Property Expo
×

ရီးရဲလ္မက္ဒရစ္ အသင္းဘက္က ေရာ္နယ္ဒိုက စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုခ်င္ေပမယ့္ ေရာ္နယ္ဒုိဘက္က ေတာင္းဆိုမႈ မ်ားေနတာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္မယ့္အခ်ိန္ကို ေ႐ႊ႕ဆုိင္းထားရေၾကာင္း သိရပါတယ္။

အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုက စာခ်ဳပ္သစ္သက္တမ္းကို ေနာက္ထပ္ ၅ ႏွစ္ေလာက္အထိ ခ်ဳပ္ဆိုခ်င္ေနတာ ျဖစ္တယ္လိုိ႔ သိရပါတယ္။ ေရာ္နယ္ဒိုနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္သစ္အရ ေရာ္နယ္ဒိုရဲ႕ လစာအတြက္ အခြန္ကို ရီးရဲလ္မက္ဒရစ္က ေဆာင္ေပးရမွာျဖစ္ၿပီး အသားတင္ လစာေငြ ယူ႐ို ၂၁ သန္းေပးဖို႔ ႏွစ္ဖက္သေဘာတူထားၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုကို အသင္းဥကၠဌ ပီရက္ဇ္က အမ်ားဆံုး ေလးႏွစ္အထိပဲ စာခ်ဳပ္သက္တမ္း တိုးခ်င္ေနတာ ျဖစ္ပါတယ္။


ေရာ္နယ္ဒိုကိုယ္တိုင္ကလည္း ရီးရဲလ္မက္ဒရစ္မွာပဲ ေဘာလံုးသမားဘဝ ကုန္ဆံုးခ်င္တယ္လို႔ ေျပာထားေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ေရာ္နယ္ဒို ဒဏ္ရာရရွိတဲ့ အႀကိမ္ေရဟာ ပိုမ်ားလာခဲ့တာ ေတြ႔ရပါတယ္။ အသက္ ၃၀ ေက်ာ္လာၿပီျဖစ္တဲ့ ကစားသမားရဲ႕ ႀကံ႕ခိုင္မႈကို ထည့္စဥ္းစားတဲ့အေနနဲ႔ ရီးရဲလ္မက္ဒရစ္က ေနာက္ထပ္ ငါးႏွစ္အထိ စာခ်ဳပ္သက္တမ္းမတိုးခ်င္တာပါ။

ေရာ္နယ္ဒိုဟာ ဒီရာသီ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္မွာ ၆၇၈ မိနစ္ ကစားထားၿပီးေပမယ့္ ေလးဂိုးသာ သြင္းႏိုင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဘက်က ရော်နယ်ဒိုက စာချုပ်သစ် ထပ်မံ ချုပ်ဆိုချင်ပေမယ့် ရော်နယ်ဒိုဘက်က တောင်းဆိုမှု များနေတာကြောင့် စာချုပ်သစ် ချုပ်မယ့်အချိန်ကို ရွှေ့ဆိုင်းထားရကြောင်း သိရပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက စာချုပ်သစ်သက်တမ်းကို နောက်ထပ် ၅ နှစ်လောက်အထိ ချုပ်ဆိုချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချုပ်ဆိုမယ့် စာချုပ်သစ်အရ ရော်နယ်ဒိုရဲ့ လစာအတွက် အခွန်ကို ရီးရဲလ်မက်ဒရစ်က ဆောင်ပေးရမှာဖြစ်ပြီး အသားတင် လစာငွေ ယူရို ၂၁ သန်းပေးဖို့ နှစ်ဖက်သဘောတူထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို အသင်းဥက္ကဌ ပီရက်ဇ်က အများဆုံး လေးနှစ်အထိပဲ စာချုပ်သက်တမ်း တိုးချင်နေတာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်မှာပဲ ဘောလုံးသမားဘဝ ကုန်ဆုံးချင်တယ်လို့ ပြောထားပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရော်နယ်ဒို ဒဏ်ရာရရှိတဲ့ အကြိမ်ရေဟာ ပိုများလာခဲ့တာ တွေ့ရပါတယ်။ အသက် ၃၀ ကျော်လာပြီဖြစ်တဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှုကို ထည့်စဉ်းစားတဲ့အနေနဲ့ ရီးရဲလ်မက်ဒရစ်က နောက်ထပ် ငါးနှစ်အထိ စာချုပ်သက်တမ်းမတိုးချင်တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ၆၇၈ မိနစ် ကစားထားပြီးပေမယ့် လေးဂိုးသာ သွင်းနိုင်ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top