Property Expo
×

အေမရိကန္ႏုိင္ငံ ယူတားျပည္နယ္ စန္ဒီၿမဳိ႕႐ွိ အလယ္တန္းေက်ာင္းတစ္ေက်ာင္း အျပင္ဘက္မွာ ေက်ာင္းသားအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ရာက ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ေအာက္တုိဘာ ၂၅ ရက္က ေက်ာင္းသားႏွစ္ဦး စကားမ်ားရန္ျဖစ္ခဲ့ရာ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားက ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားကုိ ေသနတ္နဲ႕ပစ္ခတ္ခဲ့မႈေၾကာင့္ ဒဏ္ရာျပင္းထန္စြာ ရ႐ွိခဲ့ေၾကာင္း သိရပါတယ္။

ေသနတ္နဲ႕ပစ္ခဲ့တဲ့ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ပါတယ္။ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၃ နာရီဝန္းက်င္ ေက်ာင္းလႊတ္ၿပီးခါစအခ်ိန္မွာ ၎တုိ႕ႏွစ္ဦး စကားမ်ားခဲ့ၾကၿပီးေနာက္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လုိ႕ ဆုိပါတယ္။

ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ ေယာက္်ားေလးဟာ စန္ဒီၿမဳိ႕႐ွိ ယူနီယံ အလယ္တန္းေက်ာင္းမွျဖစ္ၿပီး အပစ္ခံရသူမွာ အဆုိပါေက်ာင္းမွ မဟုတ္ဘူးလုိ႕ သိရပါတယ္။

ေသနတ္နဲ႕ပစ္ခဲ့တဲ့ ေက်ာင္းသားဟာ ေက်ာင္းထဲကုိ အေစာပိုင္းကတည္းက ေသနတ္ယူေဆာင္လာခဲ့ျခင္း သုိ႕မဟုတ္ စကားမ်ားရန္ျဖစ္မႈ မတုိင္မီမွသာ ေသနတ္ရသြားခဲ့ျခင္းနဲ႕ ပတ္သက္ၿပီး ႐ွင္းလင္းစြာ မသိရေသးပါဘူး။ ပစ္ခတ္မႈျဖစ္ပြားခဲ့စဥ္ အနီးပတ္ဝန္က်င္မွာ ေက်ာင္းသားအမ်ားအျပား ႐ွိေနခဲ့ၿပီး စုံစမ္းစစ္ေဆးေရးမွဴးေတြက ၎တို႕ကုိ ေမးျမန္းစုံစမ္းခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန်နိုင်ငံ ယူတားပြည်နယ် စန်ဒီမြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်း အပြင်ဘက်မှာ ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ခဲ့ရာ ၁၄ နှစ်အရွယ် ကျောင်းသားက ၁၆ နှစ်အရွယ် ကျောင်းသားကို သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။

သေနတ်နဲ့ပစ်ခဲ့တဲ့ ၁၄ နှစ်အရွယ် ကျောင်းသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင် ကျောင်းလွှတ်ပြီးခါစအချိန်မှာ ၎င်းတို့နှစ်ဦး စကားများခဲ့ကြပြီးနောက် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဟာ စန်ဒီမြို့ရှိ ယူနီယံ အလယ်တန်းကျောင်းမှဖြစ်ပြီး အပစ်ခံရသူမှာ အဆိုပါကျောင်းမှ မဟုတ်ဘူးလို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခဲ့တဲ့ ကျောင်းသားဟာ ကျောင်းထဲကို အစောပိုင်းကတည်းက သေနတ်ယူဆောင်လာခဲ့ခြင်း သို့မဟုတ် စကားများရန်ဖြစ်မှု မတိုင်မီမှသာ သေနတ်ရသွားခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် အနီးပတ်ဝန်ကျင်မှာ ကျောင်းသားအများအပြား ရှိနေခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ၎င်းတို့ကို မေးမြန်းစုံစမ်းခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top