Property Expo
×

 
ကမၻာလံုးဆုိင္ရာ ခန္႔မွန္းခ်က္တစ္ခုအရ ကေလးငယ္မ်ားကိုယ္ အေလးခ်ိန္ ပိုမ်ားေနေသာ လက္ရွိအေျခအေနကို မည္သည့္ၾကား ၀င္ေျဖရွင္းေရးမူ၀ါဒကမ်ွ ထိထိေရာက္ေရာက္ေျပာင္းလဲမပစ္ႏုိင္ပါ က ၂၀၂၅ တြင္ အသက္ (၅)ႏွစ္မွ (၁၇)ႏွစ္အရြယ္ ကေလးငယ္ ၂၆၈ သန္းအထိ ကိုယ္အေလးခ်ိန္ ပိုမ်ားလာမည္ျဖစ္ေၾကာင္း သု ေတသီမ်ားက ေျပာၾကားသည္။
ယေန႔ ေအာက္တုိဘာ ၁၁ ရက္တြင္က်ေရာက္မည့္ ကမၻာ့အ ၀လြန္တိုက္ဖ်က္ေရးေန႔အတြက္ သုေတသီမ်ားက ထုတ္ေ၀ေသာ အခ်က္အလက္မ်ားတြင္ အ၀လြန္မႈႏွင့္ ဆက္စပ္ေသာအေျခအေန မ်ားသည္ ကေလးငယ္မ်ားအၾကား ပိုမ်ားလာမည္ျဖစ္ေၾကာင္း သု ေတသီမ်ားက  ေျပာၾကားသည္။

၂၀၂၅ တြင္ ကေလးငယ္ ၁၂ သန္းအထိ ေသြးထဲ သၾကားပါ၀င္ မႈ မထိန္းခ်ဳပ္ႏုိင္ျခင္းျဖစ္ေပၚႏုိင္ၿပီး ေလးသန္းအထိ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါခံစားရႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

ေနာက္ထပ္ကေလးငယ္ ၂၇ သန္းသည္ ေသြးတိုးေရာဂါခံစား ရႏုိင္ၿပီး ၃၈ သန္းသည္ အသည္းတြင္ အဆီဖံုးေသာ အေျခအေနႏွင့္ ႀကံဳေတြ႕ရႏိုင္သည္ဟု သုေတသီမ်ားက ေျပာသည္။

ယင္းေလ့လာေတြ႕ရွိခ်က္ေၾကာင့္ က်န္းမာေရးဌာနမ်ား၊ က်န္း မာေရးပညာရွင္မ်ားအေနျဖင့္ သတိထားအေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္လာမည္ဟု ေမွ်ာ္လင့္ေၾကာင္း သုေတသီမ်ားက ေျပာၾကား သည္။

လက္ရွိကေလးမ်ား အ၀လြန္ျဖစ္မႈႏႈန္းအတိုင္း ဆက္လက္ျဖစ္ ေပၚေနပါက ၂၀၂၅ တြင္ အ၀လြန္ေသာ ကေလးငယ္အေရအတြက္ မ်ားစြာ ပိုလာႏုိင္ၿပီး အစိုးရအဖဲြ႕မ်ားအေနျဖင့္ ကေလးမ်ားအ၀လြန္ ျဖစ္မႈကို တားဆီးေရးခုိင္မာေသာ အေရးယူေဆာင္ရြက္မႈမ်ားျပဳ လုပ္ေရး မိမိတို႔ တိုက္တြန္းသည္ဟု သုေတသီမ်ားက ေျပာသည္။

အ၀လြန္ျဖစ္ျခင္းေၾကာင့္ ေသြးတိုး၊ ဆီးခ်ိဳႏွင့္ ႏွလံုးေရာဂါ တို႔အျပင္ အျခားက်န္းမာေရးဆုိးက်ိဳးမ်ားစြာ ႀကံဳေတြ႕လာႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်တစ်ခုအရ ကလေးငယ်များကိုယ် အလေးချိန် ပိုများနေသော လက်ရှိအခြေအနေကို မည်သည့်ကြား ဝင်ဖြေရှင်းရေးမူဝါဒကမျှ ထိထိရောက်ရောက်ပြောင်းလဲမပစ်နိုင်ပါ က ၂၀၂၅ တွင် အသက် (၅)နှစ်မှ (၁၇)နှစ်အရွယ် ကလေးငယ် ၂၆၈ သန်းအထိ ကိုယ်အလေးချိန် ပိုများလာမည်ဖြစ်ကြောင်း သု တေသီများက ပြောကြားသည်။


ယနေ့ အောက်တိုဘာ ၁၁ ရက်တွင်ကျရောက်မည့် ကမ္ဘာ့အ ဝလွန်တိုက်ဖျက်ရေးနေ့အတွက် သုတေသီများက ထုတ်ဝေသော အချက်အလက်များတွင် အဝလွန်မှုနှင့် ဆက်စပ်သောအခြေအနေ များသည် ကလေးငယ်များအကြား ပိုများလာမည်ဖြစ်ကြောင်း သု တေသီများက  ပြောကြားသည်။

၂၀၂၅ တွင် ကလေးငယ် ၁၂ သန်းအထိ သွေးထဲ သကြားပါဝင် မှု မထိန်းချုပ်နိုင်ခြင်းဖြစ်ပေါ်နိုင်ပြီး လေးသန်းအထိ အမျိုးအစား-၂ ဆီးချိုရောဂါခံစားရနိုင်သည်ဟု သုတေသီများက ပြောသည်။

နောက်ထပ်ကလေးငယ် ၂၇ သန်းသည် သွေးတိုးရောဂါခံစား ရနိုင်ပြီး ၃၈ သန်းသည် အသည်းတွင် အဆီဖုံးသော အခြေအနေနှင့် ကြုံတွေ့ရနိုင်သည်ဟု သုတေသီများက ပြောသည်။

ယင်းလေ့လာတွေ့ရှိချက်ကြောင့် ကျန်းမာရေးဌာနများ၊ ကျန်း မာရေးပညာရှင်များအနေဖြင့် သတိထားအရေးယူဆောင်ရွက်မှုများ ပြုလုပ်လာမည်ဟု မျှော်လင့်ကြောင်း သုတေသီများက ပြောကြား သည်။

လက်ရှိကလေးများ အဝလွန်ဖြစ်မှုနှုန်းအတိုင်း ဆက်လက်ဖြစ် ပေါ်နေပါက ၂၀၂၅ တွင် အဝလွန်သော ကလေးငယ်အရေအတွက် များစွာ ပိုလာနိုင်ပြီး အစိုးရအဖွဲ့များအနေဖြင့် ကလေးများအဝလွန် ဖြစ်မှုကို တားဆီးရေးခိုင်မာသော အရေးယူဆောင်ရွက်မှုများပြု လုပ်ရေး မိမိတို့ တိုက်တွန်းသည်ဟု သုတေသီများက ပြောသည်။

အဝလွန်ဖြစ်ခြင်းကြောင့် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါ တို့အပြင် အခြားကျန်းမာရေးဆိုးကျိုးများစွာ ကြုံတွေ့လာနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top