Property Expo
×

အေမရိကန္နဲ႔ စစ္ေရးေလ့က်င့္မႈေတြ ဆက္လက္မျပဳလုပ္ေတာ့ဘူးလို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးက ေၾကျငာလုိက္ၿပီးေနာက္ ႐ုရွား၊ တ႐ုတ္တို႔နဲ႔ စစ္ေရးေလ့က်င့္ဖို႔ အသင့္ပဲလို႔ ေျပာၾကားလိုက္ပါတယ္။

သမၼတ ဒူတာေတး တ႐ုတ္ကိုသြားေရာက္ဖို႔ ေလးရက္အလို ေဟာင္ေကာင္အေျခစိုက္ ဖီးနစ္႐ုပ္သံလိုင္းနဲ႔ အင္တာဗ်ဴးရာမွာ အခုလို ေျဖၾကားခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ဒါမွမဟုတ္ ႐ုရွားနဲ႔ စစ္ေရးေလ့က်င့္ဖို႔ အစီအစဥ္ရွိလားဆိုတဲ့ ေမးခြန္းအေပၚ သမၼတ ဒူတာေတးက " ဟုတ္ကဲ့။ ကၽြန္ေတာ္လုပ္ပါမယ္။ အေမရိကန္ေတြကို ကၽြန္ေတာ္တို႔ ဖိလစ္ပိုင္စစ္သားေတြနဲ႔ ေလ့က်င့္ခ်ိန္ လံုလံုေလာက္ေလာက္ ေပးခဲ့ၿပီးပါၿပီ" လို႔  ျပန္လည္ေျဖၾကားခဲ့တာပါ။

ဖိလစ္ပိုင္ စစ္တပ္ကို ေထာက္ပံ့ေလ့က်င့္ေပးခဲ့တဲ့ အေမရိကန္စစ္တပ္နဲ႔ ေနာက္ထပ္ ပူးတြဲေလ့က်င့္မႈေတြ မလုပ္ေတာ့ဘူးလို႔ ဒူတာေတးက ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက ေျပာထားတာျဖစ္ပါတယ္။ " ကၽြန္ေတာ့္စစ္သားေတြ အႏိုင္က်င့္ခံရတာမ်ိဳး မလိုခ်င္ေတာ့ဘူး" လို႔ ဒူတာေတးက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်မပြုလုပ်တော့ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကြေငြာလိုက်ပြီးနောက် ရုရှား၊ တရုတ်တို့နဲ့ စစ်ရေးလေ့ကျင့်ဖို့ အသင့်ပဲလို့ ပြောကြားလိုက်ပါတယ်။

သမ္မတ ဒူတာတေး တရုတ်ကိုသွားရောက်ဖို့ လေးရက်အလို ဟောင်ကောင်အခြေစိုက် ဖီးနစ်ရုပ်သံလိုင်းနဲ့ အင်တာဗျူးရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ တရုတ်ဒါမှမဟုတ် ရုရှားနဲ့ စစ်ရေးလေ့ကျင့်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းအပေါ် သမ္မတ ဒူတာတေးက " ဟုတ်ကဲ့။ ကျွန်တော်လုပ်ပါမယ်။ အမေရိကန်တွေကို ကျွန်တော်တို့ ဖိလစ်ပိုင်စစ်သားတွေနဲ့ လေ့ကျင့်ချိန် လုံလုံလောက်လောက် ပေးခဲ့ပြီးပါပြီ" လို့  ပြန်လည်ဖြေကြားခဲ့တာပါ။

ဖိလစ်ပိုင် စစ်တပ်ကို ထောက်ပံ့လေ့ကျင့်ပေးခဲ့တဲ့ အမေရိကန်စစ်တပ်နဲ့ နောက်ထပ် ပူးတွဲလေ့ကျင့်မှုတွေ မလုပ်တော့ဘူးလို့ ဒူတာတေးက ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပြောထားတာဖြစ်ပါတယ်။ " ကျွန်တော့်စစ်သားတွေ အနိုင်ကျင့်ခံရတာမျိုး မလိုချင်တော့ဘူး" လို့ ဒူတာတေးက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top