Property Expo
×

 အေမရိကန္စိုက္ပ်ိဳးေရးဌာန(USDA)၏အာဟာရဆိုင္ရာ စာရင္းဇယားမ်ားအရ သီဟိုဠ္ေစ့တစ္ေအာင္စတြင္ ေၾကးနီဓာတ္ ၃၁ ရာခိုင္ ႏႈန္း၊ မဂၢနီဆီယမ္ဓာတ္ ၂၀ ရာခိုင္ႏႈန္း၊ ေဖာ့စဖရပ္စ္ ၁၇ ရာခိုင္ႏႈန္း၊ သံဓာတ္ ၁၀ ရာခိုင္ႏႈန္း၊ ဆီလီနီယမ္ဓာတ္ ၈ ရာခိုင္ႏႈန္းႏွင့္ ဗီတာမင္B6 ၅ ရာခိုင္ႏႈန္းပါဝင္ေၾကာင္း သိရသည္။


လူႀကိဳက္မ်ားသည့္ သီဟိုဠ္ေစ့မ်ားတြင္ ဖက္တီးအက္စစ္မ်ား ႏွင့္ ပ႐ိုတိန္းဓာတ္မ်ားလည္း ပါဝင္ေသာေၾကာင့္ လူေနမႈဘဝပံုစံ ႏွင့္ ဆက္စပ္ေသာ က်န္းမာေရးအေျခအေနမ်ားစြာ၏ အႏၲရာယ္ကို ေလွ်ာ့ခ်ရန္ အေထာက္အကူျပဳႏိုင္သည္။

သီဟိုဠ္ေစ့ကဲ့သို႔ အပင္မွရေသာ အစားအစာမ်ား စားသံုးမႈ မ်ားျပားျခင္းေၾကာင့္ အဝလြန္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါႏွင့္ ေသဆံုးႏိုင္မႈအႏၲရာယ္တို႔ကို ေလွ်ာ့ခ်ႏုိင္ရန္ အေထာက္အကူျပဳႏိုင္ သည့္အျပင္ အသားအေရႏွင့္ ဆံေကသာတို႔အတြက္လည္း အက်ိဳး ေက်းဇူးမ်ားရွိေၾကာင္း ေလ့လာမႈအမ်ားအျပားက ေဖာ္ျပသည္။

သီဟိုဠ္ေစ့တြင္ ပါဝင္ေသာ ဖက္တီးအက္စစ္မ်ားက မေကာင္းေသာ ကိုလက္စထေရာဓာတ္မ်ားကို ေလွ်ာ့ခ်ေပးႏုိင္ျခင္းေၾကာင့္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ ႏွလံုးေရာဂါတို႔ ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္မ်ားကို ေလ်ာ့က်ေစႏုိင္သည္။

ထို႔ျပင္ သီဟိုဠ္ေစ့ကဲ့သို႔ အေစ့အဆန္မ်ား ပံုမွန္စားေပးျခင္း ေၾကာင့္ စြမ္းအင္သံုးစြဲမႈကို အနားပိုရေစၿပီး ကိုယ္အေလးခ်ိန္ ထိန္း သိမ္းရန္ အေထာက္အကူျပဳေၾကာင္း သိရသည္။ အေမရိကန္အာ ဟာရဂ်ာနယ္တြင္ ေဖာ္ျပထားေသာ ေလ့လာမႈတစ္ခုအရ အေစ့အ ဆန္မ်ားစားသံုးမႈ နည္းပါးေသာ အမ်ိဳးသမီးမ်ားသည္ ကိုယ္အေလး ခ်ိန္မ်ားလာျခင္း ပို၍ႀကံဳေတြ႕ရေၾကာင္း သိရသည္။

သီဟိုဠ္ေစ့ကဲ့သို႔ အေစ့အဆန္မ်ား စားသံုးျခင္းေၾကာင့္ သည္း ေျခအိတ္တြင္ ေက်ာက္တည္ႏိုင္သည့္ အႏၲရာယ္ကို ေလ်ာ့က်ေစႏိုင္ ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

ထို႔ျပင္ သီဟိုဠ္ေစ့တြင္ ပါဝင္ေသာ ေၾကးနီဓာတ္ေၾကာင့္ အ႐ိုး မ်ားက်န္းမာေရးကို အေထာက္အကူျပဳႏိုင္သည္။ ယင္းတြင္ပါဝင္ ေသာ မဂၢနီဆီယမ္ဓာတ္ကလည္း အ႐ိုးမ်ားဖြဲ႕စည္းပံုအတြက္ အေရး ႀကီးေသာ အခန္းက႑မွ ပါဝင္လုပ္ေဆာင္ေပးေၾကာင္း သိရသည္။

သို႔ေသာ္ အစားအစာကို တစ္မ်ိဳးတည္း စားျခင္းမ်ိဳး မဟုတ္ဘဲ အမ်ိဳးစံုေအာင္ က်န္းမာေရးႏွင့္အညီ စားသံုးသင့္သည္ဟု သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏အာဟာရဆိုင်ရာ စာရင်းဇယားများအရ သီဟိုဠ်စေ့တစ်အောင်စတွင် ကြေးနီဓာတ် ၃၁ ရာခိုင် နှုန်း၊ မဂ္ဂနီဆီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဖော့စဖရပ်စ် ၁၇ ရာခိုင်နှုန်း၊ သံဓာတ် ၁၀ ရာခိုင်နှုန်း၊ ဆီလီနီယမ်ဓာတ် ၈ ရာခိုင်နှုန်းနှင့် ဗီတာမင်B6 ၅ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။


လူကြိုက်များသည့် သီဟိုဠ်စေ့များတွင် ဖက်တီးအက်စစ်များ နှင့် ပရိုတိန်းဓာတ်များလည်း ပါဝင်သောကြောင့် လူနေမှုဘဝပုံစံ နှင့် ဆက်စပ်သော ကျန်းမာရေးအခြေအနေများစွာ၏ အန္တရာယ်ကို လျှော့ချရန် အထောက်အကူပြုနိုင်သည်။

သီဟိုဠ်စေ့ကဲ့သို့ အပင်မှရသော အစားအစာများ စားသုံးမှု များပြားခြင်းကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးနိုင်မှုအန္တရာယ်တို့ကို လျှော့ချနိုင်ရန် အထောက်အကူပြုနိုင် သည့်အပြင် အသားအရေနှင့် ဆံကေသာတို့အတွက်လည်း အကျိုး ကျေးဇူးများရှိကြောင်း လေ့လာမှုအများအပြားက ဖော်ပြသည်။

သီဟိုဠ်စေ့တွင် ပါဝင်သော ဖက်တီးအက်စစ်များက မကောင်းသော ကိုလက်စထရောဓာတ်များကို လျှော့ချပေးနိုင်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်သည်။

ထို့ပြင် သီဟိုဠ်စေ့ကဲ့သို့ အစေ့အဆန်များ ပုံမှန်စားပေးခြင်း ကြောင့် စွမ်းအင်သုံးစွဲမှုကို အနားပိုရစေပြီး ကိုယ်အလေးချိန် ထိန်း သိမ်းရန် အထောက်အကူပြုကြောင်း သိရသည်။ အမေရိကန်အာ ဟာရဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ အစေ့အ ဆန်များစားသုံးမှု နည်းပါးသော အမျိုးသမီးများသည် ကိုယ်အလေး ချိန်များလာခြင်း ပို၍ကြုံတွေ့ရကြောင်း သိရသည်။

သီဟိုဠ်စေ့ကဲ့သို့ အစေ့အဆန်များ စားသုံးခြင်းကြောင့် သည်း ခြေအိတ်တွင် ကျောက်တည်နိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင် ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

ထို့ပြင် သီဟိုဠ်စေ့တွင် ပါဝင်သော ကြေးနီဓာတ်ကြောင့် အရိုး များကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။ ယင်းတွင်ပါဝင် သော မဂ္ဂနီဆီယမ်ဓာတ်ကလည်း အရိုးများဖွဲ့စည်းပုံအတွက် အရေး ကြီးသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးကြောင်း သိရသည်။

သို့သော် အစားအစာကို တစ်မျိုးတည်း စားခြင်းမျိုး မဟုတ်ဘဲ အမျိုးစုံအောင် ကျန်းမာရေးနှင့်အညီ စားသုံးသင့်သည်ဟု သုတေသီများက ပြောသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top