Property Expo
×

ထိုင္းဘုရင္ ဘူမိေဘာလ္အဒူယာဒက္ နတ္ရြာစံၿပီးတဲ့ေနာက္ ဘုရင္ႀကီးနဲ႔ပတ္သက္တဲ့ အမွတ္တရ ဓာတ္ပံုေတြ၊ ဗြီဒီယိုဖိုင္ေတြ၊ စာေတြ လူမႈကြန္ရက္မွာ အေတာ္မ်ားမ်ား ေရာက္လာပါတယ္။
အဲဒီထဲက laemgate ဆိုတဲ့ ေဖ့စ္ဘြတ္ခ္မ်က္ႏွာမွာ တင္ထားတဲ့ ဘုရင္ႀကီးမွ သမီးလတ္သီရိဒံုထံ လြန္ခဲ့တဲ့ ၁၂ ႏွစ္က ေပးပို႔ခဲ့တဲ့ စာတစ္ေစာင္ဟာလည္း ေရပန္းစား လ်က္ရွိပါတယ္။
အဲဒီစာဟာ အမ်ားျပည္သူအတြက္ အက်ိဳးရွိေစျခင္းငွာ မင္းသမီးကိုယ္တိုင္ ေကာက္ႏုတ္ျဖန္႔ေ၀ထားၿပီး စာရဲ႕အဆံုးမွာလည္း ဖတ္ၿပီးေတာ့ ရင္ဆို႔တယ္လို႔ ေဖာ္ျပထားပါတယ္။
စာပါအေၾကာင္းအရာကို ျမန္မာလို ဆီေလ်ာ္ေအာင္ ဘာသာျပန္လိုက္ပါတယ္။

ေဖေဖ့သမီး
ဒီေျမေပၚမွာ အရာတိုင္းဟာ အၿမဲဒြန္တြဲၿပီး ျဖစ္လာတယ္။
ေမွာင္မည္းျခင္းနဲ႔ လင္းထိန္ျခင္း
လိမၼာျခင္းနဲ႔ မိုက္မဲျခင္း
မိိမိႏွစ္သက္ရာကို ေရြးခ်ယ္ရစတမ္းဆိုရင္
လူတိုင္းဟာ အလင္းေရာင္ကိုသာ ႏွစ္သက္မယ္။
ေကာင္းမြန္ေသာအရာကိုသာ ႏွစ္သက္မယ္။
ဒါေပမယ့္ ကိုယ္ႏွစ္သက္တဲ့အရာကို ရခ်င္မွရမယ္။
အဲဒီ လင္းထိန္ေသာေနရာ သို႔မဟုတ္
ေကာင္းမြန္ေသာေနရာကို ေရာက္ဖို႔ဆိုရင္
နည္းလမ္းရွိပါတယ္။
အဲဒါကေတာ့ သူတပါးကို ခ်စ္ခင္ျခင္းပါပဲ။
ဘာေၾကာင့္လဲဆိုေတာ့ သူတပါးရဲ႕ ခ်စ္ခင္မႈကို ရခဲ့ရင္ ျပႆနာတိုင္းကို ေျဖရွင္းႏိုင္လိမ့္မယ္။
ဒီကမၻာမွာ ခ်မ္းသာသုခေတြနဲ႔ပဲ ရွိေစခ်င္တယ္ဆိုရင္ ၿငိမ္းခ်မ္းမႈပဲ ရွိေစလိုတယ္ဆိုရင္ လူေတြရဲ႕ ခ်စ္ခင္မႈကို ရရွိမွျဖစ္မယ္။
သမီးကို ေဖေဖ ဒီလို ေျပာခ်င္တယ္။

၁။ အတိတ္မွာပဲ ျဖစ္္ေစ၊ ပစၥဳပၸန္မွာပဲ ျဖစ္ေစ၊ အနာဂတ္မွာပဲ ျဖစ္ေစ သူတပါးကို ကိုယ္နဲ႔ အတူတူ ေမြးဖြားလာသူ၊ ကိုယ္နဲ႔အတူတူအိုမယ့္သူ၊ ကိုယ္နဲ႔အတူ နာမယ့္သူ၊ ကိုယ္နဲ႔အတူ ေသမယ့္သူခ်ည္းပဲလို႔ သေဘာထားပါ။
၂။ ေလာကႀကီးကို အေကာင္းျမင္ပါ။ အဲဒီထက္ပိုေကာင္းေအာင္ ျမင္ပါ။။ ျပႆနာကို ဆီေလ်ာ္မွန္ကန္စြာ ေျဖရွင္းႏိုင္ဖို႔ ေလာကကို အမွန္တရားနဲ႔ ႐ႈျမင္ပါ
၃။ ထီးတည္းေနတတ္ေအာင္ ေနပါ။ ဆိုလိုတာက စိတ္ကို ေရာင့္ရဲမႈနဲ႔ အေျခခံတာ၊ ရွိသေလာက္နဲ႔ဲ ရသေလာက္နဲ႔ ေရာင့္ရဲတင္းတိမ္တာ၊ စြဲလမ္းမႈမရွိတာ၊ ရွိလည္း ေကာင္းတယ္၊ မရွိရင္လည္း ရတယ္လို႔ သေဘာထားပါ၊ ကိုယ့္အေျခအေနနဲ႔ကိုယ္ တင္းတိမ္မႈ ရွိပါ။
– ေလာဘႀကီးလို႔ ေနာက္ပိုင္းဒုကၡေရာက္သြားရတဲ့ ဖားျပဳတ္လို မျဖစ္ရဘူး (တရံေသာ အခါ ဖားျပဳပ္သားအမိက ႏြားတေကာင္ကို ေတြ႔သတဲ့၊ ဖားျပဳပ္ေလးက ‘ႏြားကအႀကီးႀကီးပဲ ေမေမလို႔ ႀကီးလိုက္တာ’လို႔ ခ်ီူက်ဴးလိုက္ေတာ့ ဖားျပဳပ္မကလည္း ငါလည္းႀကီးေအာင္ လုပ္တတ္တယ္ ဆိုၿပီး သူ႔ကိုယ္ကို ေဖာင္းလိုက္တယ္၊ ဒီေလာက္လား၊ ဒီေလာက္လား ဆိုၿပီး ထပ္ကာထပ္ကာ ေဖာင္းလိုက္ေတာ့ ဗိုက္ကြဲသြားတဲ့ ပံုျပင္ကို ဥပမာေပး)
– အလုပ္ကို ႏိုင္သေလာက္ပဲ လုပ္ပါ၊ မႏိုင္တဲ့၀န္ကို မထမ္းပါနဲ႔။
– မိမိအေျခအေနနဲ႔ လိုက္ေလ်ာညီေထြတဲ့ အသက္ေမြး၀မ္းေက်ာင္းမွဳမ်ိဳးကိုသာ လုပ္ပါ။
၄။ စိတ္ကို တည္တံ့ေအာင္ထားပါ။ ပ်င္းရိျခင္းရဲ႕ ျပစ္ဒဏ္နဲ႔ ၾကိဳးစားျခင္းရဲ႕ ဆုလာဘ္ေတြ ကို ျမင္တတ္ပါေစ ၊ မေမွ်ာ္လင့္တဲ့အရာေတြ ၾကံဳဆံုလာရခဲ့ရင္လည္း ပူပင္၀မ္းနည္းမေနဘဲ အေႁခြအရံရွိျခင္း အေႁခြအရံမဲ့ျခင္း၊ သုချဖစ္ျခင္း ဒုကၡျဖစ္ျခင္း၊ ခ်ီးမြမ္းျခင္း ကဲ့ရဲ႕ျခင္း၊ လာဘ္ရွိျခင္း လာဘ္ပိတ္ျခင္း၊ ရာထူးတက္ျခင္း၊ ရာထူးက်ျခင္း ဆိုတဲ့ ေလာကဓံတရားကို ေအာက္ေမ့ၿပီး ရွိပါေစေတာ့လို႔ သေဘာထားလိုက္ပါ ။
ေဖေဖ
၂၀၀၄ ခုႏွစ္ ေအာက္တိုဘာ ၆ ရက္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version

ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက် နတ်ရွာစံပြီးတဲ့နောက် ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ၊ စာတွေ လူမှုကွန်ရက်မှာ အတော်များများ ရောက်လာပါတယ်။
အဲဒီထဲက laemgate ဆိုတဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ တင်ထားတဲ့ ဘုရင်ကြီးမှ သမီးလတ်သီရိဒုံထံ လွန်ခဲ့တဲ့ ၁၂ နှစ်က ပေးပို့ခဲ့တဲ့ စာတစ်စောင်ဟာလည်း ရေပန်းစား လျက်ရှိပါတယ်။
အဲဒီစာဟာ အများပြည်သူအတွက် အကျိုးရှိစေခြင်းငှာ မင်းသမီးကိုယ်တိုင် ကောက်နုတ်ဖြန့်ဝေထားပြီး စာရဲ့အဆုံးမှာလည်း ဖတ်ပြီးတော့ ရင်ဆို့တယ်လို့ ဖော်ပြထားပါတယ်။
စာပါအကြောင်းအရာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ဖေဖေ့သမီး
ဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။
မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း
လိမ္မာခြင်းနဲ့ မိုက်မဲခြင်း
မိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင်
လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။
ကောင်းမွန်သောအရာကိုသာ နှစ်သက်မယ်။
ဒါပေမယ့် ကိုယ်နှစ်သက်တဲ့အရာကို ရချင်မှရမယ်။
အဲဒီ လင်းထိန်သောနေရာ သို့မဟုတ်
ကောင်းမွန်သောနေရာကို ရောက်ဖို့ဆိုရင်
နည်းလမ်းရှိပါတယ်။
အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။
ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှုကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။
ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။
သမီးကို ဖေဖေ ဒီလို ပြောချင်တယ်။

၁။ အတိတ်မှာပဲ ဖြစ်စေ၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ သူတပါးကို ကိုယ်နဲ့ အတူတူ မွေးဖွားလာသူ၊ ကိုယ်နဲ့အတူတူအိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့အတူ သေမယ့်သူချည်းပဲလို့ သဘောထားပါ။
၂။ လောကကြီးကို အကောင်းမြင်ပါ။ အဲဒီထက်ပိုကောင်းအောင် မြင်ပါ။။ ပြဿနာကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရားနဲ့ ရှုမြင်ပါ
၃။ ထီးတည်းနေတတ်အောင် နေပါ။ ဆိုလိုတာက စိတ်ကို ရောင့်ရဲမှုနဲ့ အခြေခံတာ၊ ရှိသလောက်နဲ့ဲ ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်တာ၊ စွဲလမ်းမှုမရှိတာ၊ ရှိလည်း ကောင်းတယ်၊ မရှိရင်လည်း ရတယ်လို့ သဘောထားပါ၊ ကိုယ့်အခြေအနေနဲ့ကိုယ် တင်းတိမ်မှု ရှိပါ။
– လောဘကြီးလို့ နောက်ပိုင်းဒုက္ခရောက်သွားရတဲ့ ဖားပြုတ်လို မဖြစ်ရဘူး (တရံသော အခါ ဖားပြုပ်သားအမိက နွားတကောင်ကို တွေ့သတဲ့၊ ဖားပြုပ်လေးက ‘နွားကအကြီးကြီးပဲ မေမေလို့ ကြီးလိုက်တာ’လို့ ချီူကျူးလိုက်တော့ ဖားပြုပ်မကလည်း ငါလည်းကြီးအောင် လုပ်တတ်တယ် ဆိုပြီး သူ့ကိုယ်ကို ဖောင်းလိုက်တယ်၊ ဒီလောက်လား၊ ဒီလောက်လား ဆိုပြီး ထပ်ကာထပ်ကာ ဖောင်းလိုက်တော့ ဗိုက်ကွဲသွားတဲ့ ပုံပြင်ကို ဥပမာပေး)
– အလုပ်ကို နိုင်သလောက်ပဲ လုပ်ပါ၊ မနိုင်တဲ့ဝန်ကို မထမ်းပါနဲ့။
– မိမိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုးကိုသာ လုပ်ပါ။
၄။ စိတ်ကို တည်တံ့အောင်ထားပါ။ ပျင်းရိခြင်းရဲ့ ပြစ်ဒဏ်နဲ့ ကြိုးစားခြင်းရဲ့ ဆုလာဘ်တွေ ကို မြင်တတ်ပါစေ ၊ မမျှော်လင့်တဲ့အရာတွေ ကြုံဆုံလာရခဲ့ရင်လည်း ပူပင်ဝမ်းနည်းမနေဘဲ အခြွေအရံရှိခြင်း အခြွေအရံမဲ့ခြင်း၊ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ လာဘ်ရှိခြင်း လာဘ်ပိတ်ခြင်း၊ ရာထူးတက်ခြင်း၊ ရာထူးကျခြင်း ဆိုတဲ့ လောကဓံတရားကို အောက်မေ့ပြီး ရှိပါစေတော့လို့ သဘောထားလိုက်ပါ ။
ဖေဖေ
၂၀၀၄ ခုနှစ် အောက်တိုဘာ ၆ ရက် ။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top