်အတိုင်းသာ ထိန်းသိမ်းပြုပြင်မည်ဖြစ်ပြီး အလှူရှင်များကို စေတီပုထိုးများ ပြုပြင်တည်ဆောက် လှူဒါန်းခွင့် ပေးမည်မဟုတ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးတာဝန်ရှိသူများက ငလျင်လှုပ်ခတ်ပြီး နောက်တစ်ရက်တွင် ပြောကြားထားသည်။

ငလျင်ဒဏ်ကြာင့် ပျက်စီး သွားသော ရှေးဟောင်းပုဂံမြို့ တော်ရှိ စေတီပုထိုးများ ပြန်လည် ပြုပြင်မှုကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

လက်ရှိတွင် အရေးပေါ် ထိန်းသိမ်းမှုအပိုင်းများ ပြုလုပ်နေပြီး ပြန်လည်ပြုပြင်မှုကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top