Property Expo
×

 မႏၲေလးၿမိဳ႕ အေျခခံ ပညာအထက္တန္းေက်ာင္း စာ သင္ခန္းအတြင္း၌ ေက်ာင္းသား တစ္ဦးကို ထိုးႀကိတ္ခဲ့သည့္ ေက်ာင္းသားမ်ားကို အေရးယူႏိုင္ ရန္ မႏၲေလးတုိင္းေဒသႀကီး ပညာေရးမွဴး႐ံုး အစီအစဥ္ျဖင့္ စစ္ေဆးေရးအဖြဲ႕ဖြဲ႕၍ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ အေျခခံပညာ အထက္တန္း ေက်ာင္းအမွတ္(၁)တြင္ နဝမ တန္းေက်ာင္းသားတစ္ဦးကို အ ျခားေက်ာင္းသားမ်ားက စာသင္ ခန္းအတြင္း ထိုးႀကိတ္ခဲ့သည့္အ တြက္ အေရးယူသြားမည္ျဖစ္ ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ပညာေရးမွဴး႐ံုးမွ ဒုတိယၫႊန္ ၾကားေရးမွဴး ဦးခင္ေမာင္ျမင့္က ေျပာသည္။

 ‘‘ေလာေလာဆယ္မွာေတာ့ အျပစ္ေပးဖို႔ စီစဥ္ေနတုန္းပါ။ ေက်ာင္းစည္းကမ္းနဲ႔အညီ အေရး ယူသြားမယ္။ မစစ္ေဆးရတဲ့အ တြက္ ဘယ္ႏွေယာက္ကို အေရးယူမယ္ဆိုတာ မသိရေသးဘူး’’ဟု ၎ကေျပာသည္။

ယင္းအထက္တန္းေက်ာင္း တြင္ ေအာက္တုိဘာ ၅ ရက္ မြန္း လြဲပိုင္းက နဝမတန္းေက်ာင္းသား
 ေမာင္စိုင္းေဇယ်ာေဇာ္က ၎ႏွင့္ အတန္းတူ ေမာင္ထြန္းလင္း၏ ေခါင္းအား လက္ျဖင့္ပုတ္ျခင္း၊
 ေနာက္ေက်ာကို ႐ိုက္ျခင္းမ်ား ျပဳလုပ္၍ ေနာက္ေျပာင္ခဲ့ရာ ေမာင္စိုင္းေဇယ်ာေဇာ္ကို
 ေမာင္ထြန္းလင္း၏ သူငယ္ခ်င္းမ်ားက ထိုးႀကိတ္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းပညာေရးမွဴး႐ံုးမွ
 စံုစမ္းသိရသည္။

စာသင္ခန္းအတြင္း ရန္ျဖစ္ ခဲ့သည့္ ေက်ာင္းသားမ်ားႏွင့္၎ တို႔၏မိဘမ်ားကို နားလည္ေက် နပ္မႈ ဝန္ခံကတိထိုးခိုင္းထားၿပီး အဆိုပါ စံုစမ္းစစ္ေဆးေရးအဖြဲ႕ တြင္ မႏၲေလးခ႐ိုင္ပညာေရးမွဴးက ဥကၠ႒အျဖစ္ တာဝန္ယူ၍ မၾကာမီ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ဒုတိယၫႊန္ၾကားေရးမွဴး ဦးခင္ ေမာင္ျမင့္ကဆိုသည္။

 စာသင္ခန္းအတြင္းရွိ ေက်ာင္းသားတစ္ဦးကို အျခား ေက်ာင္းသားမ်ားက လက္သီးျဖင့္ ထုိးျခင္း၊ ပါး႐ိုက္ျခင္းမ်ားျပဳလုပ္ ေနသည့္ ဗီဒီယိုဖိုင္သည္ လူမႈ ကြန္ရက္စာမ်က္ႏွာတြင္ ေအာက္ တိုဘာ ၆ ရက္က စတင္ပ်ံ႕ႏွံ႔လာ ျခင္းျဖစ္သည္။

 ျဖစ္စဥ္အေပၚ အဆိုပါ ေက်ာင္းမွ ေက်ာင္းအုပ္ႀကီး၊ ေက်ာင္းစည္းကမ္းထိန္းသိမ္းေရး အဖဲြ႕ႏွင့္ အတန္းမွဴး၊ အတန္းပိုင္ မ်ားက စစ္ေဆးရာ အာစရိယပူ ေဇာ္ပဲြတြင္ ေနာက္ေက်ာႏွင့္ ေခါင္းကို လက္ျဖင့္ပုတ္၍ အစခံ ရေသာ ေက်ာင္းသားမွာ ငိုေနသ ျဖင့္ သူငယ္ခ်င္းမ်ားက အစခံရ သူကို စေနာက္သူအား ျပန္လုပ္ ရန္၊ ျပန္ထိုးရန္ေျပာေၾကာင္း၊ မ ေက်နပ္လွ်င္ စေနာက္သူႏွင့္ စ ေနာက္ခံရသူ တစ္ခ်က္စီထုိးရန္ ေျပာသည္။ သို႔ေသာ္ အစခံရသူက မလုပ္ဟုေျပာစဥ္ ေဘးမွ သူငယ္ခ်င္းတစ္ေယာက္က စေနာက္သူကို လက္သီးျဖင့္ ထိုးျခင္းျဖစ္ၿပီး အုပ္စုဖဲြ႕ အႏုိင္က်င့္ျခင္း မဟုတ္ဟု စံုစမ္းကာ အစီရင္ခံထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မန္တလေးမြို့ အခြေခံ ပညာအထက်တန်းကျောင်း စာ သင်ခန်းအတွင်း၌ ကျောင်းသား တစ်ဦးကို ထိုးကြိတ်ခဲ့သည့် ကျောင်းသားများကို အရေးယူနိုင် ရန် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အစီအစဉ်ဖြင့် စစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းအမှတ်(၁)တွင် နဝမ တန်းကျောင်းသားတစ်ဦးကို အ ခြားကျောင်းသားများက စာသင် ခန်းအတွင်း ထိုးကြိတ်ခဲ့သည့်အ တွက် အရေးယူသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

 ‘‘လောလောဆယ်မှာတော့ အပြစ်ပေးဖို့ စီစဉ်နေတုန်းပါ။ ကျောင်းစည်းကမ်းနဲ့အညီ အရေး ယူသွားမယ်။ မစစ်ဆေးရတဲ့အ တွက် ဘယ်နှယောက်ကို အရေးယူမယ်ဆိုတာ မသိရသေးဘူး’’ဟု ၎င်းကပြောသည်။

ယင်းအထက်တန်းကျောင်း တွင် အောက်တိုဘာ ၅ ရက် မွန်း လွဲပိုင်းက နဝမတန်းကျောင်းသား မောင်စိုင်းဇေယျာဇော်က ၎င်းနှင့် အတန်းတူ မောင်ထွန်းလင်း၏ ခေါင်းအား လက်ဖြင့်ပုတ်ခြင်း၊ နောက်ကျောကို ရိုက်ခြင်းများ ပြုလုပ်၍ နောက်ပြောင်ခဲ့ရာ မောင်စိုင်းဇေယျာဇော်ကို မောင်ထွန်းလင်း၏ သူငယ်ချင်းများက ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ စုံစမ်းသိရသည်။

စာသင်ခန်းအတွင်း ရန်ဖြစ် ခဲ့သည့် ကျောင်းသားများနှင့်၎င်း တို့၏မိဘများကို နားလည်ကျေ နပ်မှု ဝန်ခံကတိထိုးခိုင်းထားပြီး အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ တွင် မန္တလေးခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ မကြာမီ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးခင် မောင်မြင့်ကဆိုသည်။

 စာသင်ခန်းအတွင်းရှိ ကျောင်းသားတစ်ဦးကို အခြား ကျောင်းသားများက လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများပြုလုပ် နေသည့် ဗီဒီယိုဖိုင်သည် လူမှု ကွန်ရက်စာမျက်နှာတွင် အောက် တိုဘာ ၆ ရက်က စတင်ပျံ့နှံ့လာ ခြင်းဖြစ်သည်။

 ဖြစ်စဉ်အပေါ် အဆိုပါ ကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့နှင့် အတန်းမှူး၊ အတန်းပိုင် များက စစ်ဆေးရာ အာစရိယပူ ဇော်ပွဲတွင် နောက်ကျောနှင့် ခေါင်းကို လက်ဖြင့်ပုတ်၍ အစခံ ရသော ကျောင်းသားမှာ ငိုနေသ ဖြင့် သူငယ်ချင်းများက အစခံရ သူကို စနောက်သူအား ပြန်လုပ် ရန်၊ ပြန်ထိုးရန်ပြောကြောင်း၊ မ ကျေနပ်လျှင် စနောက်သူနှင့် စ နောက်ခံရသူ တစ်ချက်စီထိုးရန် ပြောသည်။ သို့သော် အစခံရသူက မလုပ်ဟုပြောစဉ် ဘေးမှ သူငယ်ချင်းတစ်ယောက်က စနောက်သူကို လက်သီးဖြင့် ထိုးခြင်းဖြစ်ပြီး အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း မဟုတ်ဟု စုံစမ်းကာ အစီရင်ခံထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top