Property Expo
×

ၿဗိတိန္ႏိုင္ငံမွာ အမ်ိဳးသမီးတဦးဟာ သူ႔ရဲ႕ ႀကီးမားလွတဲ့ ရင္သားေတြေၾကာင့္ အပန္းေျဖပန္းၿခံတခုထဲက ႐ိုလာကိုစတာစီးနင္းခြင့္ကို ပိတ္ပင္ခံခဲ့ရပါတယ္။
တန္ညာဝီလစ္စ္ဟာ ကေလးမိခင္တဦးျဖစ္ကာ ၿဗိတိန္ႏိုင္ငံ၊ ဆာေရးၿမိဳ႕မွ ေသာ့ပ္ အပန္းေျဖဥယ်ာဥ္တခုတြင္းကို မိသားစုနဲ႔အတူ သြားေရာက္ခဲ့တာျဖစ္ၿပီး တျခားေသာ ရာနဲ႔ခ်ီတဲ့ ပရိသတ္ေတြၾကား ခုလို ျငင္းပယ္ခံခဲ့ရတာပါ။

အသက္ ၂၂ ႏွစ္အရြယ္ တန္ညာက “သူတို႔အေနနဲ႔ လူတိုင္းမွာ ဘီကပ္အရြယ္အစား ရင္သားပဲ ရွိမေနႏိုင္တာကို သိသင့္တာေပါ့။ တခ်ိဳ႕ေတြက အဲဒီထက္ႀကီးႏိုင္တယ္ေလ။ က်မ ျပန္အမ္းေငြေတာင္ မယူႏိုင္ခဲ့ဘူး။ အားလံုးေရွ႕ကေန အရွက္ရၿပီး ျဖတ္လာခဲ့ပါတယ္”လို႔ ေျပာပါတယ္။

တန္ညာဟာ အဆိုပါ ႐ိုလာကိုစတာ စီးနင္းခြင့္ လက္မွတ္ကို ေပါင္ေငြ ၂၈ ဒသမ ၉၉ ေပးေခ်ၿပီး ဝယ္ခဲ့ရေပမယ့္ စီးနင္းခြင့္မရခဲ့ဘဲ မိသားစုဝင္ေတြ စီးနင္းေနတာကိုသာ ထိုင္ၾကည့္ေနခဲ့ရတာပါ။

သူက “က်မက မဝပါဘူး။ ဒါေပမယ့္ ႐ိုလာကိုစတာရဲ႕ လံုၿခံဳေရးဘားတန္းနဲ႔ ခံုေတြ ကေတာ့ ရင္သားႀကီးတဲ့ အမ်ိဳးသမီးေတြအတြက္ ထုတ္လုပ္ထားတာ မဟုတ္ပါဘူး”လို႔ ဆိုပါတယ္။

အဲဒီအခ်ိန္မွာ တျခားအမ်ိဳးသားတဦးက တန္ညာကို တျခား ႐ိုလာကိုစတာအတြဲ တတြဲေပၚမွာ ႀကိဳးစားစီးနင္းဖို႔ ကူညီခဲ့ေပမယ့္ ဝန္ထမ္းေတြက ရင္သားေတြႀကီးလြန္းတာကို အေၾကာင္းျပၿပီး ထပ္မံျငင္းဆိုခံခဲ့ရတာပါ။

ေသာ့ပ္ အပန္းေျဖဥယ်ာဥ္မွ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးတဦးကေတာ့ “က်မတို႔ လာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတြကို လံုၿခံဳစိတ္ခ်ရမႈ မရွိေစဘဲနဲ႔ ကိုယ္တိုင္ စြန္႔စားစီးနင္းေစတာမ်ိဳးကို ခြင့္မျပဳပါဘူး”လို႔ ေျပာလိုက္တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဗြိတိန်နိုင်ငံမှာ အမျိုးသမီးတဦးဟာ သူ့ရဲ့ ကြီးမားလှတဲ့ ရင်သားတွေကြောင့် အပန်းဖြေပန်းခြံတခုထဲက ရိုလာကိုစတာစီးနင်းခွင့်ကို ပိတ်ပင်ခံခဲ့ရပါတယ်။
တန်ညာဝီလစ်စ်ဟာ ကလေးမိခင်တဦးဖြစ်ကာ ဗြိတိန်နိုင်ငံ၊ ဆာရေးမြို့မှ သော့ပ် အပန်းဖြေဥယျာဉ်တခုတွင်းကို မိသားစုနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး တခြားသော ရာနဲ့ချီတဲ့ ပရိသတ်တွေကြား ခုလို ငြင်းပယ်ခံခဲ့ရတာပါ။

အသက် ၂၂ နှစ်အရွယ် တန်ညာက “သူတို့အနေနဲ့ လူတိုင်းမှာ ဘီကပ်အရွယ်အစား ရင်သားပဲ ရှိမနေနိုင်တာကို သိသင့်တာပေါ့။ တချို့တွေက အဲဒီထက်ကြီးနိုင်တယ်လေ။ ကျမ ပြန်အမ်းငွေတောင် မယူနိုင်ခဲ့ဘူး။ အားလုံးရှေ့ကနေ အရှက်ရပြီး ဖြတ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။

တန်ညာဟာ အဆိုပါ ရိုလာကိုစတာ စီးနင်းခွင့် လက်မှတ်ကို ပေါင်ငွေ ၂၈ ဒသမ ၉၉ ပေးချေပြီး ဝယ်ခဲ့ရပေမယ့် စီးနင်းခွင့်မရခဲ့ဘဲ မိသားစုဝင်တွေ စီးနင်းနေတာကိုသာ ထိုင်ကြည့်နေခဲ့ရတာပါ။

သူက “ကျမက မဝပါဘူး။ ဒါပေမယ့် ရိုလာကိုစတာရဲ့ လုံခြုံရေးဘားတန်းနဲ့ ခုံတွေ ကတော့ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ တခြားအမျိုးသားတဦးက တန်ညာကို တခြား ရိုလာကိုစတာအတွဲ တတွဲပေါ်မှာ ကြိုးစားစီးနင်းဖို့ ကူညီခဲ့ပေမယ့် ဝန်ထမ်းတွေက ရင်သားတွေကြီးလွန်းတာကို အကြောင်းပြပြီး ထပ်မံငြင်းဆိုခံခဲ့ရတာပါ။

သော့ပ် အပန်းဖြေဥယျာဉ်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးကတော့ “ကျမတို့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို လုံခြုံစိတ်ချရမှု မရှိစေဘဲနဲ့ ကိုယ်တိုင် စွန့်စားစီးနင်းစေတာမျိုးကို ခွင့်မပြုပါဘူး”လို့ ပြောလိုက်တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top