ကျပ်သိန်း (၁၀၀) မှ သိန်း (၁၀၀၀) အတွင်း မြို့ နယ်စုံ အိမ်ရာ အရောင်းပြပွဲ
×



Credit : Duwun

#Unicode Version

ဓမ္မာရုံထဲကိုဝင်ပြီး ဓမ္မာစကြာရွတ်ဖတ်နေတဲ့ အသံချဲ့စက်ကြိုးတွေကို ဆွဲဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသားကို ဘာသာ၊သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်တဲ့ ပုဒ်မ ၂၉၆ ကို ကျူးလွန်ကြောင်းထင်ရှားလို့ ထောင်ဒဏ်သုံးလနဲ့ ဗီဇာစည်းကမ်ဖောက်ဖျက်မှုအတွက် ငွေဒဏ်တစ်သိန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ တမာကုန်းရပ်ကွက် သုစရိတဓမ္မာရုံမှာ ပရိတ်ရွတ်နေတုန်း ရပ်ကွက်ထဲက Four Rivers Hostel မှာ တည်းခိုနေတဲ့ နိုင်ငံခြားသားတစ်ဦးက ည ၁ဝ နာရီလောက်မှာ ဓမ္မရုံထဲကိုဝင်ပြီး အသံချဲ့စက်ကြိုးတွေ ဆွဲဖြုတ်တာတွေနဲ့ စက်ခလုတ်တွေကို ပိတ်ခဲ့လို့ အခုလိုတရားစွဲဆိုတာ ခံခဲ့ရတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top