Property Expo
×




Credit:Duwun

#Unicode Version
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ပုံတူကူးချသူတစ်ယောက်ကြောင့် နယူးယော့ခ်မြို့မှာ ကားလမ်း တွေတောင်ပိတ်ခဲ့ရကြောင်း သိရပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ဒေါ်နယ်ထရန့်က လမ်းမထက်မှာ ဘီကီနီဝတ်အမျိုးသမီးတွေ ဘာများလုပ်နေပါလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရန့်ကို တူအောင်လိုက်လုပ်ထားတဲ့ အမျိုးသားတစ်ဦးက ဒီလိုထူးထူးခြားခြားတင်ဆက်မှုမျိုး လုပ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်ယန်ထရန့်ကို ထောက်ခံတဲ့ ပွဲတော့မဟုတ်ပါဘူး။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ စကားမျိုးတွေ ပြောထားခဲ့တဲ့အပြင် အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားဖွယ် လုပ်ရပ်တွေရှိခဲ့တဲ့ ဒေါ်နယ်ထရန့်ကို လှောင်ပြောင်ရှုတ်ချခဲ့တာဖြစ်ပါတယ်။ ဒီရှုတ်ချပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကလည်း " ကျွန်မတို့ကို လေးစားပါ" ဆိုတဲ့စကားတွေကလည်း သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ပိုင်ဆိုင်တဲ့ တာဝါရှေ့မှာ ဒီပွဲဟာ စည်စည်ကားကား ဖြစ်ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top