Property Expo
×

သက္ႀကီး႐ြယ္အို ေစာင့္ေ႐ွာက္ေရးေဂဟာတစ္ခုက အားနည္းေနတဲ့ အဘြားအိုတစ္ဦးအေပၚ ဝန္ထမ္းတစ္ဦးက အၾကင္နာကင္းမဲ့စြာ ဆက္ဆံတဲ့ ဗီဒီယိုတစ္ခု အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာပါတယ္။

ဗီဒီယိုထဲမွာေတာ့ အားအင္ခ်ိနဲ႔ေနၿပီး ကုတင္ေပၚျပန္မတက္ႏိုင္တဲ့ အဘြားအိုကို အမ်ိဳးသားတစ္ဦးက ႐ုိက္ပုတ္ေငါက္ငမ္းေနတာေတြ႕ရပါတယ္။ ေၾကာက္႐ြံ႕ထိတ္လန္႔ေနတဲ့ သနားစဖြယ္အဘြားအိုခမ်ာ ဦးေခါင္းကို အႀကိမ္ႀကိမ္အ႐ိုက္ခံခဲ့ရတာပါ။

Yee Fah Lee အမည္႐ွိ ေဖ့စ္ဘြတ္အသံုးျပဳသူရဲ႕ အေကာင့္မွာ ေအာက္တိုဘာ ၅ ရက္က တင္ထားတဲ့ ဗီဒီယိုကို ၅ရက္အတြင္း အႀကိမ္ေပါင္း ၅ သန္းေက်ာ္ ၾကည့္႐ႈထားၾကပါတယ္။ သူကဒီဗီယိုကို လက္ဆင့္ကမ္းမွ်ေဝေပးဖုိ႔နဲ႔ အဘြားအိုကို သိကၽြမ္းသူေတြအေနနဲ႔ သြားေရာက္ေခၚေဆာင္ေပးဖုိ႔ကိုလည္း တုိက္တြန္းထားပါတယ္။

ဗီဒီယိုပ်ံ႕ႏွံ႔သြားၿပီးေနာက္မွာ အဘြားအိုကို ႏွိပ္စက္တဲ့ဝန္ထမ္းကို သက္ဆုိင္ရာက အေရးယူေတာ့မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုက အားနည်းနေတဲ့ အဘွားအိုတစ်ဦးအပေါ် ဝန်ထမ်းတစ်ဦးက အကြင်နာကင်းမဲ့စွာ ဆက်ဆံတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

ဗီဒီယိုထဲမှာတော့ အားအင်ချိနဲ့နေပြီး ကုတင်ပေါ်ပြန်မတက်နိုင်တဲ့ အဘွားအိုကို အမျိုးသားတစ်ဦးက ရိုက်ပုတ်ငေါက်ငမ်းနေတာတွေ့ရပါတယ်။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ သနားစဖွယ်အဘွားအိုခမျာ ဦးခေါင်းကို အကြိမ်ကြိမ်အရိုက်ခံခဲ့ရတာပါ။

Yee Fah Lee အမည်ရှိ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ အကောင့်မှာ အောက်တိုဘာ ၅ ရက်က တင်ထားတဲ့ ဗီဒီယိုကို ၅ရက်အတွင်း အကြိမ်ပေါင်း ၅ သန်းကျော် ကြည့်ရှုထားကြပါတယ်။ သူကဒီဗီယိုကို လက်ဆင့်ကမ်းမျှဝေပေးဖို့နဲ့ အဘွားအိုကို သိကျွမ်းသူတွေအနေနဲ့ သွားရောက်ခေါ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဗီဒီယိုပျံ့နှံ့သွားပြီးနောက်မှာ အဘွားအိုကို နှိပ်စက်တဲ့ဝန်ထမ်းကို သက်ဆိုင်ရာက အရေးယူတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top