Property Expo
×




Credit : Duwun

#Unicode Version

ရော့ဘ်ဂျန်နာဟာ သူ့အိမ်ကို သူ့ဘာသာပြင်နေတုန်းမှာ ရဲတွေလာရောက်ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ အကြောင်းရင်းကတော့ အိမ်ပြင်နေစဉ်မှာ အဝတ်အစားလုံးဝမပါဘဲ ကိုယ်လုံးတီးနဲ့ ပြင်နေခဲ့လို့ပါ။

အသက် ၄၂ နှစ်အရွယ် စစ်သားဟောင်း ရော့ဘ်က အိမ်ပြင်တဲ့အချိန်တိုင်း အဝတ်အစားမဝတ်လို့ အိမ်နီးချင်းတွေက ရဲကိုဖုန်းဆက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်တည်းမဟုတ်ဘဲ အကြိမ်ကြိမ်ဆိုတော့ ဘယ်လိုမှလည်း အမြင်မတော်ပါဘူး။ သူက အိမ်ထဲမှာသာမဟုတ်ဘဲ အိမ်ပြင်မှာပါ ကိုယ်လုံးတီးနဲ့ အလုပ်တွေလုပ်နေခဲ့တယ်လို့ သိရပါတယ်။

အရင်တုန်းကလည်း ခုလို အမြင်မသင့်တော်စရာတွေလုပ်လို့ တရားရုံးမှာ ပေါင် ၈၀ ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။ ခုကိစ္စကြောင့်လည်း ရုံးတော်မှာ စစ်ဆေးအရေးယူခံရဦးမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top